ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲတွင် အဝါကတ် ၁၅ အထိ သုံးခဲ့တဲ့ ဒိုင်လူကြီး အိမ်ပြန်ပို့ခံရ

မားတူးလာဟို့ဇ်ဟာကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်အငြင်းပွားဖွယ်ရာဆုံးဖြတ်ချက်များချမှတ်ခဲ့ပြီးတဲ့နောက်နေအိမ်သို့ပြန်သွားခဲ့ရပြီဖြစ်ပါတယ်။

လာဟို့ဇ်ဟာသူ့ရဲ့ကမ္ဘာ့ဖလားနောက်ဆုံးပွဲအဖြစ်အာဂျင်တီးနားနှင့်-နယ်သာလန်ပွဲကိုကိုင်တွယ်ခဲ့ပြီးယင်းပွဲတွင်အဝါကတ်၁၅အထိပြသခဲ့ပါတယ်။

လာဟို့စ်ရဲ့ပွဲအပေါ်ကြီးကြပ်မှုကိုနယ်သာလန်နှင့်အာဂျင်တီးနားကစားသမားများကဝေဖန်မှုများပြုလုပ်ခဲ့ကြပါတယ်။

နယ်သာလန်နှင့်ပွဲအပြီးတွင်မက်ဆီက “အရေးယူခံရမှာဆိုတော့ဒိုင်လူကြီးနဲ့ပတ်သက်ပြီးမပြောချင်ပါဘူး။ဒါပေမဲ့လူတွေ ဘာတွေဖြစ်ခဲ့တယ်ဆိုတာမြင်ခဲ့ကြပါတယ်။ဒီကိစ္စကိုဖီဖာဂရုတစိုက်လုပ်ရပါမယ်။ဒီလိုအရေးပါပွဲမျိုးကိုဒီလိုဒိုင်မျိုးကိုမကိုင်တွယ်စေသင့်ပါဘူး”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်အာဂျင်တီးနားဂိုးသမားမာတီနက်ဇ်ကလည်း “ဒီဒိုင်ကဘာပဲဖြစ်ဖြစ်သူတို့(နယ်သာလန်)ကိုပေးနေတော့ပဲ။ဘာအကြောင်းပြချက်မှမရှိဘဲအချိန်ပို၁၀မိနစ်ပေးတယ်။ဧရိယာအပြင်မှာသူတို့ကိုဖရီးကစ်ပေးတယ်။သူကသူတို့ကိုဂိုးသွင်းစေချင်နေတာပါ။တကယ်ပါ။ဒီဒိုင်ကိုနောက်ထပ်မတွေ့ချင်တော့ဘူး။သူကအသုံးမကျတဲ့သူပါ”လို့ဝေဖန်သွားပါတယ်။

ယခုအခါမှာတော့လာဟို့ဇ်ဟာကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲများနှင့်ဗိုလ်လုပွဲများတွင်ကိုင်တွယ်ရန်ရွေးချယ်ခြင်းမခံရမှုနှင့်အတူစပိန်သို့ပြန်စေလွှတ်ခြင်းခံလာရပြီဖြစ်ပါတယ်။

ZawGyi

ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲတြင္ အဝါကတ္ ၁၅ အထိ သုံးခဲ့တဲ့ ဒိုင္လူႀကီး အိမ္ျပန္ပို႔ခံရ

မားတူးလာဟို႔ဇ္ဟာကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲစဥ္အျငင္းပြားဖြယ္ရာဆုံးျဖတ္ခ်က္မ်ားခ်မွတ္ခဲ့ၿပီးတဲ့ေနာက္ေနအိမ္သို႔ျပန္သြားခဲ့ရၿပီျဖစ္ပါတယ္။

လာဟို႔ဇ္ဟာသူ႔ရဲ႕ကမာၻ႔ဖလားေနာက္ဆုံးပြဲအျဖစ္အာဂ်င္တီးနားႏွင့္-နယ္သာလန္ပြဲကိုကိုင္တြယ္ခဲ့ၿပီးယင္းပြဲတြင္အဝါကတ္၁၅အထိျပသခဲ့ပါတယ္။

လာဟို႔စ္ရဲ႕ပြဲအေပၚႀကီးၾကပ္မႈကိုနယ္သာလန္ႏွင့္အာဂ်င္တီးနားကစားသမားမ်ားကေဝဖန္မႈမ်ားျပဳလုပ္ခဲ့ၾကပါတယ္။

နယ္သာလန္ႏွင့္ပြဲအၿပီးတြင္မက္ဆီက “အေရးယူခံရမွာဆိုေတာ့ဒိုင္လူႀကီးနဲ႔ပတ္သက္ၿပီးမေျပာခ်င္ပါဘူး။ဒါေပမဲ့လူေတြ ဘာေတြျဖစ္ခဲ့တယ္ဆိုတာျမင္ခဲ့ၾကပါတယ္။ဒီကိစၥကိုဖီဖာဂ႐ုတစိုက္လုပ္ရပါမယ္။ဒီလိုအေရးပါပြဲမ်ိဳးကိုဒီလိုဒိုင္မ်ိဳးကိုမကိုင္တြယ္ေစသင့္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္အာဂ်င္တီးနားဂိုးသမားမာတီနက္ဇ္ကလည္း “ဒီဒိုင္ကဘာပဲျဖစ္ျဖစ္သူတို႔(နယ္သာလန္)ကိုေပးေနေတာ့ပဲ။ဘာအေၾကာင္းျပခ်က္မွမရွိဘဲအခ်ိန္ပို၁၀မိနစ္ေပးတယ္။ဧရိယာအျပင္မွာသူတို႔ကိုဖရီးကစ္ေပးတယ္။သူကသူတို႔ကိုဂိုးသြင္းေစခ်င္ေနတာပါ။တကယ္ပါ။ဒီဒိုင္ကိုေနာက္ထပ္မေတြ႕ခ်င္ေတာ့ဘူး။သူကအသုံးမက်တဲ့သူပါ”လို႔ေဝဖန္သြားပါတယ္။

ယခုအခါမွာေတာ့လာဟို႔ဇ္ဟာကမာၻ႔ဖလားဆီမီးဖိုင္နယ္ပြဲမ်ားႏွင့္ဗိုလ္လုပြဲမ်ားတြင္ကိုင္တြယ္ရန္ေ႐ြးခ်ယ္ျခင္းမခံရမႈႏွင့္အတူစပိန္သို႔ျပန္ေစလႊတ္ျခင္းခံလာရၿပီျဖစ္ပါတယ္။