ကန်စီလိုကို ရောင်းပြီး ဘောလုံးမျက်နှာကို တံတွေးဖြင့် ထွေးခဲ့တယ်လို့ ဝေဖန်ခံလိုက်ရတဲ့ စပါးစ်ဒါရိုက်တာ

အန်တိုနီယိုကာဆာနိုကစပါးစ်ဘောလုံးဒါရိုက်တာဖေဘီယိုပါရာတီချီဟာဂျူဗင်တပ်တွင်တာဝန်ထမ်းဆောင်စဉ်တုန်းကကန်စီလိုကိုမန်စီးတီးသို့ရောင်းချခဲ့မှုအတွက်အပြင်းအထန်ဝေဖန်လိုက်ပါတယ်။

အသက်၂၇နှစ်ရှိပေါ်တူဂီလက်ရွေးစင်ဟာ၂၀၁၉ခုနှစ်တုန်းကဂျူဗင်တပ်မှမန်စီးတီးသို့ပြောင်းခဲ့ပါတယ်။

သူဟာပက်ဂွါဒီယိုလာရဲ့လက်အောက်မှာကောင်းသထက်ကောင်းမွန်လာလျက်ရှိနေပြီးမနေ့ညတုန်းကမန်ယူအားမန်စီးတီးက၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာမန်စီးတီးရတဲ့နှစ်ဂိုးလုံးမှာသူ့စွမ်းဆောင်ရည်ကြောင့်ဖြစ်ပါတယ်။

ဒါကြောင့်လည်းကာဆာနိုက “အင်တာလုပ်နေရတာကိုနားလည်ပါတယ်(ငွေကြေးပြဿနာကြောင့်)။ဒါပေမယ့်ဂျူဗင်တပ်ကသူ့ကိုရောင်းချခဲ့တာကိုတော့လုံးဝနားမလည်ဘူး။တကယ့်ကိုအရူးစိတ်ကူးပဲ။ပေါင်သန်း၄၀လား။ကျွန်တော်ဆိုရင်သူ့ကိုပေါင်သန်း၄၀၀နဲ့တောင်မရောင်းပါဘူး၊အားကစားဒါရိုက်တာဖေဘီယိုပါရာတီချီကသူ့ကိုရောင်းချခဲ့တာပါ။သူကလည်းစပါးစ်မှာဘယ်လိုအဆုံးသတ်ရမလဲဆိုတာမသိတဲ့သူပါ။ကန်စီလိုကိုရောင်းတာဘောလုံးရဲ့မျက်နှာကိုတံတွေးနဲ့ထွေးလိုက်တာနဲ့အတူတူပါပဲ။သူကအရမ်းကိုကောင်းပါတယ်။သူကတိုက်စစ်မှူးတစ်ဦးအနေနဲ့ကစားရင်တောင်ကွဲပြားအောင်လုပ်နိုင်တဲ့သူပါ”လို့ပြောကြားသွားပါတယ်။

ပါရာတီချီဟာနွေရာသီတုန်းကစပါးစ်အသင်းသို့ဘောလုံးဒါရိုက်တာအဖြစ် ရောက်လာသူဖြစ်ပြီးကွန်တီကိုမြောက်လန်ဒန်သို့ခေါ်ဆောင်ရာမှာအဓိကနေရာမှပါဝင်သူလည်းဖြစ်ပါတယ်။

ZawGyi

ကန္စီလိုကို ေရာင္းၿပီး ေဘာလုံးမ်က္ႏွာကို တံေတြးျဖင့္ ေထြးခဲ့တယ္လို႔ ေဝဖန္ခံလိုက္ရတဲ့ စပါးစ္ဒါ႐ိုက္တာ

အန္တိုနီယိုကာဆာႏိုကစပါးစ္ေဘာလုံးဒါ႐ိုက္တာေဖဘီယိုပါရာတီခ်ီဟာဂ်ဴဗင္တပ္တြင္တာဝန္ထမ္းေဆာင္စဥ္တုန္းကကန္စီလိုကိုမန္စီးတီးသို႔ေရာင္းခ်ခဲ့မႈအတြက္အျပင္းအထန္ေဝဖန္လိုက္ပါတယ္။

အသက္၂၇ႏွစ္ရွိေပၚတူဂီလက္ေ႐ြးစင္ဟာ၂၀၁၉ခုႏွစ္တုန္းကဂ်ဴဗင္တပ္မွမန္စီးတီးသို႔ေျပာင္းခဲ့ပါတယ္။

သူဟာပက္ဂြါဒီယိုလာရဲ႕လက္ေအာက္မွာေကာင္းသထက္ေကာင္းမြန္လာလ်က္ရွိေနၿပီးမေန႔ညတုန္းကမန္ယူအားမန္စီးတီးက၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာမန္စီးတီးရတဲ့ႏွစ္ဂိုးလုံးမွာသူ႔စြမ္းေဆာင္ရည္ေၾကာင့္ျဖစ္ပါတယ္။

ဒါေၾကာင့္လည္းကာဆာႏိုက “အင္တာလုပ္ေနရတာကိုနားလည္ပါတယ္(ေငြေၾကးျပႆနာေၾကာင့္)။ဒါေပမယ့္ဂ်ဴဗင္တပ္ကသူ႔ကိုေရာင္းခ်ခဲ့တာကိုေတာ့လုံးဝနားမလည္ဘူး။တကယ့္ကိုအ႐ူးစိတ္ကူးပဲ။ေပါင္သန္း၄၀လား။ကြၽန္ေတာ္ဆိုရင္သူ႔ကိုေပါင္သန္း၄၀၀နဲ႔ေတာင္မေရာင္းပါဘူး၊အားကစားဒါ႐ိုက္တာေဖဘီယိုပါရာတီခ်ီကသူ႔ကိုေရာင္းခ်ခဲ့တာပါ။သူကလည္းစပါးစ္မွာဘယ္လိုအဆုံးသတ္ရမလဲဆိုတာမသိတဲ့သူပါ။ကန္စီလိုကိုေရာင္းတာေဘာလုံးရဲ႕မ်က္ႏွာကိုတံေတြးနဲ႔ေထြးလိုက္တာနဲ႔အတူတူပါပဲ။သူကအရမ္းကိုေကာင္းပါတယ္။သူကတိုက္စစ္မႉးတစ္ဦးအေနနဲ႔ကစားရင္ေတာင္ကြဲျပားေအာင္လုပ္ႏိုင္တဲ့သူပါ”လို႔ေျပာၾကားသြားပါတယ္။

ပါရာတီခ်ီဟာေႏြရာသီတုန္းကစပါးစ္အသင္းသို႔ေဘာလုံးဒါ႐ိုက္တာအျဖစ္ ေရာက္လာသူျဖစ္ၿပီးကြန္တီကိုေျမာက္လန္ဒန္သို႔ေခၚေဆာင္ရာမွာအဓိကေနရာမွပါဝင္သူလည္းျဖစ္ပါတယ္။