ကမ္ဘာ့နံပါတ်တစ် FIFA21 FUT Champions ဖြစ်လာခဲ့တဲ့ လီဗာပူးရဲ့ဂျိုတာ

လီဗာပူးတိုက်စစ်သမားဒိုင်အိုဂိုဂျိုတာဟာဒဏ်ရာကြောင့်အနားယူနေစဉ်အတွင်းအချိန်ကိုအကောင်းဆုံးအသုံးချကာကမ္ဘာ့နံပါတ်တစ် FFIA ကစားသမားဖြစ်လာခဲ့ပါတယ်။

အသက်၂၄နှစ်ရှိပေါ်တူဂီလက်ရွေးစင်ကစားသမားဟာလွန်ခဲ့တဲ့နှစ်လတုန်းကမက်ဂျီလန်းနှင့်ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒူးဒဏ်ရာရရှိပြီးနောက်အနားယူလာခဲ့ရသူလည်းဖြစ်ပါတယ်။

သူဟာဘောလုံးကွင်းမှာခြေမချနိုင်ပေမယ့်လည်း Playstation မှာတော့ကမ္ဘာ့နံပါတ်တစ်ဖြစ်လာပါတယ်။ သူဟာ FIFA21 Ultimate Team Champions ရဲ့ Leaderboard စာရင်းမှာနံပါတ်တစ်နေရာမှာရပ်တည်နေပါတယ်။ပြော ရမယ်ဆိုရင်သူကကမ္ဘာ့အကောင်းဆုံးကစားသမားပါ။

ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းကအင်တာဗျူးတစ်ခုမှာတုန်းကဂျိုတာကသူဟာငယ်စဉ်တုန်းကဖခင်ဖြစ်သူက Playstation စက်တစ်ခုဝယ်ပေးပြီးနောက်အစဉ်တစိုက်ကစားလာခဲ့ကြောင်းပြောကြားသွားပါတယ်။

သူ့ရဲ့ FUT မှာ ဘရာဇီးကြယ်ပွင့်ဟောင်းရော်နယ်ဒို၊အူစီဘီယို၊ရုဒ်ဂူးလစ်၊ပက်ထရစ်ဗီအဲရာပါဝင်ပြီးဘယ်ခြမ်းတိုက် စစ်မှာသူကိုယ်သူထည့်သွင်းထားပါတယ်။ဂိုးသမားနေရာမှာဘန်လေဂိုးသမားနစ်ပုပ်ကိုထည့်သွင်းထားပါတယ်။

ဂျိုတာဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာလီဗာပူးသို့ရောက်လာပြီးနောက်၁၇ပွဲကစားရာမှာ၉ဂိုးသွင်းယူထား ပါတယ်။

ZawGyi

ကမာၻ႔နံပါတ္တစ္ FIFA21 FUT Champions ျဖစ္လာခဲ့တဲ့ လီဗာပူးရဲ႕ဂ်ိဳတာ

လီဗာပူးတိုက္စစ္သမားဒိုင္အိုဂိုဂ်ိဳတာဟာဒဏ္ရာေၾကာင့္အနားယူေနစဥ္အတြင္းအခ်ိန္ကိုအေကာင္းဆုံးအသုံးခ်ကာကမာၻ႔နံပါတ္တစ္ FFIA ကစားသမားျဖစ္လာခဲ့ပါတယ္။

အသက္၂၄ႏွစ္ရွိေပၚတူဂီလက္ေ႐ြးစင္ကစားသမားဟာလြန္ခဲ့တဲ့ႏွစ္လတုန္းကမက္ဂ်ီလန္းႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဒူးဒဏ္ရာရရွိၿပီးေနာက္အနားယူလာခဲ့ရသူလည္းျဖစ္ပါတယ္။

သူဟာေဘာလုံးကြင္းမွာေျခမခ်ႏိုင္ေပမယ့္လည္း Playstation မွာေတာ့ကမာၻ႔နံပါတ္တစ္ျဖစ္လာပါတယ္။ သူဟာ FIFA21 Ultimate Team Champions ရဲ႕ Leaderboard စာရင္းမွာနံပါတ္တစ္ေနရာမွာရပ္တည္ေနပါတယ္။ေျပာ ရမယ္ဆိုရင္သူကကမာၻ႔အေကာင္းဆုံးကစားသမားပါ။

ၿပီးခဲ့တဲ့ဒီဇင္ဘာလတုန္းကအင္တာဗ်ဴးတစ္ခုမွာတုန္းကဂ်ိဳတာကသူဟာငယ္စဥ္တုန္းကဖခင္ျဖစ္သူက Playstation စက္တစ္ခုဝယ္ေပးၿပီးေနာက္အစဥ္တစိုက္ကစားလာခဲ့ေၾကာင္းေျပာၾကားသြားပါတယ္။

သူ႔ရဲ႕ FUT မွာ ဘရာဇီးၾကယ္ပြင့္ေဟာင္းေရာ္နယ္ဒို၊အူစီဘီယို၊႐ုဒ္ဂူးလစ္၊ပက္ထရစ္ဗီအဲရာပါဝင္ၿပီးဘယ္ျခမ္းတိုက္ စစ္မွာသူကိုယ္သူထည့္သြင္းထားပါတယ္။ဂိုးသမားေနရာမွာဘန္ေလဂိုးသမားနစ္ပုပ္ကိုထည့္သြင္းထားပါတယ္။

ဂ်ိဳတာဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာလီဗာပူးသို႔ေရာက္လာၿပီးေနာက္၁၇ပြဲကစားရာမွာ၉ဂိုးသြင္းယူထား ပါတယ္။