
ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်ကWags များကိုဒိန်းမတ်သို့လာခွင့်ပိတ်ပင်လာမှုနှင့်အတူဒိန်းမတ်ရဲ့ကမ္ဘာ့ဖလားစတားများဟာသဲကန္တရထဲမှာအထီးကျန်စွာရှင်သန်နေထိုင်လာရတော့မှာလည်းဖြစ်ပါတယ်။
စကင်ဒီနေးဗီးယန်းအသင်းဟာပုံမှန်အားဖြင့်နိုင်ငံတကာပြိုင်ပွဲကြီးတိုင်းသို့ ကစားသမားများရဲ့ချစ်သူနှင့်မိသားစုဝင်များကိုခေါ်ဆောင်လာခွင့်ပေးလေ့ရှိပါတယ်။
ဒါပေမဲ့ဒီတစ်ကြိမ်မှာတော့ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်ဟာဒိန်းမတ်စတားများအားချစ်သူနှင့်ဇနီးမယားတို့အားခေါ်ဆောင်လာခွင့်ပိတ်ပင်လာပါတယ်။
ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်မှပြောရေးဆိုခွင့်ရှိသူဂျာကော့ဘ်ဟိုယာကယခုကဲ့သို့ဆုံးဖြတ်လာရခြင်းမှာကာတာအတွက်အကျိုးအမြတ်များစွာမရရှိလာစေရန်အတွက်ဖြစ်ကြောင်းဆိုသွားပါတယ်။
ဒါကြောင့်လည်းယူနိုက်တက်စတားခရစ္စတီယန်အဲရစ်ဆင်နှင့်စပါးစ်စတားပီယာရီအီမီလီဟိုဘတ်တို့မှာအထီးကျန်တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲကြုံလာရပါမယ်။
ဒိန်းမတ်သတင်းစာ Ekstra Bladet ကအထက်ပါသတင်းကို “ကမ္ဘာ့ဖလားကောင်လေးတွေအတွက် အနမ်းနဲ့လိင်ကိစ္စမရှိဘူး”ဆိုပြီးခေါင်းစဉ်ဖြင့်ခေါင်းကြီးပိုင်းတွင်ဖော်ပြသွားပါတယ်။
ဒိန်းမတ်အသင်းဟာကာတာရဲ့လူ့အခွင့်အရေးချိုးဖောက်မှုများကိုဆန့်ကျင်နေတဲ့အသင်းဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဗလာကျင်းဒီဇိုင်းဖန်တီးထားတဲ့ ဝတ်စုံများကိုဝတ်ဆင်သွားပါမယ်။
ဒိန်းမတ်ဟာကမ္ဘာ့ဖလားအုပ်စု(ဃ)တွင်လက်ရှိချန်ပီယံပြင်သစ်၊တူနီးရှား၊ဩစတြေးလျတို့နှင့်တစ်အုပ်စုတည်းကျရောက်နေပါတယ်။
ဒိန်းမတ်က ကမ္ဘာ့ဖလားပြိုင်ပွဲသို့ကစားသမားများရဲ့ချစ်သူဇနီးမယားတို့ကိုခေါ်ဆောင်ခွင့်ပိတ်ပင်ပေမဲ့အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကအင်္ဂလန်စတားများရဲ့မိသားစုဝင်များအတွက် ငှက်ပျော်သီးကျွန်းအပန်းဖြေစခန်းကိုငှားရမ်းထားပြီးဖြစ်ပါတယ်။
ZawGyi
ကမာၻ႔ဖလားကို Wags မပါဝင္ဘဲ အထီးက်န္စြာ ျဖတ္သန္းရေတာ့မယ့္ ဒိန္းမတ္စတားမ်ား
ဒိန္းမတ္ေဘာလုံးအဖြဲ႕ခ်ဳပ္ကWags မ်ားကိုဒိန္းမတ္သို႔လာခြင့္ပိတ္ပင္လာမႈႏွင့္အတူဒိန္းမတ္ရဲ႕ကမာၻ႔ဖလားစတားမ်ားဟာသဲကႏၲရထဲမွာအထီးက်န္စြာရွင္သန္ေနထိုင္လာရေတာ့မွာလည္းျဖစ္ပါတယ္။
စကင္ဒီေနးဗီးယန္းအသင္းဟာပုံမွန္အားျဖင့္ႏိုင္ငံတကာၿပိဳင္ပြဲႀကီးတိုင္းသို႔ ကစားသမားမ်ားရဲ႕ခ်စ္သူႏွင့္မိသားစုဝင္မ်ားကိုေခၚေဆာင္လာခြင့္ေပးေလ့ရွိပါတယ္။
ဒါေပမဲ့ဒီတစ္ႀကိမ္မွာေတာ့ဒိန္းမတ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာဒိန္းမတ္စတားမ်ားအားခ်စ္သူႏွင့္ဇနီးမယားတို႔အားေခၚေဆာင္လာခြင့္ပိတ္ပင္လာပါတယ္။
ဒိန္းမတ္ေဘာလုံးအဖြဲ႕ခ်ဳပ္မွေျပာေရးဆိုခြင့္ရွိသူဂ်ာေကာ့ဘ္ဟိုယာကယခုကဲ့သို႔ဆုံးျဖတ္လာရျခင္းမွာကာတာအတြက္အက်ိဳးအျမတ္မ်ားစြာမရရွိလာေစရန္အတြက္ျဖစ္ေၾကာင္းဆိုသြားပါတယ္။
ဒါေၾကာင့္လည္းယူႏိုက္တက္စတားခရစၥတီယန္အဲရစ္ဆင္ႏွင့္စပါးစ္စတားပီယာရီအီမီလီဟိုဘတ္တို႔မွာအထီးက်န္တဲ့ကမာၻ႔ဖလားၿပိဳင္ပြဲႀကဳံလာရပါမယ္။
ဒိန္းမတ္သတင္းစာ Ekstra Bladet ကအထက္ပါသတင္းကို “ကမာၻ႔ဖလားေကာင္ေလးေတြအတြက္ အနမ္းနဲ႔လိင္ကိစၥမရွိဘူး”ဆိုၿပီးေခါင္းစဥ္ျဖင့္ေခါင္းႀကီးပိုင္းတြင္ေဖာ္ျပသြားပါတယ္။
ဒိန္းမတ္အသင္းဟာကာတာရဲ႕လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကိုဆန႔္က်င္ေနတဲ့အသင္းျဖစ္ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဗလာက်င္းဒီဇိုင္းဖန္တီးထားတဲ့ ဝတ္စုံမ်ားကိုဝတ္ဆင္သြားပါမယ္။
ဒိန္းမတ္ဟာကမာၻ႔ဖလားအုပ္စု(ဃ)တြင္လက္ရွိခ်န္ပီယံျပင္သစ္၊တူနီးရွား၊ဩစေၾတးလ်တို႔ႏွင့္တစ္အုပ္စုတည္းက်ေရာက္ေနပါတယ္။
ဒိန္းမတ္က ကမာၻ႔ဖလားၿပိဳင္ပြဲသို႔ကစားသမားမ်ားရဲ႕ခ်စ္သူဇနီးမယားတို႔ကိုေခၚေဆာင္ခြင့္ပိတ္ပင္ေပမဲ့အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကအဂၤလန္စတားမ်ားရဲ႕မိသားစုဝင္မ်ားအတြက္ ငွက္ေပ်ာ္သီးကြၽန္းအပန္းေျဖစခန္းကိုငွားရမ္းထားၿပီးျဖစ္ပါတယ္။