ကမ္ဘာ့ဖလားကိုင်မြှောက်ချိန်တွင် မက်ဆီ အနက်ရောင်ခြုံထည်ဝတ်ဆင်ထားမှုနောက်ကွယ်မှ ကြီးကျယ်ခမ်းနားလှတဲ့လျို့ဝှက်ချက်

မက်ဆီဟာတနင်္ဂနွေနေ့ညတုန်းကကမ္ဘာ့ဖလားကိုင်မြှောက်ချိန်မှာအနက်ရောင်ခြုံထည်ကိုခြုံထားပါတယ်။ယင်းနောက်ကွယ်မှာကြီးကျယ်ခမ်းနားလှတဲ့ လျို့ဝှက်ချက်ကြီးတစ်ခုရှိနေပါတယ်။

အာဂျင်တီးနားနှင့်ပြင်သစ်တို့ဟာမနေ့ညတုန်းကကမ္ဘာ့ဖလားသမိုင်းတွင်အကြီးကျယ်ဆုံးဗိုလ်လုပွဲအဖြစ်ကစားခဲ့ကြပြီးကြီးမားတဲ့ပွဲအလှည့်အပြောင်းများဖြစ်ခဲ့ပါတယ်။

အာဂျင်တီးနားဟာပွဲချိန်အတွင်းပြင်သစ်နှင့်၃ဂိုးစီသရေကျခဲ့ပေမဲ့လည်းပင်နယ်တီအဆုံးအဖြတ်တွင်တော့၄-၂ဖြင့်အနိုင်ရရှိကာတတိယမြောက်ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာခဲ့ပါတယ်။

ကမ္ဘာ့ဖလားဆုချီးမြှင့်ချိန်အတွင်းမက်ဆီဟာအနက်ရောင်ခြုံထည်တစ်ခုကိုခြုံထားခဲ့ပါတယ်။

ပရိသတ်အချို့ကယင်းအနက်ရောင်ခြုံထည်ကြောင့်အာဂျင်တီးနားအင်္ကျီပျောက်ကွယ်သွားမှုနဲ့အတူ စိတ်ပျက်ခဲ့ကြပါတယ်။

တကယ်တော့ယင်းသို့အနက်ရောင်ခြုံထည်ဝတ်ဆင်ထားမှုမှာကြီးကျယ်ခမ်းနားတဲ့လျို့ဝှက်ချက်ရှိပါတယ်။

မက်ဆီဝတ်ဆင်ထားတဲ့ခြုံထည်ကို အာရတ်ဘာသာဖြင့်Beshthလို့ခေါ်ပါတယ်။အောင်ပွဲတစ်ခုရချိန်တွင်အာရတ်သူရဲကောင်းများဝတ်ဆင်တာဖြစ်ပါတယ်။

ယင်းခြုံထည်ကိုတော်ဝင်မိသားစုဝင်များသာဝင်ဆင်လေ့ရှိပြီး ကာတာဘုရင်ကမက်ဆီကို အာဂျင်တီးနားအတွက်ကမ္ဘာ့ဖလားရယူပေးတဲ့သူရဲကောင်းတစ်ဦးအဖြစ် ဂုဏ်ပြုလိုက်တာလည်းဖြစ်ပါတယ်။

ပြောရမယ်ဆိုရင်မက်ဆီကို King of Football ရဲ့ဂုဏ်ပုဒ်ကိုပေးလိုက်တာလည်းဖြစ်ပါတယ်။

မက်ဆီဟာကစားသမားဘဝတစ်လျှောက်တစ်ခုတည်းလိုသောလိုအပ်ချက်ဖြစ်တဲ့ ကမ္ဘာ့ဖလားဆုကိုကိုင်မြှောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။အခုဆိုရင်သူ့ကို GOAT လို့တရားဝင်သတ်မှတ်လိုက်နိုင်ပြီဖြစ်ပါတယ်။

ZawGyi

ကမာၻ႔ဖလားကိုင္ေျမႇာက္ခ်ိန္တြင္ မက္ဆီ အနက္ေရာင္ၿခဳံထည္ဝတ္ဆင္ထားမႈေနာက္ကြယ္မွ ႀကီးက်ယ္ခမ္းနားလွတဲ့လ်ိဳ႕ဝွက္ခ်က္

မက္ဆီဟာတနဂၤေႏြေန႔ညတုန္းကကမာၻ႔ဖလားကိုင္ေျမႇာက္ခ်ိန္မွာအနက္ေရာင္ၿခဳံထည္ကိုၿခဳံထားပါတယ္။ယင္းေနာက္ကြယ္မွာႀကီးက်ယ္ခမ္းနားလွတဲ့ လ်ိဳ႕ဝွက္ခ်က္ႀကီးတစ္ခုရွိေနပါတယ္။

အာဂ်င္တီးနားႏွင့္ျပင္သစ္တို႔ဟာမေန႔ညတုန္းကကမာၻ႔ဖလားသမိုင္းတြင္အႀကီးက်ယ္ဆုံးဗိုလ္လုပြဲအျဖစ္ကစားခဲ့ၾကၿပီးႀကီးမားတဲ့ပြဲအလွည့္အေျပာင္းမ်ားျဖစ္ခဲ့ပါတယ္။

အာဂ်င္တီးနားဟာပြဲခ်ိန္အတြင္းျပင္သစ္ႏွင့္၃ဂိုးစီသေရက်ခဲ့ေပမဲ့လည္းပင္နယ္တီအဆုံးအျဖတ္တြင္ေတာ့၄-၂ျဖင့္အႏိုင္ရရွိကာတတိယေျမာက္ကမာၻ႔ဖလားခ်န္ပီယံျဖစ္လာခဲ့ပါတယ္။

ကမာၻ႔ဖလားဆုခ်ီးျမႇင့္ခ်ိန္အတြင္းမက္ဆီဟာအနက္ေရာင္ၿခဳံထည္တစ္ခုကိုၿခဳံထားခဲ့ပါတယ္။

ပရိသတ္အခ်ိဳ႕ကယင္းအနက္ေရာင္ၿခဳံထည္ေၾကာင့္အာဂ်င္တီးနားအက်ႌေပ်ာက္ကြယ္သြားမႈနဲ႔အတူ စိတ္ပ်က္ခဲ့ၾကပါတယ္။

တကယ္ေတာ့ယင္းသို႔အနက္ေရာင္ၿခဳံထည္ဝတ္ဆင္ထားမႈမွာႀကီးက်ယ္ခမ္းနားတဲ့လ်ိဳ႕ဝွက္ခ်က္ရွိပါတယ္။

မက္ဆီဝတ္ဆင္ထားတဲ့ၿခဳံထည္ကို အာရတ္ဘာသာျဖင့္Beshthလို႔ေခၚပါတယ္။ေအာင္ပြဲတစ္ခုရခ်ိန္တြင္အာရတ္သူရဲေကာင္းမ်ားဝတ္ဆင္တာျဖစ္ပါတယ္။

ယင္းၿခဳံထည္ကိုေတာ္ဝင္မိသားစုဝင္မ်ားသာဝင္ဆင္ေလ့ရွိၿပီး ကာတာဘုရင္ကမက္ဆီကို အာဂ်င္တီးနားအတြက္ကမာၻ႔ဖလားရယူေပးတဲ့သူရဲေကာင္းတစ္ဦးအျဖစ္ ဂုဏ္ျပဳလိုက္တာလည္းျဖစ္ပါတယ္။

ေျပာရမယ္ဆိုရင္မက္ဆီကို King of Football ရဲ႕ဂုဏ္ပုဒ္ကိုေပးလိုက္တာလည္းျဖစ္ပါတယ္။

မက္ဆီဟာကစားသမားဘဝတစ္ေလွ်ာက္တစ္ခုတည္းလိုေသာလိုအပ္ခ်က္ျဖစ္တဲ့ ကမာၻ႔ဖလားဆုကိုကိုင္ေျမႇာက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။အခုဆိုရင္သူ႔ကို GOAT လို႔တရားဝင္သတ္မွတ္လိုက္ႏိုင္ၿပီျဖစ္ပါတယ္။