ကမ္ဘာ့တန်ဖိုးအကြီးဆုံး Rolex နာရီကို ပိုင်ဆိုင်ထားတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာအားကစားလောကမှာလုပ်ခအများဆုံးရရှိတဲ့ကစားသမားဖြစ်ပါတယ်။ဒီတော့သူဟာကမ္ဘာ့တန်ဖိုးအရှိဆုံး Rolex နာရီကိုပိုင်ဆိုင်နေမှုကလည်းအံ့ဩသင့်စရာတော့မရှိပါဘူး။

ပေါ်တူဂီဂန္ထဝင်ကစားသမားဟာယူနိုက်တက်နှင့်စာချုပ်ဖျက်သိမ်းလိုက်ပြီးတဲ့နောက်တစ်နှစ်လုပ်ခပေါင်၁၇၇သန်းတန်စာချုပ်ဖြင့်ဆော်ဒီကလပ် Al Nassr သို့ပြောင်းရွှေ့ခဲ့ပါတယ်။

သူဟာ Al Nassr သို့ရောက်လာပြီးတဲ့နောက်၅ပွဲကစားထားရာမှာ၈ဂိုးအထိသွင်းယူထားပြီး၂ကြိမ်ဖန်တီးမှုပြုလုပ်ထားနိုင်ကာဖေဖော်ဝါရီလအတွက်တစ်လတာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးထားနိုင်ပါတယ်။

သူဟာမကြာသေးမီတုန်းကဂျိတ်ပေါလ်နှင့်တွမ်မီဖူရီတို့ရဲ့ပွဲကိုသွားကြည့်စင် ဒေါ်လာ၁.၅သတန်းတန်တန်ဖိုးရှိတဲ့Franck Muller Cintree Curvex Tourbillon 0001နာရီကိုဝတ်ဆင်ခဲ့သူလည်းဖြစ်ပါတယ်။တကယ်တော့သူဟာယင်းနာရီသာမက Rolex ထုတ်တန်ဖိုးအကြီးဆုံးနာရီကိုလည်းပိုင်ဆိုင်ပါသေးတယ်။

Daily Star ရဲ့ဖော်ပြချက်အရခရစ္စတီယာနိုရော်နယ်ဒိုဟာကမ္ဘာ့တန်ဖိုးအရှိဆုံး Rolex နာရီဖြစ်တဲ့ Rolex GMT Master Ice ကိုပိုင်ဆိုင်ထားကြောင်းသိရပါတယ်။စိန်များဖြင့်စီခြယ်ထားတဲ့ယင်းနာရီရဲ့တန်ဖိုးကပေါင်၃၇၁၀၀၀ဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာRolex GMT Master Iceကို၂၀၁၉ခုနှစ်တုန်းကဝယ်ယူခဲ့တာဖြစ်ပြီးယင်းနာရီတွင်၁၈ကာရက်ရွှေဖြူနှင့်၃၀ကာရက်ရှိတန်ဖိုးကြီးစိန်များပါဝင်ပါတယ်။

ရီးရဲလ်မက်ဒရစ်နှင့်ယူနိုက်တက်စူပါစတားဟောင်းဟာနာရီအတွက်သာငွေများသုံးနေတာမဟုတ်ပါဘူး။သူဟာတန်ဖိုးကြီးစူပါပြိုင်ကားများကိုလည်းငွေများစွာပေးပြီးဝယ်ယူစုဆောင်ထားသူလည်းဖြစ်ပါတယ်။

သူဟာ၂၀၂၁ခုနှစ်၊အောက်တိုဘာလတုန်းကတစ်ကမ္ဘာလုံးတွင်၁၀စီးတည်းသာရှိတဲ့ယူရို၉.၅သန်းတန် Bugatti Centodieci ဝယ်ယူခဲ့ပါတယ်။

ZawGyi

ကမာၻ႔တန္ဖိုးအႀကီးဆုံး Rolex နာရီကို ပိုင္ဆိုင္ထားတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအားကစားေလာကမွာလုပ္ခအမ်ားဆုံးရရွိတဲ့ကစားသမားျဖစ္ပါတယ္။ဒီေတာ့သူဟာကမာၻ႔တန္ဖိုးအရွိဆုံး Rolex နာရီကိုပိုင္ဆိုင္ေနမႈကလည္းအံ့ဩသင့္စရာေတာ့မရွိပါဘူး။

ေပၚတူဂီဂႏၴဝင္ကစားသမားဟာယူႏိုက္တက္ႏွင့္စာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီးတဲ့ေနာက္တစ္ႏွစ္လုပ္ခေပါင္၁၇၇သန္းတန္စာခ်ဳပ္ျဖင့္ေဆာ္ဒီကလပ္ Al Nassr သို႔ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

သူဟာ Al Nassr သို႔ေရာက္လာၿပီးတဲ့ေနာက္၅ပြဲကစားထားရာမွာ၈ဂိုးအထိသြင္းယူထားၿပီး၂ႀကိမ္ဖန္တီးမႈျပဳလုပ္ထားႏိုင္ကာေဖေဖာ္ဝါရီလအတြက္တစ္လတာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးထားႏိုင္ပါတယ္။

သူဟာမၾကာေသးမီတုန္းကဂ်ိတ္ေပါလ္ႏွင့္တြမ္မီဖူရီတို႔ရဲ႕ပြဲကိုသြားၾကည့္စင္ ေဒၚလာ၁.၅သတန္းတန္တန္ဖိုးရွိတဲ့Franck Muller Cintree Curvex Tourbillon 0001နာရီကိုဝတ္ဆင္ခဲ့သူလည္းျဖစ္ပါတယ္။တကယ္ေတာ့သူဟာယင္းနာရီသာမက Rolex ထုတ္တန္ဖိုးအႀကီးဆုံးနာရီကိုလည္းပိုင္ဆိုင္ပါေသးတယ္။

Daily Star ရဲ႕ေဖာ္ျပခ်က္အရခရစၥတီယာႏိုေရာ္နယ္ဒိုဟာကမာၻ႔တန္ဖိုးအရွိဆုံး Rolex နာရီျဖစ္တဲ့ Rolex GMT Master Ice ကိုပိုင္ဆိုင္ထားေၾကာင္းသိရပါတယ္။စိန္မ်ားျဖင့္စီျခယ္ထားတဲ့ယင္းနာရီရဲ႕တန္ဖိုးကေပါင္၃၇၁၀၀၀ျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာRolex GMT Master Iceကို၂၀၁၉ခုႏွစ္တုန္းကဝယ္ယူခဲ့တာျဖစ္ၿပီးယင္းနာရီတြင္၁၈ကာရက္ေ႐ႊျဖဴႏွင့္၃၀ကာရက္ရွိတန္ဖိုးႀကီးစိန္မ်ားပါဝင္ပါတယ္။

ရီးရဲလ္မက္ဒရစ္ႏွင့္ယူႏိုက္တက္စူပါစတားေဟာင္းဟာနာရီအတြက္သာေငြမ်ားသုံးေနတာမဟုတ္ပါဘူး။သူဟာတန္ဖိုးႀကီးစူပါၿပိဳင္ကားမ်ားကိုလည္းေငြမ်ားစြာေပးၿပီးဝယ္ယူစုေဆာင္ထားသူလည္းျဖစ္ပါတယ္။

သူဟာ၂၀၂၁ခုႏွစ္၊ေအာက္တိုဘာလတုန္းကတစ္ကမာၻလုံးတြင္၁၀စီးတည္းသာရွိတဲ့ယူ႐ို၉.၅သန္းတန္ Bugatti Centodieci ဝယ္ယူခဲ့ပါတယ္။