
ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်ကမ္ဘာ့ဖလားပြိုင်ပွဲကြည့်လိုမှုကြောင့်ဖျားတယ်ဆိုပြီးခွင့်တိုင်တဲ့အင်္ဂလန်ပရိသတ်များဟာအလုပ်အထုတ်ခံရလာဖို့ရှိနေပါတယ်။
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကိုနိုဝင်ဘာလ၂၀ရက်နေ့တွင်ကျင်းပသွားမှာဖြစ်ပြီးအင်္ဂလန်ဟာအုပ်စု(ခ)အဖွင့်ပွဲအဖြစ်နိုဝင်ဘာလ၂၁ရက်နေ့တွင်အီရန်နှင့်ကစားရပါမယ်။
ဒါကြောင့်လည်းအင်္ဂလန်ဟာကမ္ဘာ့ဖလားအဖွင့်ပွဲကိုတနင်္လာနေ့နေ့လည်ပိုင်း(ဒေသစံတော်ချိန်)တွင်ကစားရပါမယ်။ယင်းသို့အခြေအနေကြောင့်အင်္ဂလန်မှဘောလုံးဝါသနာအိုးတို့အလုပ်ကခွင့်ယူပြီးပွဲကြည့်လာဖို့ရှိပါတယ်။
ဒါပေမဲ့အင်္ဂလန်နိုင်ငံတကာဥပဒေကုမ္ပဏီ Richard Nelson LLP ကပရိသတ်များအနေဖြင့်ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းကိုအားပေးရန် ဖျားတယ်ဆိုပြီးခွင့်တိုင်လာပါကအလုပ်ဆုံးရှုံးလာရနိုင်ကြောင်းသတိပေးလာပါတယ်။
Richard Nelson LLP မှအလုပ်သမားဥပဒေရေးရာကျွမ်းကျင်သူအင်ဒရူးခနော်ပယ်က အချို့ကုမ္ပဏီများမှာဝန်ထမ်းများအားကမ္ဘာ့ဖလားပွဲကြည့်ရှုနိုင်စေရန်အတွက်နေ့လည်ပိုင်းတွင် Lunch Break အချိန်တိုးမြှင့်ပေးလာနိုင်သလို နေ့လည်ပိုင်းအလုပ်ကို ဖျက်သိမ်းပေးမှုပြုလုပ်လာနိုင်ကြောင်းဆိုထားပါတယ်။
တကယ်လို့ကုမ္ပဏီဘက်ကယင်းသို့မလုပ်လာပါကဝန်ထမ်းများအနေဖြင့် ဖျားတယ်ဆိုပြီးခွင့်မတိုင်ဘဲ Annual Leave ယူကာလုပ်ဆောင်သင့်ကြောင်းလည်းအင်ဒရူးခနော်ပယ်ကဆိုသွားပါတယ်။ခနော်ပယ်က တကယ်လို့များကုမ္ပဏီဘက်ကခွင့်တိုင်မှုကိုစစ်ဆေးကာအရေးယူလာပါကဝန်ထမ်းဘက်က တစုံတရာစောဒကမတက်နိုင်ဘဲအလုပ်ထုတ်ခံရနိုင်ကြောင်းဆိုသွားပါတယ်။
အင်္ဂလန်ဟာကမ္ဘာ့ဖလားအုပ်စုဒုတိယပွဲဖြစ်တဲ့အမေရိကန်နှင့်ပွဲနှင့် ဝေးလ်နှင့်အုပ်စုနောက်ဆုံးပွဲတို့ကိုဒေသတွင်းစံတော်ချိန် ည၇နာရီတွင်ကစားရပါမယ်။
ZawGyi
ကမာၻ႔ဖလားၾကည့္ရန္ ဖ်ားတယ္ဆိုၿပီး ခြင့္တိုင္တဲ့ အဂၤလန္ဝန္ထမ္းမ်ား အလုပ္ထုတ္ခံရႏိုင္
ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္ကမာၻ႔ဖလားၿပိဳင္ပြဲၾကည့္လိုမႈေၾကာင့္ဖ်ားတယ္ဆိုၿပီးခြင့္တိုင္တဲ့အဂၤလန္ပရိသတ္မ်ားဟာအလုပ္အထုတ္ခံရလာဖို႔ရွိေနပါတယ္။
ကာတာကမာၻ႔ဖလားၿပိဳင္ပြဲကိုႏိုဝင္ဘာလ၂၀ရက္ေန႔တြင္က်င္းပသြားမွာျဖစ္ၿပီးအဂၤလန္ဟာအုပ္စု(ခ)အဖြင့္ပြဲအျဖစ္ႏိုဝင္ဘာလ၂၁ရက္ေန႔တြင္အီရန္ႏွင့္ကစားရပါမယ္။
ဒါေၾကာင့္လည္းအဂၤလန္ဟာကမာၻ႔ဖလားအဖြင့္ပြဲကိုတနလၤာေန႔ေန႔လည္ပိုင္း(ေဒသစံေတာ္ခ်ိန္)တြင္ကစားရပါမယ္။ယင္းသို႔အေျခအေနေၾကာင့္အဂၤလန္မွေဘာလုံးဝါသနာအိုးတို႔အလုပ္ကခြင့္ယူၿပီးပြဲၾကည့္လာဖို႔ရွိပါတယ္။
ဒါေပမဲ့အဂၤလန္ႏိုင္ငံတကာဥပေဒကုမၸဏီ Richard Nelson LLP ကပရိသတ္မ်ားအေနျဖင့္ေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းကိုအားေပးရန္ ဖ်ားတယ္ဆိုၿပီးခြင့္တိုင္လာပါကအလုပ္ဆုံးရႈံးလာရႏိုင္ေၾကာင္းသတိေပးလာပါတယ္။
Richard Nelson LLP မွအလုပ္သမားဥပေဒေရးရာကြၽမ္းက်င္သူအင္ဒ႐ူးခေနာ္ပယ္က အခ်ိဳ႕ကုမၸဏီမ်ားမွာဝန္ထမ္းမ်ားအားကမာၻ႔ဖလားပြဲၾကည့္ရႈႏိုင္ေစရန္အတြက္ေန႔လည္ပိုင္းတြင္ Lunch Break အခ်ိန္တိုးျမႇင့္ေပးလာႏိုင္သလို ေန႔လည္ပိုင္းအလုပ္ကို ဖ်က္သိမ္းေပးမႈျပဳလုပ္လာႏိုင္ေၾကာင္းဆိုထားပါတယ္။
တကယ္လို႔ကုမၸဏီဘက္ကယင္းသို႔မလုပ္လာပါကဝန္ထမ္းမ်ားအေနျဖင့္ ဖ်ားတယ္ဆိုၿပီးခြင့္မတိုင္ဘဲ Annual Leave ယူကာလုပ္ေဆာင္သင့္ေၾကာင္းလည္းအင္ဒ႐ူးခေနာ္ပယ္ကဆိုသြားပါတယ္။ခေနာ္ပယ္က တကယ္လို႔မ်ားကုမၸဏီဘက္ကခြင့္တိုင္မႈကိုစစ္ေဆးကာအေရးယူလာပါကဝန္ထမ္းဘက္က တစုံတရာေစာဒကမတက္ႏိုင္ဘဲအလုပ္ထုတ္ခံရႏိုင္ေၾကာင္းဆိုသြားပါတယ္။
အဂၤလန္ဟာကမာၻ႔ဖလားအုပ္စုဒုတိယပြဲျဖစ္တဲ့အေမရိကန္ႏွင့္ပြဲႏွင့္ ေဝးလ္ႏွင့္အုပ္စုေနာက္ဆုံးပြဲတို႔ကိုေဒသတြင္းစံေတာ္ခ်ိန္ ည၇နာရီတြင္ကစားရပါမယ္။