ကမ္ဘာ့ပထမဆုံး အတွင်းဘက်သို့ဖောက်မြင်ရတဲ့ဝတ်စုံဝတ်ဆင်ပြီး ဘောစကေးပြမယ့်အသင်း

ဘောလုံးကလပ်တစ်ခုဟာကမ္ဘာ့ပထမဆုံးအတွင်းဘက်သို့ထိုးဖောက်မြင်တွေ့ရတဲ့ဝတ်စုံကိုဝတ်ဆင်ကစားကာသူတို့ရဲ့ဘောစကေးကိုပြသသွားတော့မှာဖြစ်ပါတယ်။

ဘီဒဲလ်အက်ဖ်စီအသင်းဟာ Prostat Cancer UK အတွက်ရည်ရွယ်ပြီးရာသီသစ်မှာအတွင်းဘက်သို့ဖောက်မြင်ရတဲ့ဝတ်စုံကိုဝတ်ဆင်ကစားသွားမှာလည်းဖြစ်ပါတယ်။

ဝတ်စုံရဲ့ရင်ဘတ်တွင် Don’t Fortget To Check ဆိုတဲ့စာသားပါဝင်ပြီးမျှားထိုးပြထားသလိုကျောဘက်နဲ့ခြေအိတ်တို့လည်းပေါင်ကြားမျှားထိုးပြထားတဲ့ပုံပါဝင်ပါတယ်။

North Riding League မှာကစားနေတဲ့ ယော့ခ်ရှိုင်းယားမြောက်ပိုင်းကလပ်ဟာဝတ်စုံတစ်ထည်ရောင်းချရတိုင်း၅ပေါင်စီလှူဒါန်းသွားမှာဖြစ်ပါတယ်။လက်ရှိအချိန်မှာ၎င်းတို့ဟာ Prostate Cancer UK အတွက်ပေါင်၂၀၀၀၀၀ရှာဖွေပေးထားပြီးဖြစ်ကာပေါင်၂၅၀၀၀၀အထိရရှိလာဖို့မျှော်လင့်နေပါတယ်။

အဆိုပါကအသင်းကို ကြက်/ဝက်အူချောင်းထုတ်လုပ်သူ HECK ကစပွန်ဆာပေးထားပါတယ်။

ZawGyi





