ကမ္ဘာ့နိုင်ငံတိုင်းကို ကွင်းတစ်ကွင်းအမည်အား ပီလီကို ဂုဏ်ပြုမှည့်ခေါ်ရန် ဖီဖာတောင်းဆိုမည်

ဖီဖာဥက္ကဌဂျီယန်နီအင်ဖန်တီနိုကပြီးခဲ့တဲ့ပတ်ကကွယ်လွန်သွားခဲ့တဲ့ဘောလုံးဂန္ထဝင်ပီလီကိုဂုဏ်ပြုတဲ့အနေဖြင့်ကမ္ဘာ့နိုင်ငံတိုင်းအားကွင်းတစ်ကွင်းအမည်ကိုပီလီကွင်းလို့မှည့်တွင်ရန်တောင်းဆိုသွားမည်ဖြစ်ကြောင်းပြောကြားလာပါတယ်။

အသက်၈၂နှစ်ရှိပီလီဟာပြီးခဲ့တဲ့ရက်သတ္တပတ်များတွင်ကျန်းမာရေးမကောင်းမှုကြောင့်ဆေးရုံတက်ရောက်ခဲ့ရပြီးနောက်ပြီးခဲ့တဲ့အပတ်တုန်းကကွယ်လွန်သွားခဲ့ပါတယ်။

ပီလီရဲ့ရုပ်ကလပ်ကိုယနေ့တွင်ဆန်းတို့စ်ကလပ်ရဲ့ကွင်းတွင်ပရိသတ်များ နောက်ဆုံးနှုတ်ဆက်နိုင်ရန်ပြသထားပါတယ်။

ဖီဖာဥက္ကဌအင်ဖန်တီနိုကကမ္ဘာ့နိုင်ငံတိုင်းကို ကွင်းတစ်ကွင်းအမည်အား ပီလီလို့ခေါ်ဝေါ်ဂုဏ်ပြုရန်တောင်းဆိုသွားမယ်လို့ပြောကြားသွားပါတယ်။

ပီလီဟာဘောလုံးသမိုင်းတွင်ကမ္ဘာ့ဖလားသုံးကြိမ်ရယူနိုင်တဲ့တစ်ဦးတည်းသောကစားသမားအဖြစ်သမိုင်းဝင်မှတ်တိုင်စိုက်ထူထားသူလည်းဖြစ်ပါတယ်။

ပီလီရဲ့ရုပ်ကလပ်ကို ယနေ့တွင်ဆန်းတို့စ်ကွင်းတွင်ပြသထားပြီးယနေ့တွင်ပင်အသက်၁၀၀နှစ်ရှိမိခင်ဖြစ်သူနေအိမ်ကိုဖြတ်သန်းသယ်ဆောင်ကာEcumenical Memorial Necropolis ရှိသီးသန့်သင်္ချိုင်းတွင်မြှပ်နှံသွားပါမယ်။

ZawGyi






