ကမ္ဘာဘောလုံးလောကတွင် အသန်မာဆုံးကစားသမားဖြစ်နေဖို့ ရှိနေတဲ့ စီးရီးအေနောက်ခံလူ

ဖီဒီရီကိုဘာရှီရော့တိုဟာစီးရီးအေတွင်သာမကကမ္ဘာ့ဘောလုံးလောကတွင်ပါအသန်မာဆုံးကစားသမားဖြစ်လာနေဖို့ရှိပါတယ်။

အသက်၂၆နှစ်ရှိနောက်ခံလူဟာယခုရာသီတွင်မာကိုဘာရိုနီရဲ့လက်ချီအသင်းတွင်အကောင်းဆုံးပုံစံဖြင့်ကစားနေသူဖြစ်ပါတယ်။

သန်မာလွန်းလှတဲ့နောက်ခံလူဟာနာပိုလီတိုက်စစ်မှူးဗစ်တာအိုဆမ်ဟန်အပါအဝင်ထိပ်တန်းတိုက်စစ်မှူးတွေကိုထိန်းချုပ်ထားသလိုနောက်ဆုံး၉ပွဲတွင်၃ဂိုးအထိသွင်းထားသူလည်းဖြစ်ပါတယ်။

သူဟာဟိုဆေးမော်ရင်ဟိုရဲ့ရိုးမားနှင့်ပွဲတွင်ဂိုးသွင်းနိုင်ခဲ့ပေမဲ့ဒိုင်လူကြီးကခွင့်မပြုလို့ဂိုးမရခဲ့ပါဘူး။

ဗီနီတိုဖွားနောက်ခံလူဟာအသက်၁၆နှစ်အရွယ်တုန်းကချီယေဗိုအသင်းရဲ့ငြင်းပယ်ခြင်းခံခဲ့ရသူဖြစ်ပြီး ပြီးခဲ့တဲ့လများအတွင်းတွင်သူနဲ့ရင်ဆိုင်တဲ့တိုက်စစ်မှူးတိုင်းကိုအားသုံးပြီးဖြိုချလာခဲ့သူလည်းဖြစ်ပါတယ်။

သူဟာအပေါ်ပိုင်းအလွန်သန်မာသူဖြစ်ပြီးယင်းသို့ဖြစ်လာအောင်ပြီးခဲ့တဲ့နှစ်တွေမှာကြိုးပမ်းလာတာလည်းဖြစ်ပါတယ်။

ဥပမာပြီးခဲ့တဲ့နှစ်အားလပ်ရက်တုန်းကသူဟာအခြားကစားသမားတွေလိုအပန်းဖြေမထွက်ဘဲမိသားစုစိုက်ပျိုးမွေးမြူရေးခြံသို့သွားပြီးအလုပ်လုပ်နေခဲ့ပါတယ်။

Gazzetta dello Sport နှင့်အင်တာဗျူးတွင်သူ့ရဲ့ညီအစ်ကိုများထဲမှတစ်ဦးကဖီဒီရီကိုဟာပြီးခဲ့တဲ့ရှစ်နှစ်တိုင်တိုင် Gym သို့သွားလာခဲ့သူဖြစ်ပြီးကြက်သားနှင့်ဆန်ကိုသာစားလာခဲ့ကြောင်းဆိုသွားပါတယ်။

သူဟာချီယေဗိုရဲ့ငြင်းပယ်ခြင်းခံခဲ့ရပေမဲ့လည်းယခုအခါစီးရီးအေတွင်အကောင်းဆုံးကစားသမားများထဲမှတစ်ဦးဖြစ်တည်နေမှုနဲ့အတူ သူ့ရဲ့ဘောလုံးခရီးရှည်ကအထင်ကြီးစရာကောင်းနေပါတယ်။

ZawGyi

ကမာၻေဘာလုံးေလာကတြင္ အသန္မာဆုံးကစားသမားျဖစ္ေနဖို႔ ရွိေနတဲ့ စီးရီးေအေနာက္ခံလူ

ဖီဒီရီကိုဘာရွီေရာ့တိုဟာစီးရီးေအတြင္သာမကကမာၻ႔ေဘာလုံးေလာကတြင္ပါအသန္မာဆုံးကစားသမားျဖစ္လာေနဖို႔ရွိပါတယ္။

အသက္၂၆ႏွစ္ရွိေနာက္ခံလူဟာယခုရာသီတြင္မာကိုဘာ႐ိုနီရဲ႕လက္ခ်ီအသင္းတြင္အေကာင္းဆုံးပုံစံျဖင့္ကစားေနသူျဖစ္ပါတယ္။

သန္မာလြန္းလွတဲ့ေနာက္ခံလူဟာနာပိုလီတိုက္စစ္မႉးဗစ္တာအိုဆမ္ဟန္အပါအဝင္ထိပ္တန္းတိုက္စစ္မႉးေတြကိုထိန္းခ်ဳပ္ထားသလိုေနာက္ဆုံး၉ပြဲတြင္၃ဂိုးအထိသြင္းထားသူလည္းျဖစ္ပါတယ္။

သူဟာဟိုေဆးေမာ္ရင္ဟိုရဲ႕႐ိုးမားႏွင့္ပြဲတြင္ဂိုးသြင္းႏိုင္ခဲ့ေပမဲ့ဒိုင္လူႀကီးကခြင့္မျပဳလို႔ဂိုးမရခဲ့ပါဘူး။

ဗီနီတိုဖြားေနာက္ခံလူဟာအသက္၁၆ႏွစ္အ႐ြယ္တုန္းကခ်ီေယဗိုအသင္းရဲ႕ျငင္းပယ္ျခင္းခံခဲ့ရသူျဖစ္ၿပီး ၿပီးခဲ့တဲ့လမ်ားအတြင္းတြင္သူနဲ႔ရင္ဆိုင္တဲ့တိုက္စစ္မႉးတိုင္းကိုအားသုံးၿပီးၿဖိဳခ်လာခဲ့သူလည္းျဖစ္ပါတယ္။

သူဟာအေပၚပိုင္းအလြန္သန္မာသူျဖစ္ၿပီးယင္းသို႔ျဖစ္လာေအာင္ၿပီးခဲ့တဲ့ႏွစ္ေတြမွာႀကိဳးပမ္းလာတာလည္းျဖစ္ပါတယ္။

ဥပမာၿပီးခဲ့တဲ့ႏွစ္အားလပ္ရက္တုန္းကသူဟာအျခားကစားသမားေတြလိုအပန္းေျဖမထြက္ဘဲမိသားစုစိုက္ပ်ိဳးေမြးျမဴေရးၿခံသို႔သြားၿပီးအလုပ္လုပ္ေနခဲ့ပါတယ္။

Gazzetta dello Sport ႏွင့္အင္တာဗ်ဴးတြင္သူ႔ရဲ႕ညီအစ္ကိုမ်ားထဲမွတစ္ဦးကဖီဒီရီကိုဟာၿပီးခဲ့တဲ့ရွစ္ႏွစ္တိုင္တိုင္ Gym သို႔သြားလာခဲ့သူျဖစ္ၿပီးၾကက္သားႏွင့္ဆန္ကိုသာစားလာခဲ့ေၾကာင္းဆိုသြားပါတယ္။

သူဟာခ်ီေယဗိုရဲ႕ျငင္းပယ္ျခင္းခံခဲ့ရေပမဲ့လည္းယခုအခါစီးရီးေအတြင္အေကာင္းဆုံးကစားသမားမ်ားထဲမွတစ္ဦးျဖစ္တည္ေနမႈနဲ႔အတူ သူ႔ရဲ႕ေဘာလုံးခရီးရွည္ကအထင္ႀကီးစရာေကာင္းေနပါတယ္။