ကမ္ဘာ့ဖလားကွင်းများရှိ အဲယားကွန်းကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာကို အန်တိုနီဖွင့်ချလာ

ဘရာဇီးနှင့်မန်ချက်စတာယူနိုက်တက်စတားအန်တိုနီကကာတာကမ္ဘာ့ဖလားကွင်းများအတွင်းဖွင့်ထားတဲ့အဲယားကွန်းများကြောင့်နေထိုင်မကောင်းဖြစ်စေလျက်ရှိကြောင်းဖွင့်ဟလာပါတယ်။

ဘရာဇီးတောင်ပံကစားသမားဟာဆားဘီးယား၊ဆွစ်ဇာလန်တို့အားအနိုင်ရရှိကာဘရာဇီးတို့ရှုံးထွက်အဆင့်သို့တက်ရောက်နိုင်ခဲ့တဲ့ပွဲများတွင်အရန်အဖြစ်ဝင်ရောက်ကစားခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမဲ့သူဟာဆားဘီးယားကိုအဖွင့်ပွဲအနိုင်ရရှိပြီးနောက် နေထိုင်မကောင်းဖြစ်မှုနှင့်အတူဒဏ်ရာရရှိနေတဲ့နေမာ၊ဒါနီလိုတို့နှင့်အတူလေ့ကျင့်ခန်းဆင်းနိုင်ခဲ့ခြင်းမရှိပါဘူး။

ကက်စ်မီရိုနှင့်အင်တာဗျူးတွင်အန်တိုနီကကမ္ဘာ့ဖလားကွင်းများအတွင်းဖွင့်လှစ်ထားတဲ့အဲဗားကွန်းများကြောင့်နေထိုင်မကောင်းဖြစ်ရကြောင်းအပြစ်တင်လာပါတယ်။

အသက်၂၂နှစ်ရှိအန်တိုနီက “နည်းနည်းခက်ခဲတယ်။ရက်အနည်းငယ်လောက်နေလို့ထိုင်လို့မကောင်းဖြစ်ရတယ်။ပြန်လည်ကောင်းမွန်လာခဲ့တယ်။ရာနှုန်းပြည့်ကောင်းလာတယ်။နေမကောင်းဖြစ်တာ။လည်ချောင်းနာတယ်။အဲယားကွန်းကြောင့်ပါ။ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူး။အခြားကစားသမားတွေလည်းချောင်းဆိုး၊လည်ချောင်းနာကြတယ်။နေမကောင်းဖြစ်တော့ကျွန်တော့်အတွက်အရမ်းခက်ခဲရတယ်။ဒါပေမဲ့အသင်းရဲ့အရေးပါတဲ့အစိတ်အပိုင်းဖြစ်ခွင့်ရလို့ဝမ်းသာတယ်”လို့ပြောကြားသွားပါတယ်။

စပိန်အသင်းမှအယ်ဗာရိုမိုရာတာနှင့်ဒါနီကာဗာဂျယ်တို့မှာလည်းအဲယားကွန်းကြောင့်ပင်နေထိုင်မကောင်းဖြစ်ခဲ့ကြကာကော်စတာရီကာကို၇-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်အရန်ခုံမှာထိုင်နေခဲ့ကြရပါတယ်။

ZawGyi

ကမာၻ႔ဖလားကြင္းမ်ားရွိ အဲယားကြန္းေၾကာင့္ ျဖစ္ေပၚလာတဲ့ ျပႆနာကို အန္တိုနီဖြင့္ခ်လာ

ဘရာဇီးႏွင့္မန္ခ်က္စတာယူႏိုက္တက္စတားအန္တိုနီကကာတာကမာၻ႔ဖလားကြင္းမ်ားအတြင္းဖြင့္ထားတဲ့အဲယားကြန္းမ်ားေၾကာင့္ေနထိုင္မေကာင္းျဖစ္ေစလ်က္ရွိေၾကာင္းဖြင့္ဟလာပါတယ္။

ဘရာဇီးေတာင္ပံကစားသမားဟာဆားဘီးယား၊ဆြစ္ဇာလန္တို႔အားအႏိုင္ရရွိကာဘရာဇီးတို႔ရႈံးထြက္အဆင့္သို႔တက္ေရာက္ႏိုင္ခဲ့တဲ့ပြဲမ်ားတြင္အရန္အျဖစ္ဝင္ေရာက္ကစားခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမဲ့သူဟာဆားဘီးယားကိုအဖြင့္ပြဲအႏိုင္ရရွိၿပီးေနာက္ ေနထိုင္မေကာင္းျဖစ္မႈႏွင့္အတူဒဏ္ရာရရွိေနတဲ့ေနမာ၊ဒါနီလိုတို႔ႏွင့္အတူေလ့က်င့္ခန္းဆင္းႏိုင္ခဲ့ျခင္းမရွိပါဘူး။

ကက္စ္မီ႐ိုႏွင့္အင္တာဗ်ဴးတြင္အန္တိုနီကကမာၻ႔ဖလားကြင္းမ်ားအတြင္းဖြင့္လွစ္ထားတဲ့အဲဗားကြန္းမ်ားေၾကာင့္ေနထိုင္မေကာင္းျဖစ္ရေၾကာင္းအျပစ္တင္လာပါတယ္။

အသက္၂၂ႏွစ္ရွိအန္တိုနီက “နည္းနည္းခက္ခဲတယ္။ရက္အနည္းငယ္ေလာက္ေနလို႔ထိုင္လို႔မေကာင္းျဖစ္ရတယ္။ျပန္လည္ေကာင္းမြန္လာခဲ့တယ္။ရာႏႈန္းျပည့္ေကာင္းလာတယ္။ေနမေကာင္းျဖစ္တာ။လည္ေခ်ာင္းနာတယ္။အဲယားကြန္းေၾကာင့္ပါ။ကြၽန္ေတာ္တစ္ေယာက္တည္းမဟုတ္ဘူး။အျခားကစားသမားေတြလည္းေခ်ာင္းဆိုး၊လည္ေခ်ာင္းနာၾကတယ္။ေနမေကာင္းျဖစ္ေတာ့ကြၽန္ေတာ့္အတြက္အရမ္းခက္ခဲရတယ္။ဒါေပမဲ့အသင္းရဲ႕အေရးပါတဲ့အစိတ္အပိုင္းျဖစ္ခြင့္ရလို႔ဝမ္းသာတယ္”လို႔ေျပာၾကားသြားပါတယ္။

စပိန္အသင္းမွအယ္ဗာ႐ိုမိုရာတာႏွင့္ဒါနီကာဗာဂ်ယ္တို႔မွာလည္းအဲယားကြန္းေၾကာင့္ပင္ေနထိုင္မေကာင္းျဖစ္ခဲ့ၾကကာေကာ္စတာရီကာကို၇-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္အရန္ခုံမွာထိုင္ေနခဲ့ၾကရပါတယ္။