ကမ္ဘာ့တန်ဖိုးအရှိဆုံးကစားသမားအဖြစ် မန်ယူတိုက်စစ်မှူးရပ်ရှ်ဖို့ဒ် ရပ်တည်
မန်ယူစတားမားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာကမ္ဘာ့တန်ဖိုးအရှိဆုံးကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့ကြောင်းသိရပါတယ်။ CIES Football Obervatory ကကမ္ဘာ့တန်ဖိုးအရှိဆုံးကစားသမား၁၀ဦးတို့ကိုကြေညာလာပြီးရပ်ရှ်ဖို့ဒ်ကထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
CIES Football Observatory ဟာ ကစားသမားရဲ့ကလပ်၊နိုင်ငံ၊ခြေစွမ်း၊ အသက်၊ စာချုပ်တို့ကိုကြည့်ကာ ကမ္ဘာ့ တန်ဖိုးအရှိဆုံးကစားသမား၁၀ဦးကိုကြေညာလာခဲ့တာဖြစ်ပါတယ်။
မန်ယူတိုက်စစ်မှူးရပ်ရှ်ဖို့ဒ်ဟာပေါင်သန်း၁၅၀ဖြင့်ကမ္ဘာ့တန်ဖိုးအရှိဆုံးကစားသမားအဖြစ်ထိပ်ဆုံးမှာရပ်တည်နိုင်ခဲ့ ပြီးဒုတိယနေရာမှာဟာလန်းကပေါင်၁၃၈သန်းဖြင့်ဒုတိယနေရာမှာရပ်တည်နေပါတယ်။တတိယနေရာလီဗာပူးနှင့် အင်္ဂလန်နောက်ခံလူထရန်းအလက်ဇန္ဒားအာနိုးကပေါင်၁၃၇သန်းဖြင့်ရပ်တည်နေပါတယ်။
အဆင့်၄နေရာမှာဘရူနိုဖာနန်ဒက်စ်ကပေါင်၁၃၇သန်းဖြင့်ရပ်တည်နေပြီးအမ်ဘက်ပီကပေါင်၁၃၅သန်းဖြင့်အဆင့်၅ နေရာမှာရပ်တည်နေပါတယ်။အဆင့်၆နေရာမှာဆန်ချိုကပေါင်၁၃၄သန်းဖြင့်လည်းကောင်း၊အဆင့်၇နေရာမှာဂျိုအာအိုဖီးလစ်ကပေါင်၁၂၈သန်းဖြင့်ရပ်တည်နေပြီးအဆင့်၈နေရာမှာအယ်လ်ဖွန်ဆိုဒါးဗီးစ်ကပေါင်၁၂၄သန်းဖြင့် ရပ်တည်နေပါတယ်။အဆင့်၉နေရာမှာစတာလင်းနဲ့အဆင့်၁၀နေရာမှာဟာဗတ်ဇ်တို့ကရပ်တည်နေပါတယ်။
စိတ်ဝင်စားဖို့ကောင်းတာကတော့ခရစ္စတီယာနိုရော်နယ်ဒိုဟာအဆင့်၁၀၀အတွင်းမှာတောင်မပါဝင်နိုင်ခဲ့ဘဲမက်ဆီကလည်းအဆင့်၉၇နေရာမှာသာရပ်တည်နိုင်ခဲ့ပါတယ်။
ZawGyi