
ဘရာဇီးနည်းပြတီတီကခရိုအေးရှားကိုရှုံးနိမ့်ကာကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်မှထွက်ခွာခဲ့ရပြီးနောက် ဘရာဇီးနည်းပြရာထူးမှနုတ်ထွက်တော့မည်ဖြစ်ကြောင်းအတည်ပြုလာပါတယ်။
ကမ္ဘာ့ဖလား၅ကြိမ်ချန်ပီယံဘရာဇီးဟာခရိုအေးရှားနှင့်အချိန်ပိုတွင်တစ်ဂိုးစီသရေကျပြီးနောက်ပင်နယ်အဆုံးအဖြတ်တွင်၄-၂ဖြင့်ရှုံးနိမ့်ကာပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။
ပွဲအပြီးတွင်ဘရာဇီးနည်းပြတီတီကအစောပိုင်းကတည်းက ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်ရာထူးမှထွက်ခွာရန်စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်းအတည်ပြုသွားပါတယ်။
တီတီက “ကျွန်တော့်သံသရာစက်ဝန်းပြီးဆုံးသွားပြီလို့ပြောချင်ပါတယ်။လွန်ခဲ့တဲ့တစ်နှစ်ကျော်ကတည်းကပြောထားပြီးသားပါ။စကားနှစ်ခွန်းပြောတတ်တဲ့သူစားမျိုးမဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။
အသက်၆၁နှစ်ရှိတီတီဟာဘရာဇီးကို၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်းကွာတားဖိုင်နယ်အဆင့်သို့သာပို့ဆောင်နိုင်ခဲ့ပါတယ်။သူဟာပြီးခဲ့တဲ့နှစ်ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းကဗိုလ်လုပွဲသို့ပို့ဆောင်နိုင်ခဲ့ပေမဲ့အာဂျင်တီးနားကိုရှုံးနိမ့်ကာဒုတိယဖြင့်သာကျေနပ်ခဲ့ရပါတယ်။
တဖက်တွင်ဘရာဇီးတိုက်စစ်မှူးနေမာကလည်းဘရာဇီးအတွက်ဆက်ကစားရန်မသေချာတော့ကြောင်းပြောကြားသွားပါတယ်။နေမာဟာခရိုအေးရှားနှင့်ပွဲတွင်ဘရာဇီးအတွက်ဂိုးသွင်းယူပြီးနောက်ပီလီနှင့်အတူ၇၇ဂိုးဖြင့်ဘရာဇီးသမိုင်းမှာဂိုးအများဆုံးသွင်းယူထားသူဖြစ်လာခဲ့ပါတယ်။
ZawGyi
ကမာၻ႔ဖလားကြာတားဖိုင္နယ္မွ ထြက္ရၿပီးေနာက္ ႏုတ္ထြက္ေတာ့မည္ဟု ဘရာဇီးနည္းျပတီတီအတည္ျပဳ
ဘရာဇီးနည္းျပတီတီကခ႐ိုေအးရွားကိုရႈံးနိမ့္ကာကမာၻ႔ဖလားကြာတားဖိုင္နယ္အဆင့္မွထြက္ခြာခဲ့ရၿပီးေနာက္ ဘရာဇီးနည္းျပရာထူးမွႏုတ္ထြက္ေတာ့မည္ျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။
ကမာၻ႔ဖလား၅ႀကိမ္ခ်န္ပီယံဘရာဇီးဟာခ႐ိုေအးရွားႏွင့္အခ်ိန္ပိုတြင္တစ္ဂိုးစီသေရက်ၿပီးေနာက္ပင္နယ္အဆုံးအျဖတ္တြင္၄-၂ျဖင့္ရႈံးနိမ့္ကာၿပိဳင္ပြဲမွထြက္ခြာခဲ့ရပါတယ္။
ပြဲအၿပီးတြင္ဘရာဇီးနည္းျပတီတီကအေစာပိုင္းကတည္းက ကာတာကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္ရာထူးမွထြက္ခြာရန္စီစဥ္ထားခဲ့ျခင္းျဖစ္ေၾကာင္းအတည္ျပဳသြားပါတယ္။
တီတီက “ကြၽန္ေတာ့္သံသရာစက္ဝန္းၿပီးဆုံးသြားၿပီလို႔ေျပာခ်င္ပါတယ္။လြန္ခဲ့တဲ့တစ္ႏွစ္ေက်ာ္ကတည္းကေျပာထားၿပီးသားပါ။စကားႏွစ္ခြန္းေျပာတတ္တဲ့သူစားမ်ိဳးမဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။
အသက္၆၁ႏွစ္ရွိတီတီဟာဘရာဇီးကို၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကလည္းကြာတားဖိုင္နယ္အဆင့္သို႔သာပို႔ေဆာင္ႏိုင္ခဲ့ပါတယ္။သူဟာၿပီးခဲ့တဲ့ႏွစ္ကိုပါအေမရိကဖလားၿပိဳင္ပြဲတုန္းကဗိုလ္လုပြဲသို႔ပို႔ေဆာင္ႏိုင္ခဲ့ေပမဲ့အာဂ်င္တီးနားကိုရႈံးနိမ့္ကာဒုတိယျဖင့္သာေက်နပ္ခဲ့ရပါတယ္။
တဖက္တြင္ဘရာဇီးတိုက္စစ္မႉးေနမာကလည္းဘရာဇီးအတြက္ဆက္ကစားရန္မေသခ်ာေတာ့ေၾကာင္းေျပာၾကားသြားပါတယ္။ေနမာဟာခ႐ိုေအးရွားႏွင့္ပြဲတြင္ဘရာဇီးအတြက္ဂိုးသြင္းယူၿပီးေနာက္ပီလီႏွင့္အတူ၇၇ဂိုးျဖင့္ဘရာဇီးသမိုင္းမွာဂိုးအမ်ားဆုံးသြင္းယူထားသူျဖစ္လာခဲ့ပါတယ္။