ကန်တီအပါအဝင်အဓိကကစားသမားလေးဦးကို စာချုပ်သစ်ချုပ်ဆိုရန် ချဲလ်ဆီးစတင်လုပ်ဆောင်

ချဲလ်ဆီးဟာအန်ဂိုလိုကန်တီ၊အန်တိုနီယိုရူဒီဂါနှင့်အခြားစတားကစားသမားနှစ်ဦးတို့အားစာချုပ်သစ်ကမ်းလှမ်းရန်စီစဉ်နေကြောင်းသိရပါတယ်။ချဲလ်ဆီးဟာဂျော်ဂျင်ဟိုနှင့်အင်ဒရေခရစ္စတီယန်ဆင်တို့ကိုလည်းစာချုပ်သစ်ချုပ်ဆိုရန်စီစဉ်နေတာဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိဂျာမနီလက်ရွေးစင်ဗဟိုနောက်ခံလူရူဒီဂါဟာယခုဘောလုံးရာသီအကုန်တွင်ချဲလ်ဆီးနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးရာသီအကုန်တွင်အခြားကလပ်တစ်ခုသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာနိုင်သူဖြစ်ပါတယ်။

ဒါပေမယ့်ရူဒီဂါဟာချဲလ်ဆီးတွင်ပျော်ရွှင်နေပြီးစာချုပ်သက်တမ်းတိုးရေးဆွေးနွေးရန်အသင့်ရှိနေပါတယ်။

ပြင်သစ်ကွင်းလယ်ကစားသမားကန်တီရဲ့လက်ရှိစာချုပ်မှာ၂၀၂၃ခုနှစ်တွင်မှကုန်ဆုံးမှာဖြစ်ပေမယ့်စာချုပ်ချုပ်ဆိုခဲ့သည်မှာသုံးနှစ်ကြာပြီဖြစ်ရာချဲလ်ဆီးဟာသူ့ကိုလုပ်ခတိုးမြှင့်ရန်အသင့်ရှိနေပါတယ်။

ဂျော်ဂျင်ဟိုမှာမကြာသေးမီတုန်းကယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုဆွတ်ခူးခဲ့သူဖြစ်ပြီးချဲလ်ဆီးနှင့်၂နှစ်စာချုပ်သာကျန်ပါတော့တယ်။

ချဲလ်ဆီးဟာဆီဗီလာနောက်ခံလူခွန်ဒီကိုခေါ်ယူရန်ကြိုးပမ်းနေပေမယ့်ဇူးမားကိုသာရောင်းချရန်စီစဉ်နေပြီးခရစ္စတီယန်ဆင်ကိုကာလရှည်ဆက်ထိန်းသွားပါမယ်။သူ့စာချုပ်မှာလာမယ့်နှစ်ဇွန်လတွင်ကုန်ဆုံးမှာဖြစ်ပါတယ်။

ZawGyi

ကန္တီအပါအဝင္အဓိကကစားသမားေလးဦးကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ ခ်ဲလ္ဆီးစတင္လုပ္ေဆာင္

ခ်ဲလ္ဆီးဟာအန္ဂိုလိုကန္တီ၊အန္တိုနီယို႐ူဒီဂါႏွင့္အျခားစတားကစားသမားႏွစ္ဦးတို႔အားစာခ်ဳပ္သစ္ကမ္းလွမ္းရန္စီစဥ္ေနေၾကာင္းသိရပါတယ္။ခ်ဲလ္ဆီးဟာေဂ်ာ္ဂ်င္ဟိုႏွင့္အင္ဒေရခရစၥတီယန္ဆင္တို႔ကိုလည္းစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္စီစဥ္ေနတာျဖစ္ပါတယ္။

အသက္၂၈ႏွစ္ရွိဂ်ာမနီလက္ေ႐ြးစင္ဗဟိုေနာက္ခံလူ႐ူဒီဂါဟာယခုေဘာလုံးရာသီအကုန္တြင္ခ်ဲလ္ဆီးႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးရာသီအကုန္တြင္အျခားကလပ္တစ္ခုသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာႏိုင္သူျဖစ္ပါတယ္။

ဒါေပမယ့္႐ူဒီဂါဟာခ်ဲလ္ဆီးတြင္ေပ်ာ္႐ႊင္ေနၿပီးစာခ်ဳပ္သက္တမ္းတိုးေရးေဆြးေႏြးရန္အသင့္ရွိေနပါတယ္။

ျပင္သစ္ကြင္းလယ္ကစားသမားကန္တီရဲ႕လက္ရွိစာခ်ဳပ္မွာ၂၀၂၃ခုႏွစ္တြင္မွကုန္ဆုံးမွာျဖစ္ေပမယ့္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့သည္မွာသုံးႏွစ္ၾကာၿပီျဖစ္ရာခ်ဲလ္ဆီးဟာသူ႔ကိုလုပ္ခတိုးျမႇင့္ရန္အသင့္ရွိေနပါတယ္။

ေဂ်ာ္ဂ်င္ဟိုမွာမၾကာေသးမီတုန္းကယူအီးအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုဆြတ္ခူးခဲ့သူျဖစ္ၿပီးခ်ဲလ္ဆီးႏွင့္၂ႏွစ္စာခ်ဳပ္သာက်န္ပါေတာ့တယ္။

ခ်ဲလ္ဆီးဟာဆီဗီလာေနာက္ခံလူခြန္ဒီကိုေခၚယူရန္ႀကိဳးပမ္းေနေပမယ့္ဇူးမားကိုသာေရာင္းခ်ရန္စီစဥ္ေနၿပီးခရစၥတီယန္ဆင္ကိုကာလရွည္ဆက္ထိန္းသြားပါမယ္။သူ႔စာခ်ဳပ္မွာလာမယ့္ႏွစ္ဇြန္လတြင္ကုန္ဆုံးမွာျဖစ္ပါတယ္။