ကမ္ဘာ့ဖလားကြောင့် အပြည့်အဝအနားရမည်ဖြစ်၍ ရာသီဝက်တွင် ဟာလန်း ပိုကောင်းလာမည်ဟု ပြိုင်ဘက်များကို ဂွါဒီယိုလာသတိပေး

မန်စီးတီးနည်းပြဂွါဒီယိုလာကအာလင်းဟာလန်းမှာကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် အပြည့်အဝအနားရရှိမည်ဖြစ်၍ ရာသီဝက်ကာလတွင်ပိုမိုကောင်းမွန်လာဦးမည်ဖြစ်ကြောင်းပြိုင်ဘက်များကိုသတိပေးပြောကြားလာပါတယ်။

ကမ္ဘာ့ထိပ်တန်းကစားသမားအမြောက်အမြားတို့ဟာကမ္ဘာ့ဖလားပြိုင်ပွဲသို့သွားရောက်ကစားကြရပါမယ်။ဒါပေမဲ့အသက်၂၂နှစ်ရှိအာလင်းဟာလန်းမှာတော့နော်ဝေမှာကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်မြင်မှုနှင့်အတူအပြည့်အဝနားရက်ရရှိလာပါမယ်။

ဂွါဒီယိုလာက “မာဘယ်လာမှာသူရှိနေလိမ့်မယ်။သေချာပါတယ်။ပြီးရင်နော်ဝေမှာရှိနေမယ်။မာဘယ်လာမှာသူဘယ်လိုနေထိုင်တယ်ဆိုတာကဒုတိယရာသီမှာသူဘယ်လိုပြီးပြည့်စုံအောင်လုပ်လာမလဲဆိုတာသက်သေပြလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

အာလင်းဟာလန်းဟာယနေ့ညတွင်အသင်းဟောင်းဒေါ့မွန်နှင့်ချန်ပီယံလိဂ်အုပ်စုပွဲရင်ဆိုင်ကစားရပါမယ်။

သူဟာနွေရာသီတွင်ဒေါ့မွန်မှပြောင်းလာပြီးနောက်မန်စီးတီးအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၂၂ဂိုးအထိသွင်းထားပြီးဖြစ်ပါတယ်။

ZawGyi

ကမာၻ႔ဖလားေၾကာင့္ အျပည့္အဝအနားရမည္ျဖစ္၍ ရာသီဝက္တြင္ ဟာလန္း ပိုေကာင္းလာမည္ဟု ၿပိဳင္ဘက္မ်ားကို ဂြါဒီယိုလာသတိေပး

မန္စီးတီးနည္းျပဂြါဒီယိုလာကအာလင္းဟာလန္းမွာကမာၻ႔ဖလားၿပိဳင္ပြဲေၾကာင့္ အျပည့္အဝအနားရရွိမည္ျဖစ္၍ ရာသီဝက္ကာလတြင္ပိုမိုေကာင္းမြန္လာဦးမည္ျဖစ္ေၾကာင္းၿပိဳင္ဘက္မ်ားကိုသတိေပးေျပာၾကားလာပါတယ္။

ကမာၻ႔ထိပ္တန္းကစားသမားအေျမာက္အျမားတို႔ဟာကမာၻ႔ဖလားၿပိဳင္ပြဲသို႔သြားေရာက္ကစားၾကရပါမယ္။ဒါေပမဲ့အသက္၂၂ႏွစ္ရွိအာလင္းဟာလန္းမွာေတာ့ေနာ္ေဝမွာကမာၻ႔ဖလားေျခစစ္ပြဲမေအာင္ျမင္မႈႏွင့္အတူအျပည့္အဝနားရက္ရရွိလာပါမယ္။

ဂြါဒီယိုလာက “မာဘယ္လာမွာသူရွိေနလိမ့္မယ္။ေသခ်ာပါတယ္။ၿပီးရင္ေနာ္ေဝမွာရွိေနမယ္။မာဘယ္လာမွာသူဘယ္လိုေနထိုင္တယ္ဆိုတာကဒုတိယရာသီမွာသူဘယ္လိုၿပီးျပည့္စုံေအာင္လုပ္လာမလဲဆိုတာသက္ေသျပလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။

အာလင္းဟာလန္းဟာယေန႔ညတြင္အသင္းေဟာင္းေဒါ့မြန္ႏွင့္ခ်န္ပီယံလိဂ္အုပ္စုပြဲရင္ဆိုင္ကစားရပါမယ္။

သူဟာေႏြရာသီတြင္ေဒါ့မြန္မွေျပာင္းလာၿပီးေနာက္မန္စီးတီးအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၂၂ဂိုးအထိသြင္းထားၿပီးျဖစ္ပါတယ္။