ကမ္ဘာအနှံ့မှ ကမ်းလှမ်းမှုများ ရရှိထားတဲ့ ရေနီယာရီ

ကလော်ဒီယိုရေနီယာရီကဆမ်ဒိုးရီးယားမှထွက်ခွာတော့မှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ယင်းသို့ထွက်ခွာမှုနဲ့အတူကလော်ဒီယိုရေနီယာရီအားခန့်အပ်ရန်ကက်ဂလီယာရီ၊လိုင်ယွန်၊မက္ကဆီကိုကလပ်မွန်တာရေးတို့အပြင်ကမ္ဘာအနှံ့မှကလပ်များရဲ့ကမ်းလှမ်းမှုများရရှိထားပါတယ်။

အသက်၆၉နှစ်ရှိချဲလ်ဆီးနည်းပြဟောင်းဟာဆမ်ဒိုးရီးယားမှထွက်ခွာပြီိဆိုပေမယ့်ကလပ်လက်မဲ့အဖြစ်ကာလရှည်ရှိနေမှာမဟုတ်ပါဘူး။

သူဟာအီတလီမှာဘဲဆက်လက်ရှိနေဖို့များပြီးနည်းပြဘဝစတင်တဲ့အောင်မြင်မှုစတင်ရရှိခဲ့တဲ့ကက်ဂလီယာရီသို့ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။

 

ရေနီယာရီဟာ၁၉၈၈ခုနှစ်မှာကက်ဂလီယာရီကိုစတင်ကိုင်တွယ်ခဲ့ပြီးစီးရီးစီမှစီးရီးအေသို့တန်းတက်နိုင်အောင်ဆက်တိုက်စွမ်းဆောင်နိုင်ခဲ့ကာ၁၉၉၁ခုနှစ်မှာထွက်ခွာခဲ့ပါတယ်။

သူဟာ၂၀၀၇ခုနှစ်တုန်းကကာလတိုတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့အသင်းဟောင်းပါးမားသို့လည်းပြန်နိုင်ပါတယ်။ပါးမားဟာစီးရီးဘီသို့တန်းဆင်းသွားရပြီဆိုပေမယ့်အမေရိကန်အသင်းပိုင်ရှင်သစ်ကိုင်လီခရူးစ်နှင့်အားကစားဒါရိုက်တာဂျာဗီးယားရီဘယ်တာတို့ကစီးရီးအေသို့ပြန်လည်တက်လှမ်းရေး ကြီးမားတဲ့ရည်မှန်းချက်များရှိတဲ့ကလပ်ဖြစ်ပါတယ်။

ZawGyi

ကမာၻအႏွံ႔မွ ကမ္းလွမ္းမႈမ်ား ရရွိထားတဲ့ ေရနီယာရီ

ကေလာ္ဒီယိုေရနီယာရီကဆမ္ဒိုးရီးယားမွထြက္ခြာေတာ့မွာျဖစ္ေၾကာင္းေၾကညာခဲ့ပါတယ္။ယင္းသို႔ထြက္ခြာမႈနဲ႔အတူကေလာ္ဒီယိုေရနီယာရီအားခန႔္အပ္ရန္ကက္ဂလီယာရီ၊လိုင္ယြန္၊မကၠဆီကိုကလပ္မြန္တာေရးတို႔အျပင္ကမာၻအႏွံ႔မွကလပ္မ်ားရဲ႕ကမ္းလွမ္းမႈမ်ားရရွိထားပါတယ္။

အသက္၆၉ႏွစ္ရွိခ်ဲလ္ဆီးနည္းျပေဟာင္းဟာဆမ္ဒိုးရီးယားမွထြက္ခြာၿပီိဆိုေပမယ့္ကလပ္လက္မဲ့အျဖစ္ကာလရွည္ရွိေနမွာမဟုတ္ပါဘူး။

သူဟာအီတလီမွာဘဲဆက္လက္ရွိေနဖို႔မ်ားၿပီးနည္းျပဘဝစတင္တဲ့ေအာင္ျမင္မႈစတင္ရရွိခဲ့တဲ့ကက္ဂလီယာရီသို႔ျပန္လည္ေျပာင္းေ႐ႊ႕ဖြယ္ရွိေနပါတယ္။

ေရနီယာရီဟာ၁၉၈၈ခုႏွစ္မွာကက္ဂလီယာရီကိုစတင္ကိုင္တြယ္ခဲ့ၿပီးစီးရီးစီမွစီးရီးေအသို႔တန္းတက္ႏိုင္ေအာင္ဆက္တိုက္စြမ္းေဆာင္ႏိုင္ခဲ့ကာ၁၉၉၁ခုႏွစ္မွာထြက္ခြာခဲ့ပါတယ္။

သူဟာ၂၀၀၇ခုႏွစ္တုန္းကကာလတိုတာဝန္ထမ္းေဆာင္ခဲ့ဖူးတဲ့အသင္းေဟာင္းပါးမားသို႔လည္းျပန္ႏိုင္ပါတယ္။ပါးမားဟာစီးရီးဘီသို႔တန္းဆင္းသြားရၿပီဆိုေပမယ့္အေမရိကန္အသင္းပိုင္ရွင္သစ္ကိုင္လီခ႐ူးစ္ႏွင့္အားကစားဒါ႐ိုက္တာဂ်ာဗီးယားရီဘယ္တာတို႔ကစီးရီးေအသို႔ျပန္လည္တက္လွမ္းေရး ႀကီးမားတဲ့ရည္မွန္းခ်က္မ်ားရွိတဲ့ကလပ္ျဖစ္ပါတယ္။