ကမ္ဘာ့ထိပ်တန်းဗဟိုနောက်ခံလူနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိရန် သရဲနီနီးစပ်လာနေပြီ

မန်ယူဟာရာဖေးလ်ဗာရိန်းနှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များသဘောတူညီမှုရရှိရန်နီးစပ်နေပြီဖြစ်ကြောင်းသိရပါတယ်။မန်ယူဟာရီးရဲလ်မက်ဒရစ်ထံမှခွင့်ပြုချက်ရရှိပြီးနောက်ကစားသမားနှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိရန်ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်ဟာပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များနှင့်ပတ်သက်ပြီးသဘောတူညီမှုရရှိလျှင်အိုးထရက်ဖို့ဒ်သို့ပြောင်းရန်တံခါးဖွင့်ပေးထားသူလည်းဖြစ်ပါတယ်။တစ်ဖက်တွင်မန်ယူဟာဗာရိန်းအတွက်ပြောင်းရွှေ့ကြေးနှင့်ပတ်သက်ပြီးရီးရဲလ်မက်ဒရစ်နှင့်သဘောတူညီမှုရယူရပါဦးမယ်။

အသက်၂၈နှစ်ရှိဗာရိန်းဟာရီးရဲလ်မက်ဒရစ်တွင်ဆယ်နှစ်ကြာကစားလာခဲ့သူဖြစ်ပြီးရီးရဲလ်မက်ဒရစ်နှင့်တစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့သူလည်းဖြစ်ပါတယ်။သူ့ဘက်ကစာချုပ်သစ်ချုပ်ဆိုရန်ငြင်းပယ်မှုနဲ့အတူရီးရဲလ်မက်ဒရစ်ဟာယခုနွေရာသီမှာရောင်းချသွားတော့မှာဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးနောက်ခံလူများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခံထားရတဲ့ဗာရိန်းဟာ ရီးရဲလ်မက်ဒရစ်နှင့်အတူလာလီဂါဖလား၃ကြိမ်၊ချန်ပီယံလိဂ်ဖလား၄ကြိမ်ဆွတ်ခူးထားသူလည်းဖြစ်ပါတယ်။

ဆိုးလ်ရှားဟာအသင်းခေါင်းဆောင်မက်ဂွိုင်းယားနှင့်တွဲဖက်ရန်အတွက်ကမ္ဘာ့အဆင့်ဗဟိုနောက်ခံလူရှာဖွေနေတာဖြစ်ပြီးဗာရိန်းမှာရှားပါး ဘယ်သန်ကမ္ဘာ့အဆင့်ဗဟိုနောက်ခံလူတစ်ဦးဖြစ်ပါတယ်။

ZawGyi

ကမာၻ႔ထိပ္တန္းဗဟိုေနာက္ခံလူႏွင့္ ပုဂၢိဳလ္ေရးဆိုင္ရာသေဘာတူညီမႈရရွိရန္ သရဲနီနီးစပ္လာေနၿပီ

မန္ယူဟာရာေဖးလ္ဗာရိန္းႏွင့္ပုဂၢိဳလ္ေရးဆိုင္ရာအခ်က္အလက္မ်ားသေဘာတူညီမႈရရွိရန္နီးစပ္ေနၿပီျဖစ္ေၾကာင္းသိရပါတယ္။မန္ယူဟာရီးရဲလ္မက္ဒရစ္ထံမွခြင့္ျပဳခ်က္ရရွိၿပီးေနာက္ကစားသမားႏွင့္ပုဂၢိဳလ္ေရးဆိုင္ရာသေဘာတူညီမႈရရွိရန္ႀကိဳးပမ္းေနတာလည္းျဖစ္ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ဟာပုဂၢိဳလ္ေရးဆိုင္ရာအခ်က္အလက္မ်ားႏွင့္ပတ္သက္ၿပီးသေဘာတူညီမႈရရွိလွ်င္အိုးထရက္ဖို႔ဒ္သို႔ေျပာင္းရန္တံခါးဖြင့္ေပးထားသူလည္းျဖစ္ပါတယ္။တစ္ဖက္တြင္မန္ယူဟာဗာရိန္းအတြက္ေျပာင္းေ႐ႊ႕ေၾကးႏွင့္ပတ္သက္ၿပီးရီးရဲလ္မက္ဒရစ္ႏွင့္သေဘာတူညီမႈရယူရပါဦးမယ္။

အသက္၂၈ႏွစ္ရွိဗာရိန္းဟာရီးရဲလ္မက္ဒရစ္တြင္ဆယ္ႏွစ္ၾကာကစားလာခဲ့သူျဖစ္ၿပီးရီးရဲလ္မက္ဒရစ္ႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ေတာ့သူလည္းျဖစ္ပါတယ္။သူ႔ဘက္ကစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ျငင္းပယ္မႈနဲ႔အတူရီးရဲလ္မက္ဒရစ္ဟာယခုေႏြရာသီမွာေရာင္းခ်သြားေတာ့မွာျဖစ္ပါတယ္။

ကမာၻ႔အေကာင္းဆုံးေနာက္ခံလူမ်ားထဲမွတစ္ဦးအျဖစ္သတ္မွတ္ခံထားရတဲ့ဗာရိန္းဟာ ရီးရဲလ္မက္ဒရစ္ႏွင့္အတူလာလီဂါဖလား၃ႀကိမ္၊ခ်န္ပီယံလိဂ္ဖလား၄ႀကိမ္ဆြတ္ခူးထားသူလည္းျဖစ္ပါတယ္။

ဆိုးလ္ရွားဟာအသင္းေခါင္းေဆာင္မက္ဂြိဳင္းယားႏွင့္တြဲဖက္ရန္အတြက္ကမာၻ႔အဆင့္ဗဟိုေနာက္ခံလူရွာေဖြေနတာျဖစ္ၿပီးဗာရိန္းမွာရွားပါး ဘယ္သန္ကမာၻ႔အဆင့္ဗဟိုေနာက္ခံလူတစ္ဦးျဖစ္ပါတယ္။