ကမ္ဘာ့ပထမဆုံး Rabona ပင်နယ်တီကာကွယ်မှုပြုလုပ်ခဲ့တဲ့ လီဗာပူးဂိုးသမားကယ်လာဟာ
လီဗာပူးဂိုးသမားကွီးဗင်ကယ်လာဟာဟာအင်္ဂါနေ့ညတုန်းကနော့ဝှစ်ချ်နှင့်ပွဲစဉ်တွင် ကမ္ဘာ့ပထမဆုံးဖြစ်လာဖို့ရှိနေတဲ့ Rabona ပင်နယ်တီကာကွယ်မှုပြုလုပ်ခဲ့ပါတယ်။
လီဗာပူးဟာမနေ့ညတုန်းကစားတဲ့နော့ဝှစ်ချ်နှင့်ခါရာဘောင်ဖလားတတိယအဆင့်ပွဲစဉ်မှာ ကာကူမီမီနာမီနို(၂ဂိုး)၊အိုရီဂီ(၁ဂိုး)တို့ရဲ့ဂိုးများဖြင့်၃-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာနော့ဝှစ်ချ်ဟာပထမပိုင်းပြီးခါမှာလီဗာပူးအတွက်ပထမဆုံးပွဲကစားခွင့်ရရှိတဲ့အသက်၁၈နှစ်အရွယ်ရှိညာနောက်ခံလူကော်နာဘရက်ဒလေကပင်နယ်တီဧရိယာအတွင်းမှာဒီမီထရက်စ်ဂျီယန်နူလက်စ်ကိုပြစ်ဒဏ်ကျူးလွန်လို့ပင်နယ်တီရခဲ့ပါတယ်။
ယင်းပင်နယ်တီကိုနော့ဝှစ်ချ်ရဲ့ခရစ္စတိုဇိုလစ်ကကန်ခဲ့ပါတယ်။သူဟာအလယ်တည့်တည့်ကိုကန်ခဲ့ပါတယ်။လီဗာပူးဂိုးသမားကွီးဗင်ကယ်လာဟာဟာဇိုလစ်ရဲ့ကန်ချက်ပါဝါနည်းပါးမှုနဲ့အတူ Rabona ကစ်ဖြင့် ညာခြေဖြင့်နောက်ချိတ်ကန်ထုတ်ခဲ့ပါတယ်။
Rabona ကစ်ကရီကာဒိုကွာရက်စ်မာ၊အဲရစ်လာမယ်လာ၊ဒီမီထရီပါယက်တို့ပြုလုပ်လေ့ရှိတဲ့ဘောလုံးကျွမ်းကျင်မှုတစ်ခုဖြစ်ပြီးအလှပဆုံးဘောလုံးကျွမ်းကျင်မှုများထဲမှတစ်ခုဖြစ်ကာတိကျမှန်ကန်ရန်လည်းလိုအပ်ပါတယ်။
ဗီဒီယိုအနှေးပြကွက်ကိုအသေအချာကြည့်မည်ဆိုပါကအိုင်းရစ်ဂိုးသမားဟာညာဖက်သို့ဒိုင်ဗင်ပစ်ပြီးနောက် အလယ်လိုင်းတွင်ကျန်ခဲ့တဲ့ညာခြေဖြင့်ဘယ်ခြေနောက်ဘက်ကနေ ပတ်ကာကာကွယ်ခဲ့တာမြင်ရပါမယ်။
ZawGyi
လီဗာပူးဂိုးသမားကွီးဗင်ကယ်လာဟာဟာအင်္ဂါနေ့ညတုန်းကနော့ဝှစ်ခ်ျနှင့်ပွဲစဉ်တွင် ကမ္ဘာ့ပထမဆုံးဖြစ်လာဖို့ရှိနေတဲ့ Rabona ပင်နယ်တီကာကွယ်မှုပြုလုပ်ခဲ့ပါတယ်။
လီဗာပူးဟာမနေ့ညတုန်းကစားတဲ့နော့ဝှစ်ခ်ျနှင့်ခါရာဘောင်ဖလားတတိယအဆင့်ပွဲစဉ်မှာ ကာကူမီမီနာမီနို(၂ဂိုး)၊အိုရီဂီ(၁ဂိုး)တို့ရဲ့ဂိုးများဖြင့်၃-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာနော့ဝှစ်ခ်ျဟာပထမပိုင်းပြီးခါမှာလီဗာပူးအတွက်ပထမဆုံးပွဲကစားခွင့်ရရှိတဲ့အသက်၁၈နှစ်အရွယ်ရှိညာနောက်ခံလူကော်နာဘရက်ဒလေကပင်နယ်တီဧရိယာအတွင်းမှာဒီမီထရက်စ်ဂျီယန်နူလက်စ်ကိုပြစ်ဒဏ်ကျူးလွန်လို့ပင်နယ်တီရခဲ့ပါတယ်။