
ချဲလ်ဆီးအသင်းတွင် ကိုဗစ်ကူးစက်မှုထပ်မံဖြစ်ပွားလာပြီးနောက်ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ကသူ့ကစားသမားများကိုကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးရန်အတင်းဖိအားပေးနိုင်တဲ့အခွင့်အာဏာမရှိကြောင်းပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးကွင်းလယ်ကစားသမားအန်ဂိုလိုကန်တီဟာကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိရပြီးယခုအခါကွာရန်တင်းဆယ်ရက်ဝင်ရတော့မှာဖြစ်ပါတယ်။
လက်ရှိအချိန်တွင်အသက်၃၀နှစ်ရှိပြင်သစ်လက်ရွေးစင်ကစားသမားကန်တီမှာကိုဗစ်ကာကွယ်ဆေးထိုးမှုပြုလုပ်ထားသလား၊မလုပ်ထားသလားဆိုတာမသိရသေးပါဘူး။
ကန်တီဟာကိုဗစ်ကူးစက်ခြင်းခံထားရမှုနဲ့အတူယနေ့ညတွင်ဂျူဗင်တပ်နှင့်ရင်ဆိုင်ကစားရမယ့်ချန်ပီယံလိဂ်ပွဲစဉ်ကိုလွဲချော်တော့မှာဖြစ်ပါတယ်။သူဟာယခုအပတ်အကုန်မှာကစားမယ့်ဆောက်သမ်တန်နှင့်ပရီးမီးယားလိဂ်ပွဲကိုလည်းလွဲပါမယ်။
တူချယ်က “ကိုဗစ်ကာကွယ်ဆေးမထိုးမှုကထိခိုက်နိုင်သလားဆိုတာ Yes လို့ပြောရတာလွယ်ပါတယ်။ဒါပေမယ့်တစ်ချိန်တည်းမှာဘဲကျွန်တော်ပြောတာမှန်ကန်သလားဆိုတာ မေးခွန်းထုတ်ရပါမယ်။ကျွန်တော်ကတော့မသေချာပါဘူး။ကိုယ့်အတွက်ဘဲဆုံးဖြတ်ချက်ချနိုင်ပါတယ်။အခြားသူတွေလည်းကိုယ့်ဖာသာကိုယ်ဆုံးဖြတ်ရပါမယ်။ဒါကခက်ခဲတဲ့မေးခွန်းပါ။ကာကွယ်ဆေးကကာကွယ်ပေးမယ့်အရာပါ။ကျွန်တော့်ကာကွယ်ဆေးထိုးထားတယ်။ဒါကကျွန်တော့်ဆုံးဖြတ်ချက်ပဲ။အခြားသူတွေနဲ့ပတ်သက်ပြီးမပြောချင်ဘူး။ပြောသင့်တယ်လို့လည်းမထင်ဘူး”လို့ပြောကြားသွားပါတယ်။
ZawGyi
ကန္တီ ကြာရန္တင္းဝင္ေနရၿပီးေနာက္ ခ်ဲလ္ဆီးစတားမ်ားကို ကာကြယ္ေဆး အတင္းထိုးခိုင္းလို႔မရဟု တူခ်ယ္ဝန္ခံ
ခ်ဲလ္ဆီးအသင္းတြင္ ကိုဗစ္ကူးစက္မႈထပ္မံျဖစ္ပြားလာၿပီးေနာက္ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ကသူ႔ကစားသမားမ်ားကိုကိုဗစ္ကာကြယ္ေဆးႏွစ္ႀကိမ္ထိုးရန္အတင္းဖိအားေပးႏိုင္တဲ့အခြင့္အာဏာမရွိေၾကာင္းေျပာၾကားလိုက္ပါတယ္။
ခ်ဲလ္ဆီးကြင္းလယ္ကစားသမားအန္ဂိုလိုကန္တီဟာကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိရၿပီးယခုအခါကြာရန္တင္းဆယ္ရက္ဝင္ရေတာ့မွာျဖစ္ပါတယ္။
လက္ရွိအခ်ိန္တြင္အသက္၃၀ႏွစ္ရွိျပင္သစ္လက္ေ႐ြးစင္ကစားသမားကန္တီမွာကိုဗစ္ကာကြယ္ေဆးထိုးမႈျပဳလုပ္ထားသလား၊မလုပ္ထားသလားဆိုတာမသိရေသးပါဘူး။
ကန္တီဟာကိုဗစ္ကူးစက္ျခင္းခံထားရမႈနဲ႔အတူယေန႔ညတြင္ဂ်ဴဗင္တပ္ႏွင့္ရင္ဆိုင္ကစားရမယ့္ခ်န္ပီယံလိဂ္ပြဲစဥ္ကိုလြဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။သူဟာယခုအပတ္အကုန္မွာကစားမယ့္ေဆာက္သမ္တန္ႏွင့္ပရီးမီးယားလိဂ္ပြဲကိုလည္းလြဲပါမယ္။

တူခ်ယ္က “ကိုဗစ္ကာကြယ္ေဆးမထိုးမႈကထိခိုက္ႏိုင္သလားဆိုတာ Yes လို႔ေျပာရတာလြယ္ပါတယ္။ဒါေပမယ့္တစ္ခ်ိန္တည္းမွာဘဲကြၽန္ေတာ္ေျပာတာမွန္ကန္သလားဆိုတာ ေမးခြန္းထုတ္ရပါမယ္။ကြၽန္ေတာ္ကေတာ့မေသခ်ာပါဘူး။ကိုယ့္အတြက္ဘဲဆုံးျဖတ္ခ်က္ခ်ႏိုင္ပါတယ္။အျခားသူေတြလည္းကိုယ့္ဖာသာကိုယ္ဆုံးျဖတ္ရပါမယ္။ဒါကခက္ခဲတဲ့ေမးခြန္းပါ။ကာကြယ္ေဆးကကာကြယ္ေပးမယ့္အရာပါ။ကြၽန္ေတာ့္ကာကြယ္ေဆးထိုးထားတယ္။ဒါကကြၽန္ေတာ့္ဆုံးျဖတ္ခ်က္ပဲ။အျခားသူေတြနဲ႔ပတ္သက္ၿပီးမေျပာခ်င္ဘူး။ေျပာသင့္တယ္လို႔လည္းမထင္ဘူး”လို႔ေျပာၾကားသြားပါတယ္။