ကနေဒါနိုင်ပွဲတွင် ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုမထိုက်တန်ကြောင့် ရိုးသားစွာဖွင့်ဟလာတဲ့ ကီဗင်ဒီဘရိုင်း

ကီဗင်ဒီဘရိုင်းဟာမနေ့ညတုန်းကကနေဒါကိုဘယ်လ်ဂျီယံက၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲအပြီးတွင်ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို သူဘာကြောင့်ရရှိသလဲဆိုတာနဲ့ပတ်သက်ပြီးမေးခွန်းထုတ်လာခဲ့ပါတယ်။

ကီဗင်ဒီဘရိုင်းတို့ပါဝင်တဲ့ ဘယ်လ်ဂျီယံရွှေရောင်မျိုးဆက်ဟာသူတို့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားမျှော်လင့်ချက်အဖြစ် ကနေဒါနှင့်ကာတာကမ္ဘာ့ဖလားအဖွင့်ပွဲကစားခဲ့ရပါတယ်။

ကနေဒါဟာ၁၉၈၆ခုနှစ်နောက်ပိုင်းတွင်ပထမဆုံးအကြိမ်ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်လာတာဖြစ်ပြီးဒုတိယအကြိမ်မြောက်ကမ္ဘာ့ဖလားယှဉ်ပြိုင်လာတာလည်းဖြစ်ပါတယ်။

ယင်းပွဲတွင်ဘယ်လ်ဂျီယံဟာဘူရူအာယီရဲ့တစ်လုံးတည်းသောဂိုးဖြင့်ကနေဒါကို၁-၀ဂိုးဖြင့်အနိုင်ရခဲ့ပါတယ်။ဒါပေမဲ့ဘယ်လ်ဂျီယံဟာကနေဒါကိုအလွယ်တကူအနိုင်ရခဲ့တာမဟုတ်ပါဘူး။

ပထမပိုင်းတွင်ကနေဒါဟာပင်နယ်တီရရှိခဲ့ပြီးအယ်ဖွန်ဆိုဒါဗီးစ်ရဲ့ကန်ချက်ကိုကော့တွိုက်စ်ကာကွယ်သွားခဲ့လို့သက်သာရာရခဲ့တာပါ။

မနေ့ညပွဲတွင်ကနေဒါကပိုကောင်းခဲ့တာတွေ့ရပြီးကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားများထဲမှတစ်ဦးဖြစ်တဲ့ကီဗင်ဒီဘရိုင်းပါဝင်တဲ့ဘယ်လ်ဂျီယံတို့ ကွင်းလယ်ပိုင်းအသာမရခဲ့ပါဘူး။

ဒါပေမဲ့သူဟာပွဲအပြီးတွင်တော့ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။ဒါပေမဲ့ကီဗင်ဒီဘရိုင်းဟာယင်းဆုနှင့်ထိုက်တန်တယ်လို့ယူဆခြင်းမရှိပါဘူး။

ဒါကြောင့်လည်း၎င်းက “ပွဲကောင်းတစ်ပွဲကစားနိုင်ခဲ့တယ်လို့မထင်ဘူး။ဘာကြောင့်ဒီဆုရသလဲမသိပါဘူး။ကျွန်တော့်အမည်ကြောင့်ရတာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်”လို့ရိုးသားစွာဖွင့်ဟသွားခဲ့ပါတယ်။

ZawGyi

ကေနဒါႏိုင္ပြဲတြင္ ပြဲစဥ္အလိုက္အေကာင္းဆုံးကစားသမားဆုမထိုက္တန္ေၾကာင့္ ႐ိုးသားစြာဖြင့္ဟလာတဲ့ ကီဗင္ဒီဘ႐ိုင္း

ကီဗင္ဒီဘ႐ိုင္းဟာမေန႔ညတုန္းကကေနဒါကိုဘယ္လ္ဂ်ီယံက၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲအၿပီးတြင္ပြဲစဥ္အလိုက္အေကာင္းဆုံးကစားသမားဆုကို သူဘာေၾကာင့္ရရွိသလဲဆိုတာနဲ႔ပတ္သက္ၿပီးေမးခြန္းထုတ္လာခဲ့ပါတယ္။

ကီဗင္ဒီဘ႐ိုင္းတို႔ပါဝင္တဲ့ ဘယ္လ္ဂ်ီယံေ႐ႊေရာင္မ်ိဳးဆက္ဟာသူတို႔ရဲ႕ေနာက္ဆုံးကမာၻ႔ဖလားေမွ်ာ္လင့္ခ်က္အျဖစ္ ကေနဒါႏွင့္ကာတာကမာၻ႔ဖလားအဖြင့္ပြဲကစားခဲ့ရပါတယ္။

ကေနဒါဟာ၁၉၈၆ခုႏွစ္ေနာက္ပိုင္းတြင္ပထမဆုံးအႀကိမ္ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္လာတာျဖစ္ၿပီးဒုတိယအႀကိမ္ေျမာက္ကမာၻ႔ဖလားယွဥ္ၿပိဳင္လာတာလည္းျဖစ္ပါတယ္။

ယင္းပြဲတြင္ဘယ္လ္ဂ်ီယံဟာဘူ႐ူအာယီရဲ႕တစ္လုံးတည္းေသာဂိုးျဖင့္ကေနဒါကို၁-၀ဂိုးျဖင့္အႏိုင္ရခဲ့ပါတယ္။ဒါေပမဲ့ဘယ္လ္ဂ်ီယံဟာကေနဒါကိုအလြယ္တကူအႏိုင္ရခဲ့တာမဟုတ္ပါဘူး။

ပထမပိုင္းတြင္ကေနဒါဟာပင္နယ္တီရရွိခဲ့ၿပီးအယ္ဖြန္ဆိုဒါဗီးစ္ရဲ႕ကန္ခ်က္ကိုေကာ့တြိဳက္စ္ကာကြယ္သြားခဲ့လို႔သက္သာရာရခဲ့တာပါ။

မေန႔ညပြဲတြင္ကေနဒါကပိုေကာင္းခဲ့တာေတြ႕ရၿပီးကမာၻ႔အေကာင္းဆုံးကြင္းလယ္ကစားသမားမ်ားထဲမွတစ္ဦးျဖစ္တဲ့ကီဗင္ဒီဘ႐ိုင္းပါဝင္တဲ့ဘယ္လ္ဂ်ီယံတို႔ ကြင္းလယ္ပိုင္းအသာမရခဲ့ပါဘူး။

ဒါေပမဲ့သူဟာပြဲအၿပီးတြင္ေတာ့ပြဲစဥ္အလိုက္အေကာင္းဆုံးကစားသမားဆုကိုရရွိခဲ့ပါတယ္။ဒါေပမဲ့ကီဗင္ဒီဘ႐ိုင္းဟာယင္းဆုႏွင့္ထိုက္တန္တယ္လို႔ယူဆျခင္းမရွိပါဘူး။

ဒါေၾကာင့္လည္း၎က “ပြဲေကာင္းတစ္ပြဲကစားႏိုင္ခဲ့တယ္လို႔မထင္ဘူး။ဘာေၾကာင့္ဒီဆုရသလဲမသိပါဘူး။ကြၽန္ေတာ့္အမည္ေၾကာင့္ရတာလည္းျဖစ္ေကာင္းျဖစ္လိမ့္မယ္”လို႔႐ိုးသားစြာဖြင့္ဟသြားခဲ့ပါတယ္။