ကနေရီကျွန်း ကာနေဗယ်ပွဲတော်တွင် အမျိုးသမီးတစ်ဦးကို တိုက်ခိုက်ခဲ့တဲ့ မန်စီးတီးဂန္ထဝင်ဒေးဗစ်ဆေးလ်ဗား

မန်စီးတီးဂန္ထဝင်ဒေးဗစ်ဆေးလ်ဗားဟာကနေရီကျွန်းကာနေဗယ်ပွဲတော် ရန်ပွဲတွင်အမျိုးသမီးတစ်ဦးကိုတိုက်ခိုက်ခဲ့မှုကြောင့်ဒဏ်ရိုက်ခြင်းခံလာရပါတယ်။

ဆိုစီဒက်တွင်ကစားနေတဲ့ဒေးဗစ်ဆေးလ်ဗားဟာဇွန်လတုန်းကဂရန်းကနေရီတွင်ပြုလုပ်တဲ့Maspalomas Carnival တွင်ဖြစ်ပျက်တဲ့ရန်ပွဲတွင်အမျိုးသမီးကိုညှစ်ခဲ့တာဖြစ်ပြီးဒဏ်ငွေယူရို၁၀၈၀ဒဏ်ရိုက်ခံခဲ့ရပါတယ်။

အဆိုပါရန်ပွဲတွင်ဒေးဗစ်ဆေးလ်ဗားရဲ့တစ်အူထုံးဆင်းညီအစ်ကိုဖာနန်ဒိုအန်တိုနီယိုဂျေမီနက်ဇ်ဆေးလ်ဗားနှင့်အမည်ဖော်ပြမထားတဲ့တတိယလူတစ်ဦးတို့လည်းပါဝင်ပါတယ်။

စပိန်သတင်းစာ Tiempo de Canarias ရဲ့ဖော်ပြမှုအရဒေးဗစ်ဆေးလ်ဗားဟာယင်းအမျိုးသမီးရဲ့လက်နှစ်ဖက်ကိုညှစ်ကိုအဝေးသို့လွှင့်ပစ်ခဲ့ပြီးအမျိုးသမီးမှာမြေကြီးတွင်ပစ်လဲကျကာဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။

ယင်းအမျိုးသမီးဟာသားအိမ်ခေါင်းဒဏ်ရာ၊လက်မောင်းပွန်းပဲ့ဒဏ်ရာ၊ဒူးနှင့်လက်ချောင်းတို့ပွန်းပဲ့ဒဏ်ရာတို့ရရှိခဲ့ပါတယ်။

ယင်းရန်ပွဲတွင်ပါဝင်တဲ့တတိယလူမှာအခြားလူတစ်ဦးကိုကျောက်ခဲဖြင့်ထုခဲ့ပြီးကျန်တစ်ဦးကိုဓားဖြင့်ခြိမ်းခြောက်ခဲ့ပါတယ်။

၎င်းတို့သုံးဦးလုံးတို့ဟာယင်းအဖြစ်အပျက်နှင့်ပတ်သက်ပြီးတရားရုံးတွင်ဝန်ခံမှုပြုလုပ်ခဲ့ကြပါတယ်။

ဒေးဗစ်ဆေးလ်ဗားဟာဒဏ်ငွေယူရို၁၀၈၀ဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။ဒါ့အပြင်ဆေးလ်ဗားဟာသူ့ကြောင့်ဒဏ်ရာရသွားတဲ့အမျိုးသမီးငယ်ကိုလည်းနစ်နာကြေးယူရို၅၂၀ပေးရန်အမိန့်ချမှတ်ခံရပါတယ်။ဒါပေမဲ့ကျောက်ခဲဖြင့်ထုခဲ့တဲ့အပြင်ဓားဖြင့်ခြိမ်းခြောက်တဲ့တတိယတစ်ယောက်မှာထောင်ဒဏ်၈လချမှတ်ခံခဲ့ရပါတယ်။

ZawGyi

ကေနရီကြၽန္း ကာေနဗယ္ပြဲေတာ္တြင္ အမ်ိဳးသမီးတစ္ဦးကို တိုက္ခိုက္ခဲ့တဲ့ မန္စီးတီးဂႏၴဝင္ေဒးဗစ္ေဆးလ္ဗား

မန္စီးတီးဂႏၴဝင္ေဒးဗစ္ေဆးလ္ဗားဟာကေနရီကြၽန္းကာေနဗယ္ပြဲေတာ္ ရန္ပြဲတြင္အမ်ိဳးသမီးတစ္ဦးကိုတိုက္ခိုက္ခဲ့မႈေၾကာင့္ဒဏ္႐ိုက္ျခင္းခံလာရပါတယ္။

ဆိုစီဒက္တြင္ကစားေနတဲ့ေဒးဗစ္ေဆးလ္ဗားဟာဇြန္လတုန္းကဂရန္းကေနရီတြင္ျပဳလုပ္တဲ့Maspalomas Carnival တြင္ျဖစ္ပ်က္တဲ့ရန္ပြဲတြင္အမ်ိဳးသမီးကိုညႇစ္ခဲ့တာျဖစ္ၿပီးဒဏ္ေငြယူ႐ို၁၀၈၀ဒဏ္႐ိုက္ခံခဲ့ရပါတယ္။

အဆိုပါရန္ပြဲတြင္ေဒးဗစ္ေဆးလ္ဗားရဲ႕တစ္အူထုံးဆင္းညီအစ္ကိုဖာနန္ဒိုအန္တိုနီယိုေဂ်မီနက္ဇ္ေဆးလ္ဗားႏွင့္အမည္ေဖာ္ျပမထားတဲ့တတိယလူတစ္ဦးတို႔လည္းပါဝင္ပါတယ္။

စပိန္သတင္းစာ Tiempo de Canarias ရဲ႕ေဖာ္ျပမႈအရေဒးဗစ္ေဆးလ္ဗားဟာယင္းအမ်ိဳးသမီးရဲ႕လက္ႏွစ္ဖက္ကိုညႇစ္ကိုအေဝးသို႔လႊင့္ပစ္ခဲ့ၿပီးအမ်ိဳးသမီးမွာေျမႀကီးတြင္ပစ္လဲက်ကာဒဏ္ရာရရွိခဲ့ေၾကာင္းသိရပါတယ္။

ယင္းအမ်ိဳးသမီးဟာသားအိမ္ေခါင္းဒဏ္ရာ၊လက္ေမာင္းပြန္းပဲ့ဒဏ္ရာ၊ဒူးႏွင့္လက္ေခ်ာင္းတို႔ပြန္းပဲ့ဒဏ္ရာတို႔ရရွိခဲ့ပါတယ္။

ယင္းရန္ပြဲတြင္ပါဝင္တဲ့တတိယလူမွာအျခားလူတစ္ဦးကိုေက်ာက္ခဲျဖင့္ထုခဲ့ၿပီးက်န္တစ္ဦးကိုဓားျဖင့္ၿခိမ္းေျခာက္ခဲ့ပါတယ္။

၎တို႔သုံးဦးလုံးတို႔ဟာယင္းအျဖစ္အပ်က္ႏွင့္ပတ္သက္ၿပီးတရား႐ုံးတြင္ဝန္ခံမႈျပဳလုပ္ခဲ့ၾကပါတယ္။

ေဒးဗစ္ေဆးလ္ဗားဟာဒဏ္ေငြယူ႐ို၁၀၈၀ဒဏ္႐ိုက္ျခင္းခံခဲ့ရပါတယ္။ဒါ့အျပင္ေဆးလ္ဗားဟာသူ႔ေၾကာင့္ဒဏ္ရာရသြားတဲ့အမ်ိဳးသမီးငယ္ကိုလည္းနစ္နာေၾကးယူ႐ို၅၂၀ေပးရန္အမိန႔္ခ်မွတ္ခံရပါတယ္။ဒါေပမဲ့ေက်ာက္ခဲျဖင့္ထုခဲ့တဲ့အျပင္ဓားျဖင့္ၿခိမ္းေျခာက္တဲ့တတိယတစ္ေယာက္မွာေထာင္ဒဏ္၈လခ်မွတ္ခံခဲ့ရပါတယ္။