ကန်တီထက် လုပ်ခ ပေါင် ၁၆၀၀၀၀အထိ ပိုများကာ ချဲလ်ဆီးနှင့်ပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးဖြစ်လာတဲ့ လူကာကူ

ရိုမဲလူလူကာကူဟာအင်တာမီလန်မှပေါင်သန်း၁၀၀နီးပါးဖြင့်ပြောင်းလာပြီးနောက်အန်ဂိုလိုကန်တီအားကျော်ဖြတ်ကာချဲလ်ဆီးရဲ့လုပ်ခအများဆုံးရရှိတဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။

ချဲလ်ဆီးဟာကြာသပတေးနေ့တုန်းကလူကာကူအားအင်တာမီလန်မှပေါင်၉၈သန်းဖြင့်ပြောင်းရွှေ့လာခဲ့ပါတယ်။

လူကာကူဟာ၂၀၁၃ခုနှစ်တုန်းကအဲဗာတန်သို့ပေါင်၂၈သန်းဖြင့်ပြောင်းရွှေ့ပြီးနောက်၈နှစ်ကြာမြင့်ချိန်တွင်စတမ်းဖို့ဒ်ဘရစ်ချ်သို့တစ်ကျော့ပြန်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။

The Athletic ရဲ့ဖော်ပြချက်အရလူကာကူဟာချဲလ်ဆီသို့တစ်ကျော့ပြန်ပြောင်းလာမှုနဲ့အတူချဲလ်ဆီးနှင့်ပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးကစားသမားဖြစ်လာကြောင်းသိရပါတယ်။သူဟာချဲလ်ဆီးရဲ့လုပ်ခအများဆုံးအဖြစ်ယခင်တုန်းကရပ်တည်ခဲ့တဲ့အန်ဂိုလိုကန်တီရဲ့တစ်ပတ်လုပ်ခပေါင်၂၉၀၀၀၀ကိုကျော်ကာလုပ်ခအများဆုံးကစားသမားအဖြစ်ရပ်တည်လာတာလည်းဖြစ်ပါတယ်။

လူကာကူရဲ့စာချုပ်အတွင်းမှာရုပ်ပုံလွှာအသုံးပြုခနှင့်အပိုဆုကြေးတို့ပါဝင်ကာချဲလ်ဆီးတွင်တစ်ပတ်လုပ်ခပေါင်၃၂၅၀၀၀ မှပေါင်၄၅၀၀၀၀အတွင်းရရှိလာပါမယ်။

ဒါကြောင့်လည်းလူကာကူဟာအန်ဂိုလိုကန်တီထက်တစ်ပတ်လုပ်ခပေါင်၁၆၀၀၀၀အထိ ပိုမိုများပြားလာပါမယ်။တစ်ဖက်တွင်လူကာကူဟာပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးကစားသမားလည်းဖြစ်လာပါတယ်။

ပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးကစားသမား၁၀ဦးစာရင်းရဲ့ဒုတိယနေရာမှာကီဗင်ဒီဘရိုင်း(ပေါင်၃၈၅၀၀၀)၊ဂျက်ဂရဲလ်လစ်ရှ်(ပေါင်၃၈၀၀၀၀)၊ဒေးဗစ်ဒီဂီယာ(ပေါင်၃၇၅၀၀၀)၊အူဘာမီယန်(ပေါင်၃၅၀၀၀၀)၊စတာလင်း(ပေါင်၃၀၀၀၀၀)၊အန်ဂိုလိုကန်တီ(ပေါင်၂၉၀၀၀၀)၊ပေါလ်ပေါ့ဘာ(ပေါင်၂၇၀၀၀၀)၊အန်တိုနီမာရှယ်(ပေါင်၂၅၀၀၀၀)၊မိုဟာမက်ဆာလက်(ပေါင်၂၂၀၀၀၀)တို့ရပ်တည်နေပါတယ်။

ZawGyi

ကန္တီထက္ လုပ္ခ ေပါင္ ၁၆၀၀၀၀အထိ ပိုမ်ားကာ ခ်ဲလ္ဆီးႏွင့္ပရီးမီးယားလိဂ္ရဲ႕လုပ္ခအမ်ားဆုံးျဖစ္လာတဲ့ လူကာကူ

႐ိုမဲလူလူကာကူဟာအင္တာမီလန္မွေပါင္သန္း၁၀၀နီးပါးျဖင့္ေျပာင္းလာၿပီးေနာက္အန္ဂိုလိုကန္တီအားေက်ာ္ျဖတ္ကာခ်ဲလ္ဆီးရဲ႕လုပ္ခအမ်ားဆုံးရရွိတဲ့ကစားသမားျဖစ္လာခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာၾကာသပေတးေန႔တုန္းကလူကာကူအားအင္တာမီလန္မွေပါင္၉၈သန္းျဖင့္ေျပာင္းေ႐ႊ႕လာခဲ့ပါတယ္။

လူကာကူဟာ၂၀၁၃ခုႏွစ္တုန္းကအဲဗာတန္သို႔ေပါင္၂၈သန္းျဖင့္ေျပာင္းေ႐ႊ႕ၿပီးေနာက္၈ႏွစ္ၾကာျမင့္ခ်ိန္တြင္စတမ္းဖို႔ဒ္ဘရစ္ခ်္သို႔တစ္ေက်ာ့ျပန္ေရာက္လာျခ့တာလည္းျဖစ္ပါတယ္။

The Athletic ရဲ႕ေဖာ္ျပခ်က္အရလူကာကူဟာခ်ဲလ္ဆီသို႔တစ္ေက်ာ့ျပန္ေျပာင္းလာမႈနဲ႔အတူခ်ဲလ္ဆီးႏွင့္ပရီးမီးယားလိဂ္ရဲ႕လုပ္ခအမ်ားဆုံးကစားသမားျဖစ္လာေၾကာင္းသိရပါတယ္။သူဟာခ်ဲလ္ဆီးရဲ႕လုပ္ခအမ်ားဆုံးအျဖစ္ယခင္တုန္းကရပ္တည္ခဲ့တဲ့အန္ဂိုလိုကန္တီရဲ႕တစ္ပတ္လုပ္ခေပါင္၂၉၀၀၀၀ကိုေက်ာ္ကာလုပ္ခအမ်ားဆုံးကစားသမားအျဖစ္ရပ္တည္လာတာလည္းျဖစ္ပါတယ္။

လူကာကူရဲ႕စာခ်ဳပ္အတြင္းမွာ႐ုပ္ပုံလႊာအသုံးျပဳခႏွင့္အပိုဆုေၾကးတို႔ပါဝင္ကာခ်ဲလ္ဆီးတြင္တစ္ပတ္လုပ္ခေပါင္၃၂၅၀၀၀ မွေပါင္၄၅၀၀၀၀အတြင္းရရွိလာပါမယ္။

ဒါေၾကာင့္လည္းလူကာကူဟာအန္ဂိုလိုကန္တီထက္တစ္ပတ္လုပ္ခေပါင္၁၆၀၀၀၀အထိ ပိုမိုမ်ားျပားလာပါမယ္။တစ္ဖက္တြင္လူကာကူဟာပရီးမီးယားလိဂ္ရဲ႕လုပ္ခအမ်ားဆုံးကစားသမားလည္းျဖစ္လာပါတယ္။

ပရီးမီးယားလိဂ္ရဲ႕လုပ္ခအမ်ားဆုံးကစားသမား၁၀ဦးစာရင္းရဲ႕ဒုတိယေနရာမွာကီဗင္ဒီဘ႐ိုင္း(ေပါင္၃၈၅၀၀၀)၊ဂ်က္ဂရဲလ္လစ္ရွ္(ေပါင္၃၈၀၀၀၀)၊ေဒးဗစ္ဒီဂီယာ(ေပါင္၃၇၅၀၀၀)၊အူဘာမီယန္(ေပါင္၃၅၀၀၀၀)၊စတာလင္း(ေပါင္၃၀၀၀၀၀)၊အန္ဂိုလိုကန္တီ(ေပါင္၂၉၀၀၀၀)၊ေပါလ္ေပါ့ဘာ(ေပါင္၂၇၀၀၀၀)၊အန္တိုနီမာရွယ္(ေပါင္၂၅၀၀၀၀)၊မိုဟာမက္ဆာလက္(ေပါင္၂၂၀၀၀၀)တို႔ရပ္တည္ေနပါတယ္။