ကန်တီ ကိုဗစ်ကူးစက်ခံရပြီးနောက် ကိုဗစ်ဆေးထိုးသူအများဆုံးကလပ်ကို ပရီးမီးယားလိဂ်ဆုချီးမြှင့်မည်

ပရီးမီးယားလိဂ်ဟာကစားသမားများ ကိုဗစ်ကာကွယ်ဆေးကာကွယ်ဆေးအများဆုံးထိုးထားတဲ့ကလပ်ကိုဆုချီးမြှင့်မှုပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။ပရီးမီးယားလိဂ်ဟာချဲလ်ဆီးရဲ့ကွင်းလယ်ကစားသမားအန်ဂိုလိုကန်တီကိုဗစ်ရောဂါကူးစက်ခံထားရကြောင်းတွေ့ရှိရပြီးနောက်ယင်းကဲ့သို့ကိုဗစ်ကာကွယ်ဆေးရာခိုင်နှုန်းအများဆုံးထိုးထားတဲ့ကလပ်ကိုဆုချီးမြှင့်ရန်ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။

ပြင်သစ်ကွင်းလယ်ကစားသမားအန်ဂိုလိုကန်တီဟာနားမကျန်းဖြစ်ပြီးနောက်စစ်ဆေးမှုပြုလုပ်ခဲ့ရာကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိရပြီးကွာရန်တင်း၁၀ရက်ဝင်နေရပြီဖြစ်ပါတယ်။သူဟာယနေ့တွင်ဂျူဗင်တပ်နှင့်ကစားမယ့်ချန်ပီယံလိဂ်ပွဲအပြင်ယခုအပတ်အကုန်တွင်ဆောက်သမ်တန်နှင့်ကစားမယ့်ပွဲကိုလည်းလွဲပါမယ်။

ပရီးမီးယားလိဂ်ဟာကန်တီရဲ့အခြေအနေကိုစိုးရိမ်ခြင်းမရှိသော်လည်းပရီးမီးယားလိဂ်မှကစားသမားအများစုမှာကိုဗစ်ကာကွယ်ဆေးထိုးခြင်းမရှိသေးမှုအပေါ်စိုးရိမ်နေပါတယ်။

ဒါကြောင့်လည်းပရီးမီးယားလိဂ်ဟာပြီးခဲ့တဲ့အပတ်တုန်းကကစားသမားများအားကိုဗစ်ကာကွယ်ဆေးရာခိုင်နှုန်းအများဆုံးထိုးထားတဲ့ကလပ်ကိုဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း စာပေးပို့အကြောင်းကြားမှုပြုလုပ်ခဲ့ပါတယ်။

လက်ရှိအချိန်တွင်ပရီးမီးယားလိဂ်တွင်ကစားသမားများကိုကိုဗစ်ကာကွယ်ဆေးထိုးမှုရာနှုန်းပြည့်လုပ်ဆောင်ထားတဲ့အသင်းအဖြစ်ဝုဗ်၊ဘရန့်ဖို့ဒ်နှင့်လိဒ်ယူနိုက်တက်တို့က ၈၉ ရာခိုင်နှုန်းမှ၁၀၀ရာခိုင်နှုန်းအထိပြုလုပ်ကာရပ်တည်နေကြပါတယ်။

ဒါ့အပြင်ဗြိတိန်မီဒီယာတို့ရဲ့ဖော်ပြချက်အရပရီးမီးယားလိဂ်မှကလပ်နှစ်ခုတို့မှာကစားသမားခြောက်ဦးထက်ပိုပြီးကာကွယ်ဆေးထိုးထားခြင်းမရှိသေးကြောင်းသိရပါတယ်။

ZawGyi

ကန္တီကိုဗစ္ကူးစက္ခံရၿပီးေနာက္ ကိုဗစ္ေဆးထိုးသူအမ်ားဆုံးကလပ္ကို ပရီးမီးယားလိဂ္ဆုခ်ီးျမႇင့္မည္

ပရီးမီးယားလိဂ္ဟာကစားသမားမ်ား ကိုဗစ္ကာကြယ္ေဆးကာကြယ္ေဆးအမ်ားဆုံးထိုးထားတဲ့ကလပ္ကိုဆုခ်ီးျမႇင့္မႈျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။ပရီးမီးယားလိဂ္ဟာခ်ဲလ္ဆီးရဲ႕ကြင္းလယ္ကစားသမားအန္ဂိုလိုကန္တီကိုဗစ္ေရာဂါကူးစက္ခံထားရေၾကာင္းေတြ႕ရွိရၿပီးေနာက္ယင္းကဲ့သို႔ကိုဗစ္ကာကြယ္ေဆးရာခိုင္ႏႈန္းအမ်ားဆုံးထိုးထားတဲ့ကလပ္ကိုဆုခ်ီးျမႇင့္ရန္ဆုံးျဖတ္လိုက္တာလည္းျဖစ္ပါတယ္။

ျပင္သစ္ကြင္းလယ္ကစားသမားအန္ဂိုလိုကန္တီဟာနားမက်န္းျဖစ္ၿပီးေနာက္စစ္ေဆးမႈျပဳလုပ္ခဲ့ရာကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိရၿပီးကြာရန္တင္း၁၀ရက္ဝင္ေနရၿပီျဖစ္ပါတယ္။သူဟာယေန႔တြင္ဂ်ဴဗင္တပ္ႏွင့္ကစားမယ့္ခ်န္ပီယံလိဂ္ပြဲအျပင္ယခုအပတ္အကုန္တြင္ေဆာက္သမ္တန္ႏွင့္ကစားမယ့္ပြဲကိုလည္းလြဲပါမယ္။

ပရီးမီးယားလိဂ္ဟာကန္တီရဲ႕အေျခအေနကိုစိုးရိမ္ျခင္းမရွိေသာ္လည္းပရီးမီးယားလိဂ္မွကစားသမားအမ်ားစုမွာကိုဗစ္ကာကြယ္ေဆးထိုးျခင္းမရွိေသးမႈအေပၚစိုးရိမ္ေနပါတယ္။

ဒါေၾကာင့္လည္းပရီးမီးယားလိဂ္ဟာၿပီးခဲ့တဲ့အပတ္တုန္းကကစားသမားမ်ားအားကိုဗစ္ကာကြယ္ေဆးရာခိုင္ႏႈန္းအမ်ားဆုံးထိုးထားတဲ့ကလပ္ကိုဆုခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း စာေပးပို႔အေၾကာင္းၾကားမႈျပဳလုပ္ခဲ့ပါတယ္။

လက္ရွိအခ်ိန္တြင္ပရီးမီးယားလိဂ္တြင္ကစားသမားမ်ားကိုကိုဗစ္ကာကြယ္ေဆးထိုးမႈရာႏႈန္းျပည့္လုပ္ေဆာင္ထားတဲ့အသင္းအျဖစ္ဝုဗ္၊ဘရန႔္ဖို႔ဒ္ႏွင့္လိဒ္ယူႏိုက္တက္တို႔က ၈၉ ရာခိုင္ႏႈန္းမွ၁၀၀ရာခိုင္ႏႈန္းအထိျပဳလုပ္ကာရပ္တည္ေနၾကပါတယ္။

ဒါ့အျပင္ၿဗိတိန္မီဒီယာတို႔ရဲ႕ေဖာ္ျပခ်က္အရပရီးမီးယားလိဂ္မွကလပ္ႏွစ္ခုတို႔မွာကစားသမားေျခာက္ဦးထက္ပိုၿပီးကာကြယ္ေဆးထိုးထားျခင္းမရွိေသးေၾကာင္းသိရပါတယ္။