
ချဲလ်ဆီးပရိသတ်များဟာကိုင်ဟာဗတ်ဇ်ရဲ့ရင်ဘတ်ကိုကန်ခဲ့ကာဒဏ်ရာများရရှိအောင်ပြုလုပ်ခဲ့ပေမဲ့လည်းဒါနီရယ်အေမာတေးမှာအရေးယူခြင်းတစုံတရာမခံခဲ့ရမှုအပေါ်အကြီးအကျယ်ဒေါသထွက်နေကြပါတယ်။
ချဲလ်ဆီးဟာစတမ်းဖို့ဒ်ဘရစ်ချ်တွင်နှစ်ပွဲဆက်အနိုင်ရရှိပြီးနောက်စနေနေ့ညတုန်းက King Power သို့သွားရောက်ပြီးလက်စတာနှင့်ရင်ဆိုင်ခဲ့ရပါတယ်။
ဂရေဟမ်ပေါ်တာဦးဆောင်တဲ့ချဲလ်ဆီးဟာပွဲအစ၁၁မိနစ်မှာပင်ဘင်ချဲလ်ဝဲလ်ရဲ့ဂိုးကြောင့်ပွဲကိုစောစောစီးစီးဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ပွဲ၃၉မိနစ်မှာပက်ဆင်ဒါကာကလက်စတာအတွက်ချေပဂိုးပြန်လည်သွင်းခဲ့ပါတယ်။ယင်းနောက်ပထမပိုင်းပြီးခါနီးနာကျင်အချိန်ပိုတွင်အငြင်းပွားစရာဖြစ်လာပါတော့တယ်။
အေမာတေးကဟာဗတ်ဇ်ရဲ့ရင်ဘတ်ကိုကန်မှုခဲ့တာဖြစ်ပါတယ်။ဂျာမနီစတားဟာအေမာတေးရဲ့ဖိနပ်မှခွာကြောင့်ရင်ဘတ်တွင်ဒဏ်ရာရရှိသွားခဲ့ပါတယ်။
ချဲလ်ဆီးကစားဖော်တို့ဟာဟာဗတ်ဇ်ကိုကြမ်းတမ်းစွာဖျက်ထုတ်ကစားမှုအတွက်အကြီးအကျယ်ဒေါသထွက်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းဒိုင်လူကြီးဟာအေမာတေးကိုအဝါကတ်တောင်ပြသခဲ့ခြင်းမရှိပါဘူး။ဒါကြောင့်လည်းချဲလ်ဆီးပရိသတ်များဟာကိုင်ဟာဗတ်ဇ်ကိုဒဏ်ရာရရှိအောင်ပြစ်ဒဏ်ကျူးလွန်ပေမဲ့အဝါကတ်တောင်ပြသခြင်းမရှိမှုအတွက်အပြင်းအထန်ဝေဖန်နေကြပါတယ်။
ကိုင်ဟာဗတ်ဇ်ဟာအထက်ပါအဖြစ်အပျက်ပြီးနောက်မိနစ်အနည်းငယ်အကြာတွင်ပင်ချဲလ်ဆီးအတွက်အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။ယင်းနောက်ဒုတိယပိုင်း၇၈မိနစ်တွင်ကိုဗာဆစ်ကဂိုးထပ်မံသွင်းယူခဲ့လို့ချဲလ်ဆီးတို့၃-၁ဖြင့် အနိုင်ရရှိသွားခဲ့ပါတယ်။
ZawGyi
ကန္ေက်ာက္ကာ ဟာဗတ္ဇ္ရဲ႕ရင္ဘတ္တြင္ ဒဏ္ရာမ်ားရေအာင္ လုပ္ခဲ့ေပမဲ့ ေအမာေတး အဝါကတ္ပင္ ျပသျခင္း မခံရမႈအေပၚ ခ်ဲလ္ဆီးပရိသတ္မ်ားေပါက္ကြဲ
ခ်ဲလ္ဆီးပရိသတ္မ်ားဟာကိုင္ဟာဗတ္ဇ္ရဲ႕ရင္ဘတ္ကိုကန္ခဲ့ကာဒဏ္ရာမ်ားရရွိေအာင္ျပဳလုပ္ခဲ့ေပမဲ့လည္းဒါနီရယ္ေအမာေတးမွာအေရးယူျခင္းတစုံတရာမခံခဲ့ရမႈအေပၚအႀကီးအက်ယ္ေဒါသထြက္ေနၾကပါတယ္။
ခ်ဲလ္ဆီးဟာစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္ႏွစ္ပြဲဆက္အႏိုင္ရရွိၿပီးေနာက္စေနေန႔ညတုန္းက King Power သို႔သြားေရာက္ၿပီးလက္စတာႏွင့္ရင္ဆိုင္ခဲ့ရပါတယ္။
ဂေရဟမ္ေပၚတာဦးေဆာင္တဲ့ခ်ဲလ္ဆီးဟာပြဲအစ၁၁မိနစ္မွာပင္ဘင္ခ်ဲလ္ဝဲလ္ရဲ႕ဂိုးေၾကာင့္ပြဲကိုေစာေစာစီးစီးဦးေဆာင္ႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ပြဲ၃၉မိနစ္မွာပက္ဆင္ဒါကာကလက္စတာအတြက္ေခ်ပဂိုးျပန္လည္သြင္းခဲ့ပါတယ္။ယင္းေနာက္ပထမပိုင္းၿပီးခါနီးနာက်င္အခ်ိန္ပိုတြင္အျငင္းပြားစရာျဖစ္လာပါေတာ့တယ္။
ေအမာေတးကဟာဗတ္ဇ္ရဲ႕ရင္ဘတ္ကိုကန္မႈခဲ့တာျဖစ္ပါတယ္။ဂ်ာမနီစတားဟာေအမာေတးရဲ႕ဖိနပ္မွခြာေၾကာင့္ရင္ဘတ္တြင္ဒဏ္ရာရရွိသြားခဲ့ပါတယ္။
ခ်ဲလ္ဆီးကစားေဖာ္တို႔ဟာဟာဗတ္ဇ္ကိုၾကမ္းတမ္းစြာဖ်က္ထုတ္ကစားမႈအတြက္အႀကီးအက်ယ္ေဒါသထြက္ခဲ့ၾကပါတယ္။ဒါေပမဲ့လည္းဒိုင္လူႀကီးဟာေအမာေတးကိုအဝါကတ္ေတာင္ျပသခဲ့ျခင္းမရွိပါဘူး။ဒါေၾကာင့္လည္းခ်ဲလ္ဆီးပရိသတ္မ်ားဟာကိုင္ဟာဗတ္ဇ္ကိုဒဏ္ရာရရွိေအာင္ျပစ္ဒဏ္က်ဴးလြန္ေပမဲ့အဝါကတ္ေတာင္ျပသျခင္းမရွိမႈအတြက္အျပင္းအထန္ေဝဖန္ေနၾကပါတယ္။
ကိုင္ဟာဗတ္ဇ္ဟာအထက္ပါအျဖစ္အပ်က္ၿပီးေနာက္မိနစ္အနည္းငယ္အၾကာတြင္ပင္ခ်ဲလ္ဆီးအတြက္အႏိုင္ဂိုးသြင္းယူခဲ့ပါတယ္။ယင္းေနာက္ဒုတိယပိုင္း၇၈မိနစ္တြင္ကိုဗာဆစ္ကဂိုးထပ္မံသြင္းယူခဲ့လို႔ခ်ဲလ္ဆီးတို႔၃-၁ျဖင့္ အႏိုင္ရရွိသြားခဲ့ပါတယ္။