ကမ္ဘာ့ဆုဖလားအများဆုံးရရှိထားတဲ့အသင်းအဖြစ် ဘယ်အသင်းရပ်တည်နေသလဲ?

ရိန်းဂျားအသင်းဟာမကြာသေးမီတုန်းကစကော့တလန်အမှတ်ပေးဖလားဆွတ်ခူးနိုင်ခဲ့မှုနဲ့အတူကမ္ဘာ့အအောင်မြင်ဆုံးအသင်းအဖြစ်ရပ်တည်နိုင်ဖို့တဖြည်းဖြည်းနီးကပ်လာခဲ့ပြီဖြစ်ပါတယ်။

စတီဗင်ဂျရတ်ဦးဆောင်တဲ့ရိန်းဂျားအသင်းဟာနောက်ဆုံးဆွတ်ခူးနိုင်ခဲ့တဲ့စကော့တလန်အမှတ်ပေးဖလားကြောင့်ကမ္ဘာ့ဆုဖလားအများဆုံးအသင်းများစာရင်းမှာဒုတိယနေရာသို့တက်လှမ်းလာနိုင်ခဲ့ပါတယ်။ရိန်းဂျားအသင်းဟာ ဆယ်စုနှစ်တစ်ခုကြာဆဲလ်တစ်အသင်းကြီးစိုးထားမှုကိုအဆုံးသတ်နိုင်ခဲ့တာဖြစ်ပြီးယင်းဆုဖလားကသူတို့ရဲ့ကလပ် သမိုင်းမှာ၁၁၆လုံးမြောက်ဆုဖလားလည်းဖြစ်ပါတယ်။

ရိန်းဂျားအသင်းဟာကမ္ဘာ့အအောင်မြင်ဆုံးအသင်းဖြစ်တဲ့အယ်လ်အလီအသင်းနှင့်ဆုဖလား၂လုံးတည်းသာကွာဟပါ တော့တယ်။အီဂျစ်ထိပ်သီးအယ်လ်အလီဟာဆုဖလား၁၁၈လုံးဖြင့်ကမ္ဘာ့အအောင်မြင်ဆုံးအသင်း အဖြစ်ရပ် တည်နေပါတယ်။တတိယအအောင်မြင်ဆုံးအသင်းအဖြစ်ဥရုဂွေးကလပ်ကလပ်နေစီယွန်နယ်ကဆုဖလား၁၁၅ဖြင့် ရပ်တည်နေပြီးဆဲလ်တစ်ကဆုဖလား၁၁၁လုံးဖြင့်အဆင့်၄နေရာမှာရပ်တည်နေပါတယ်။အဆင့်၅နေရာမှာဥရုဂွေးကလပ်ပီနာရိုးလ်ကဆုဖလား၁၀၈လုံးဖြင့်ရပ်တည်နေပါတယ်။

အဆင့်၆နှင့်အဆင့်၇နေရာမှာစပိန်ဘီလူးကြီးများဖြစ်ကြတဲ့ရီးရဲလ်မက်ဒရစ်(၉၃လုံး)နှင့်ဘာစီလိုနာ(၉၁လုံး)အသီးသီးရပ်တည်နေပါတယ်။အဆင့်၈နေရာမှာပေါ်တူဂီကလပ်ဘင်ဖီကာက၈၃လုံးဖြင့်ရပ်တည်နေပြီးအဆင့်၉နေရာမှာ ဂျော်ဒန်ကလပ်အယ်လ်ဖိုင်ဆာလီက၇၉လုံးဖြင့်ရပ်တည်နေပါတယ်။ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းဆုဖလားသုံးလုံး ဆွတ်ခူးနိုင်ခဲ့တဲ့ဘိုင်ယန်မြူးနစ်ကဆုဖလား၇၈လုံးဖြင့်အဆင့်၁၀နေရာမှာရပ်တည်နေပါတယ်။

ပရီးမီးယားလိဂ်ထိပ်သီးမန်ယူကဆုဖလား၆၆လုံးဖြင့်အင်္ဂလန်တွင်အအောင်မြင်ဆုံးအသင်းအဖြစ်ရပ်တည်နေပေမယ့် အဆင့်၁၄နေရာမှာရပ်တည်ထားနိုင်ပါတယ်။လီဗာပူးကအဆင့်၁၇နေရာမှာဆုဖလား၆၀လုံးဖြင့်ရပ်တည်နေ ပါတယ်။

ZawGyi

ကမာၻ႔ဆုဖလားအမ်ားဆုံးရရွိထားတဲ့အသင္းအျဖစ္ ဘယ္အသင္းရပ္တည္ေနသလဲ?

ရိန္းဂ်ားအသင္းဟာမၾကာေသးမီတုန္းကစေကာ့တလန္အမွတ္ေပးဖလားဆြတ္ခူးႏိုင္ခဲ့မႈနဲ႔အတူကမာၻ႔အေအာင္ျမင္ဆုံးအသင္းအျဖစ္ရပ္တည္ႏိုင္ဖို႔တျဖည္းျဖည္းနီးကပ္လာခဲ့ၿပီျဖစ္ပါတယ္။

စတီဗင္ဂ်ရတ္ဦးေဆာင္တဲ့ရိန္းဂ်ားအသင္းဟာေနာက္ဆုံးဆြတ္ခူးႏိုင္ခဲ့တဲ့စေကာ့တလန္အမွတ္ေပးဖလားေၾကာင့္ကမာၻ႔ဆုဖလားအမ်ားဆုံးအသင္းမ်ားစာရင္းမွာဒုတိယေနရာသို႔တက္လွမ္းလာႏိုင္ခဲ့ပါတယ္။ရိန္းဂ်ားအသင္းဟာ ဆယ္စုႏွစ္တစ္ခုၾကာဆဲလ္တစ္အသင္းႀကီးစိုးထားမႈကိုအဆုံးသတ္ႏိုင္ခဲ့တာျဖစ္ၿပီးယင္းဆုဖလားကသူတို႔ရဲ႕ကလပ္ သမိုင္းမွာ၁၁၆လုံးေျမာက္ဆုဖလားလည္းျဖစ္ပါတယ္။

ရိန္းဂ်ားအသင္းဟာကမာၻ႔အေအာင္ျမင္ဆုံးအသင္းျဖစ္တဲ့အယ္လ္အလီအသင္းႏွင့္ဆုဖလား၂လုံးတည္းသာကြာဟပါ ေတာ့တယ္။အီဂ်စ္ထိပ္သီးအယ္လ္အလီဟာဆုဖလား၁၁၈လုံးျဖင့္ကမာၻ႔အေအာင္ျမင္ဆုံးအသင္း အျဖစ္ရပ္ တည္ေနပါတယ္။တတိယအေအာင္ျမင္ဆုံးအသင္းအျဖစ္ဥ႐ုေဂြးကလပ္ကလပ္ေနစီယြန္နယ္ကဆုဖလား၁၁၅ျဖင့္ ရပ္တည္ေနၿပီးဆဲလ္တစ္ကဆုဖလား၁၁၁လုံးျဖင့္အဆင့္၄ေနရာမွာရပ္တည္ေနပါတယ္။အဆင့္၅ေနရာမွာဥ႐ုေဂြးကလပ္ပီနာ႐ိုးလ္ကဆုဖလား၁၀၈လုံးျဖင့္ရပ္တည္ေနပါတယ္။

အဆင့္၆ႏွင့္အဆင့္၇ေနရာမွာစပိန္ဘီလူးႀကီးမ်ားျဖစ္ၾကတဲ့ရီးရဲလ္မက္ဒရစ္(၉၃လုံး)ႏွင့္ဘာစီလိုနာ(၉၁လုံး)အသီးသီးရပ္တည္ေနပါတယ္။အဆင့္၈ေနရာမွာေပၚတူဂီကလပ္ဘင္ဖီကာက၈၃လုံးျဖင့္ရပ္တည္ေနၿပီးအဆင့္၉ေနရာမွာ ေဂ်ာ္ဒန္ကလပ္အယ္လ္ဖိုင္ဆာလီက၇၉လုံးျဖင့္ရပ္တည္ေနပါတယ္။ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းဆုဖလားသုံးလုံး ဆြတ္ခူးႏိုင္ခဲ့တဲ့ဘိုင္ယန္ျမဴးနစ္ကဆုဖလား၇၈လုံးျဖင့္အဆင့္၁၀ေနရာမွာရပ္တည္ေနပါတယ္။

ပရီးမီးယားလိဂ္ထိပ္သီးမန္ယူကဆုဖလား၆၆လုံးျဖင့္အဂၤလန္တြင္အေအာင္ျမင္ဆုံးအသင္းအျဖစ္ရပ္တည္ေနေပမယ့္ အဆင့္၁၄ေနရာမွာရပ္တည္ထားႏိုင္ပါတယ္။လီဗာပူးကအဆင့္၁၇ေနရာမွာဆုဖလား၆၀လုံးျဖင့္ရပ္တည္ေန ပါတယ္။