
တိုနီခရူးစ်ဟာရီးရဲလ်မက်ဒရစ်မှာပဲရစ်တွင်ကျင်းပတဲ့ Ballon d’Or ဆုပေးပွဲအခမ်းအနားတွင် ကမ္ဘာ့တတိယအကောင်းဆုံးကလပ်အဖြစ်သာရွေးချယ်ခြင်းခံခဲ့ရပြီးနောက်အကြီးအကျယ်ပေါက်ကွဲခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက၁၄ကြိမ်မြောက်ချန်ပီယံလိဂ်ဖလားကိုဆွတ်ခူးနိုင်ခဲ့တဲ့အပြင်လာလီဂါဖလားလည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။
မနေ့ညတုန်းက Ballon d’Or ဆုပေးပွဲအခမ်းအနားတွင်ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးကာရမ်ဘန်ဇီးမားမှာ Ballon d’Or ဆွတ်ခူးခဲ့သလို သီဘောက်ကော့တွိုက်စ်မှာလည်း ကမ္ဘာ့အကောင်းဆုံးဂိုးသမားဆုYashin Trophy ဆွတ်ခူးခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ၂၀၂၁-၂၂ရာသီတုန်းကကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုများရယူနိုင်ခဲ့ပေမဲ့ Club of the Year စာရင်းတွင်တတိယနေရာမှာသာရပ်တည်နိုင်ခဲ့ပါတယ်။
Club of the Year ဆုကိုပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးကဆွတ်ခူးသွားခဲ့ပြီး အက်ဖ်အေဖလားနှင့်ခါရာဘောင်းဖလားချန်ပီယံလီဗာပူးကဒုတိယရရှိသွားခဲ့ပါတယ်။
ဒါကြောင့်လည်းတိုနီခရူးစ်က “၂၀၂၁-၂၂ရဲ့တတိယအကောင်းဆုံးကလပ်။ရီးရဲလ်မက်ဒရစ်ပျော်ရဲ့လား”လို့ပြောကြားသွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာပြီးခဲ့တဲ့ရာသီတုန်းကချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင်မန်စီးတီးကိုလည်းကောင်း၊ဗိုလ်လုပွဲတွင်လီဗာပူးကိုလည်းကောင်းအနိုင်ယူကာ ချန်ပီယံလိဂ်ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။
ZawGyi
ကမ္ဘာ့တတိယအကောင်းဆုံးကလပ်အဖြစ်သာ ရီးရဲလ်မက်ဒရစ်ရပ်တည်နိုင်ခဲ့ပြီးနောက် တိုနီခရူးစ်ပေါက်ကွဲ