
မန်ချက်စတာယူနိုက်တက်ဟာ၂၀၂၂ခုနှစ်အတွင်းတွင်ကွင်းအတွင်းသို့ပရိသတ်ပျမ်းမျှလာရောက်ကြည့်ရှုနှုန်းအများဆုံးအသင်း၁၀သင်းစာရင်းတွင်ပါဝင်ပါတယ်။
ယူနိုက်တက်ရဲ့အိုးထရက်ဖို့ဒ်ကွင်းဟာပြီးခဲ့တဲ့နှစ်များအတွင်းတွင်အောင်မြင်မှုလက်ခုပ်သံလျှော့ကျသွားခဲ့ပေမဲ့ပရိသတ်အားပေးမှုကတော့လျှော့ကျသွားခဲ့ခြင်းမရှိပါဘူး။
ယူနိုက်တက်ဟာအိုးထရက်ဖို့ဒ်ကွင်းပွဲစဉ်များတွင်အသင်းပိုင်ရှင်ကိုဆန္ဒပြမှုများမကြာခဏဖြစ်လေ့ရှိနေပေမဲ့လည်းပွဲကြည့်ပရိသတ်များပြားနေတုန်းဖြစ်ပါတယ်။
အိုးထရက်ဖို့ဒ်ကွင်းဟာပရိသတ်၇၄၃၁၀ဦးဆန့်ပေမဲ့လည်းတစ်ပွဲပျမ်းမျှ၇၃၆၉၀ဦးအထိလာကြည့်နေဆဲဖြစ်ပြီးပျမ်းမျှပရိသတ်လာကြည့်ရှုနှုန်းအများဆုံးကွင်းအဖြစ်ရပ်တည်နေပါတယ်။
ဒုတိယနေရာတွင်ဘာစီလိုနာကပျမ်းမျှပရိသတ်၇၁၅၆၄ဦးဖြင့်ရပ်တည်နေပါတယ်။ဘာစီလိုနာရဲ့နူးကမ့်ကွင်းဟာပရိသတ်၉၉၃၅၄ဦးအထိဆန့်ပါတယ်။တတိယနေရာမှာဒေါ့မွန်ကပျမ်းမျှပရိသတ်၆၂၈၉၄ဦးဖြင့်ရပ်တည်နေပါတယ်။
အံ့ဩသင့်စရာကောင်းတာကတော့အဆင့်၄နေရာမှာမှာ ဝက်စ်ဟမ်းကပျမ်းမျှပရိသတ်၆၁၁၁၈ဖြင့်ရပ်တည်နေတာဖြစ်ပါတယ်။စပါးစ်ရဲ့လန်ဒန်ကွင်းဟာပရိသတ်၆၂၅၀၀ဆန့်တာဖြစ်ပြီးပွဲတိုင်းနီးပါးပရိသတ်အပြည့်လာကြည့်တယ်လို့ယူဆလို့ရပါတယ်။
အဆင့်၅နေရာမှာဘိုင်ယန်မြူးနစ်(၆၀၃၆၂)၊အဆင့်၆နေရာမှာစပါးစ်(၆၀၀၉၄)၊အဆင့်၇နေရာမှာအာဆင်နယ်(၆၀၀၂၈)၊အဆင့်၈နေရာမှာဆဲလ်တစ်(၅၈၄၈၀)၊အဆင့်၉နေရာမှာအင်တာမီလန်(၅၈၄၆၄)နှင့်အဆင့်၁၀နေရာမှာအေစီမီလန်(၅၇၇၄၈)တို့ဖြစ်ပါတယ်။
ZawGyi
ကမာၻ႔ပ်မ္းမွ်ပြဲၾကည့္ပရိသတ္ အမ်ားဆုံးအသင္း ၁၀ သင္းစာရင္းတြင္ ယူႏိုက္တက္တြင္ ပါဝင္
မန္ခ်က္စတာယူႏိုက္တက္ဟာ၂၀၂၂ခုႏွစ္အတြင္းတြင္ကြင္းအတြင္းသို႔ပရိသတ္ပ်မ္းမွ်လာေရာက္ၾကည့္ရႈႏႈန္းအမ်ားဆုံးအသင္း၁၀သင္းစာရင္းတြင္ပါဝင္ပါတယ္။
ယူႏိုက္တက္ရဲ႕အိုးထရက္ဖို႔ဒ္ကြင္းဟာၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းတြင္ေအာင္ျမင္မႈလက္ခုပ္သံေလွ်ာ့က်သြားခဲ့ေပမဲ့ပရိသတ္အားေပးမႈကေတာ့ေလွ်ာ့က်သြားခဲ့ျခင္းမရွိပါဘူး။
ယူႏိုက္တက္ဟာအိုးထရက္ဖို႔ဒ္ကြင္းပြဲစဥ္မ်ားတြင္အသင္းပိုင္ရွင္ကိုဆႏၵျပမႈမ်ားမၾကာခဏျဖစ္ေလ့ရွိေနေပမဲ့လည္းပြဲၾကည့္ပရိသတ္မ်ားျပားေနတုန္းျဖစ္ပါတယ္။
အိုးထရက္ဖို႔ဒ္ကြင္းဟာပရိသတ္၇၄၃၁၀ဦးဆန႔္ေပမဲ့လည္းတစ္ပြဲပ်မ္းမွ်၇၃၆၉၀ဦးအထိလာၾကည့္ေနဆဲျဖစ္ၿပီးပ်မ္းမွ်ပရိသတ္လာၾကည့္ရႈႏႈန္းအမ်ားဆုံးကြင္းအျဖစ္ရပ္တည္ေနပါတယ္။
ဒုတိယေနရာတြင္ဘာစီလိုနာကပ်မ္းမွ်ပရိသတ္၇၁၅၆၄ဦးျဖင့္ရပ္တည္ေနပါတယ္။ဘာစီလိုနာရဲ႕ႏူးကမ့္ကြင္းဟာပရိသတ္၉၉၃၅၄ဦးအထိဆန႔္ပါတယ္။တတိယေနရာမွာေဒါ့မြန္ကပ်မ္းမွ်ပရိသတ္၆၂၈၉၄ဦးျဖင့္ရပ္တည္ေနပါတယ္။
အံ့ဩသင့္စရာေကာင္းတာကေတာ့အဆင့္၄ေနရာမွာမွာ ဝက္စ္ဟမ္းကပ်မ္းမွ်ပရိသတ္၆၁၁၁၈ျဖင့္ရပ္တည္ေနတာျဖစ္ပါတယ္။စပါးစ္ရဲ႕လန္ဒန္ကြင္းဟာပရိသတ္၆၂၅၀၀ဆန႔္တာျဖစ္ၿပီးပြဲတိုင္းနီးပါးပရိသတ္အျပည့္လာၾကည့္တယ္လို႔ယူဆလို႔ရပါတယ္။
အဆင့္၅ေနရာမွာဘိုင္ယန္ျမဴးနစ္(၆၀၃၆၂)၊အဆင့္၆ေနရာမွာစပါးစ္(၆၀၀၉၄)၊အဆင့္၇ေနရာမွာအာဆင္နယ္(၆၀၀၂၈)၊အဆင့္၈ေနရာမွာဆဲလ္တစ္(၅၈၄၈၀)၊အဆင့္၉ေနရာမွာအင္တာမီလန္(၅၈၄၆၄)ႏွင့္အဆင့္၁၀ေနရာမွာေအစီမီလန္(၅၇၇၄၈)တို႔ျဖစ္ပါတယ္။