
ကမ္ဘာ့ဖလားစူပါကွန်ပျူတာတစ်ခုဟာကွာတားဖိုင်နယ်မှစတင်ပြီးကမ္ဘာ့ဖလားပြိုင်ပွဲပြီးတဲ့အထိဘယ်လိုရလဒ်ထွက်ပေါ်လာမယ်ဆိုတာဟောကိန်းထုတ်လာပါတယ်။
စူပါကွန်ပျူတာကအင်္ဂလန်အသင်းဟာလာမယ့်စနေနေ့ကွာတားဖိုင်နယ်မှာပြင်သစ်ကိုရှုံးနိမ့်ပြီးပြိုင်ပွဲမှထွက်ရမယ်လို့ဟောကိန်းထုတ်သွားပါတယ်။
ဆောက်ဂိတ်ဟာအင်္ဂလန်အသင်းဟာကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်သို့နှစ်ကြိမ်ဆက်တိုက်တက်ရန်မျှော်လင့်ထားခဲ့ပေမဲ့လည်းစူပါကွန်ပျူတာကကွာတားမှထွက်ခွာရမယ်လို့ဆိုထားပါတယ်။
ဒါ့အပြင်စူပါကွန်ပျူတာBonusCodeBetsကမက်ဆီရဲ့အာဂျင်တီးနားမှာနယ်သာလန်ကိုအနိုင်ယူပြီးလည်းကောင်း၊ဘရာဇီးမှာခရိုအေးရှားကိုအနိုင်ယူပြီးလည်းကောင်း၊ပေါ်တူဂီမှာမော်ရိုကိုအနိုင်ယူပြီးလည်းကောင်းဆီမီးဖိုင်နယ်သို့တက်မယ်လို့ဟောကိန်းထုတ်သွားပါတယ်။
ဆက်လက်ပြီးစူပါကွန်ပျူတာကဆီမီးဖိုင်နယ်တွင်ဘရာဇီးကအာဂျင်တီးနားကိုလည်းကောင်း၊ပြင်သစ်ကပေါ်တူဂီကိုလည်းကောင်းအသီးသီးအနိုင်ယူကာဗိုလ်လုပွဲသို့တက်မယ်လို့ဆိုသွားပါတယ်။
ဒါပေမဲ့ဗိုလ်လုပွဲမှာတော့နေမာရဲ့ဘရာဇီးအသင်းကပြင်သစ်ကိုအနိုင်ယူပြီးခြောက်ကြိမ်မြောက်ကမ္ဘာ့ဖလားရယူမယ်လို့ဟောကိန်းထုတ်သွားပါတယ်။
စူပါကွန်ပျူတာရဲ့ဟောကိန်းမှန်/မမှန်စောင့်ကြည့်သွားရပါတော့မယ်။
ZawGyi
ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်များကို စူပါကွန်ပျူတာဟောကိန်းထုတ်လာ