ကမ္ဘာ့တန်ဖိုးအရှိဆုံးဘောလုံးအသင်း ၁၀ ခုစာရင်းထွက်ပေါ်လာ၊ မန်စီးတီး ထိပ်ဆုံးမှာရပ်တည်နေ

ကမ္ဘာ့တန်ဖိုးအရှိဆုံးဘောလုံးအသင်း ၁၀ သင်းစာရင်းထွက်ပေါ်လာပါတယ်။ကမ္ဘာ့တန်ဖိုးအရှိဆုံးအသင်း၁၀စာရင်းတွင်ပရီးမီးယားလိဂ်ကလပ်၄ခုပါဝင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်၅သင်းမှ၄သင်းကထိပ်ဆုံး၅သင်းစာရင်းမှာပါဝင်လာခဲ့တာလည်းဖြစ်ပါတယ်။

ကမ္ဘာ့တန်ဖိုးအရှိဆုံးအသင်းအဖြစ်မန်စီးတီးကတန်ဖိုးပေါင်၉၅၅.၆၂သန်းဖြင့်ထိပ်ဆုံးမှရပ်တည်နေပါတယ်။ဒုတိယနေရာမှချဲလ်ဆီးကတန်ဖိုးပေါင်၈၉၈.၃၂၀သန်းဖြင့်ရပ်တည်နေပြီးတတိယနေရာမှာမကြာသေးမီတုန်းကမက်ဆီကိုခေါ်ယူထားတဲ့ပီအက်စ်ဂျီကပေါင်၈၉၄.၃၈သန်းဖြင့်ရပ်တည်နေပါတယ်။

မန်ယူအသင်းကတန်ဖိုးပေါင်၈၃၅.၄၃သန်းဖြင့်စတုတ္ထနေရာမှာရပ်နေပြီးလီဗာပူးကတန်ဖိုးပေါင်၈၁၄.၀၅သန်းဖြင့်ရပ်တည်နေပါတယ်။

အဆင့်၆နေရာမှာဘိုင်ယန်မြူးနစ်ကပေါင်၇၃၆.၆၅သန်းဖြင့်လည်းကောင်း၊အဆင့်၇နေရာမှာရီးရဲလ်မက်ဒရစ်ကပေါင်သန်း၇၀၀.၆၅သန်းဖြင့်လည်းကောင်း၊အဆင့်၈နေရာမှာဘာစီလိုနာကပေါင်၆၉၄.၅၃သန်းဖြင့်လည်းကောင်း၊အဆင့်၉နေရာမှာအက်သလက်တီကိုကပေါင်၆၅၆.၄၆ဖြင့်လည်းကောင်း၊အဆင့်၁၀နေရာမှာစပါးစ်ကပေါင်၆၃၃.၆၀သန်းဖြင့်လည်းကောင်းရပ်တည်နေပါတယ်။

မန်စီးတီးဟာယခုနွေရာသီတွင်ဂျက်ဂရဲလ်လစ်ရှ်အားပေါင်သန်း၁၀၀ဖြင့်ခေါ်ယူခဲ့မှုနဲ့အတူပထမအသင်းမှတန်ဖိုးစုစုပေါင်းပေါင်၁ဘီလီယံနီးပါးရှိနေတာအံ့ဩစရာမရှိပါဘူး။၎င်းတို့ဟာ စပါးစ်အားရှုံးနိမ့်တဲ့ပွဲမှာပွဲကစားသမား၁၁ဦးရဲ့တန်ဖိုးပေါင်သန်း၅၃၀နီးပါးအထိရှိခဲ့ကာကမ္ဘာ့တန်ဖိုးအရှိဆုံးပထမအသင်းဖြင့်ပွဲထွက်ခဲ့တာဖြစ်ပါတယ်။

ZawGyi

ကမာၻ႔တန္ဖိုးအရွိဆုံးေဘာလုံးအသင္း ၁၀ ခုစာရင္းထြက္ေပၚလာ၊ မန္စီးတီး ထိပ္ဆုံးမွာရပ္တည္ေန

ကမာၻ႔တန္ဖိုးအရွိဆုံးေဘာလုံးအသင္း ၁၀ သင္းစာရင္းထြက္ေပၚလာပါတယ္။ကမာၻ႔တန္ဖိုးအရွိဆုံးအသင္း၁၀စာရင္းတြင္ပရီးမီးယားလိဂ္ကလပ္၄ခုပါဝင္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္၅သင္းမွ၄သင္းကထိပ္ဆုံး၅သင္းစာရင္းမွာပါဝင္လာခဲ့တာလည္းျဖစ္ပါတယ္။

ကမာၻ႔တန္ဖိုးအရွိဆုံးအသင္းအျဖစ္မန္စီးတီးကတန္ဖိုးေပါင္၉၅၅.၆၂သန္းျဖင့္ထိပ္ဆုံးမွရပ္တည္ေနပါတယ္။ဒုတိယေနရာမွခ်ဲလ္ဆီးကတန္ဖိုးေပါင္၈၉၈.၃၂၀သန္းျဖင့္ရပ္တည္ေနၿပီးတတိယေနရာမွာမၾကာေသးမီတုန္းကမက္ဆီကိုေခၚယူထားတဲ့ပီအက္စ္ဂ်ီကေပါင္၈၉၄.၃၈သန္းျဖင့္ရပ္တည္ေနပါတယ္။

မန္ယူအသင္းကတန္ဖိုးေပါင္၈၃၅.၄၃သန္းျဖင့္စတုတၳေနရာမွာရပ္ေနၿပီးလီဗာပူးကတန္ဖိုးေပါင္၈၁၄.၀၅သန္းျဖင့္ရပ္တည္ေနပါတယ္။

အဆင့္၆ေနရာမွာဘိုင္ယန္ျမဴးနစ္ကေပါင္၇၃၆.၆၅သန္းျဖင့္လည္းေကာင္း၊အဆင့္၇ေနရာမွာရီးရဲလ္မက္ဒရစ္ကေပါင္သန္း၇၀၀.၆၅သန္းျဖင့္လည္းေကာင္း၊အဆင့္၈ေနရာမွာဘာစီလိုနာကေပါင္၆၉၄.၅၃သန္းျဖင့္လည္းေကာင္း၊အဆင့္၉ေနရာမွာအက္သလက္တီကိုကေပါင္၆၅၆.၄၆ျဖင့္လည္းေကာင္း၊အဆင့္၁၀ေနရာမွာစပါးစ္ကေပါင္၆၃၃.၆၀သန္းျဖင့္လည္းေကာင္းရပ္တည္ေနပါတယ္။

မန္စီးတီးဟာယခုေႏြရာသီတြင္ဂ်က္ဂရဲလ္လစ္ရွ္အားေပါင္သန္း၁၀၀ျဖင့္ေခၚယူခဲ့မႈနဲ႔အတူပထမအသင္းမွတန္ဖိုးစုစုေပါင္းေပါင္၁ဘီလီယံနီးပါးရွိေနတာအံ့ဩစရာမရွိပါဘူး။၎တို႔ဟာ စပါးစ္အားရႈံးနိမ့္တဲ့ပြဲမွာပြဲကစားသမား၁၁ဦးရဲ႕တန္ဖိုးေပါင္သန္း၅၃၀နီးပါးအထိရွိခဲ့ကာကမာၻ႔တန္ဖိုးအရွိဆုံးပထမအသင္းျဖင့္ပြဲထြက္ခဲ့တာျဖစ္ပါတယ္။