ကမ္ဘာ့ဖလားကွာတားပွဲမတိုင်မီ အင်္ဂလန်ကို စတင်ရန်စလာတဲ့ ပြင်သစ်မီဒီယာ

ပြင်သစ်အားကစားသတင်းစာ L’Equipe ဟာကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီပြင်သစ်ရဲ့ပြိုင်ဘက်အင်္ဂလန်အသင်းကိုစတင်တိုက်ခိုက်ရန်စလာပါတယ်။

အင်္ဂလန်ဟာကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်တွင်ဆီနီဂေါကို၃-ဝဂိုးဖြင့်သက်တောင့်သက်သာဖြင့်အနိုင်ရရှိကာကွာတားဖိုင်နယ်သို့တက်ခဲ့ပါတယ်။ပြင်သစ်မှာလည်းဂျရူး၊ကိုင်လီယန်ဘက်ပေးတို့ရဲ့သွင်းဂိုးတို့ဖြင့်ပိုလန်ကို၃-၁ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ပြင်သစ်နှင့်အင်္ဂလန်တို့ဟာကမ္ဘာ့ဖလားကွာတားဖိုင်နယ်တွင်ထိပ်တိုက်တွေ့နေပြီးလာမယ့်စနေနေ့မှာရင်ဆိုင်ကစားရပါမယ်။

ပြင်သစ်ထိပ်သီးသတင်းစာ L’Equipe ဟာကိုင်လီယန်ဘက်ပေးရဲ့ပိုလန်နှင့်ပွဲစဉ်မှထိပ်တန်းခြေစွမ်းကြောင့် ပြင်သစ်ရဲ့ကွာတားဖိုင်နယ်ပြိုင်ဘက်အင်္ဂလန်ကိုတိုက်ခိုက်မှုပြုလုပ်လာပါတယ်။

L’Equipe ဟာ God Save Our King လို့ခေါင်းစဉ်ပေးပြီး ဂျရူးကကိုင်လီယန်ဘက်ပေးကိုမြှောက်ချီထားတဲ့ဓာတ်ပုံကိုအသုံးပြုထားပါတယ်။

ပြင်သစ်ထိပ်သီးသတင်းစာဟာအသင်းငယ်လေးအင်္ဂလန်အသင်းနှင့်တွေ့ဆုံမှုအတွက်ကိုင်လီယန်ဘက်ပေးတို့ကံကောင်းသွားတယ်ဆိုပြီးသရော်ရေးသားသွားတာလည်းဖြစ်ပါတယ်။

ZawGyi





