
ဘရာဇီးတိုက်စစ်မှူးနေမာကကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်မှထွက်ခွာခဲ့ရပြီးနောက်ဘရာဇီးအသင်းတွင်ဆက်လက်ကစားရန်မသေချာတော့ကြောင်းဖွင့်ဟပြောကြားလာပါတယ်။
ချန်ပီယံဖြစ်ရန်ရေပန်းအစားဆုံးဖြစ်နေတဲ့ဘရာဇီးဟာမနေ့ညတုန်းကခရိုအေးရှားနှင့်တစ်ဂိုးစီသရေကျပြီးနောက်ပင်နယ်တီအဆုံးအဖြတ်တွင်ရှုံးနိမ့်ကာကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်မှနှစ်ကြိမ်ဆက်ထွက်ခွာခဲ့ရပါတယ်။
အသက်၃၀နှစ်ရှိနေမာဟာယင်းပွဲစဉ်တွင်ဘရာဇီးအတွက်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပီလီနှင့်အတူ ၇၇ဂိုးဖြင့်ဘရာဇီးသမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်လာနိုင်ခဲ့ပါတယ်။
သူဟာအသက်၁၈နှစ်အရွယ်ကတည်းကဘရာဇီးအတွက်ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး၁၂၄ပွဲကစားကာ၇၇ဂိုးသွင်းယူထားနိုင်ပါတယ်။
နေမာက “နည်းနည်းအချိန်ယူစဉ်းစားရပါမယ်။လက်ရွေးစင်အသင်းအတွက်တံခါးတော့မပိတ်သေးပါဘူး။ပြန်ကစားမယ်လို့တော့၁၀၀ရာခိုင်နှုန်းအာမမခံနိုင်ဘူး။အချိန်အနည်းငယ်ယူစဉ်းစားပြီးကျွန်တော့်အတွက်ရောလက်ရွေးစင်အသင်းအတွက်ပါအကောင်းဆုံးဖြစ်မယ့်ဆုံးဖြတ်ချက်ချပါမယ်”လို့ပြောကြားသွားပါတယ်။
နေမာဟာ၂၀၁၄ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကဆီမီးဖိုင်နယ်တွင်ဂျာမနီကို၇-၁ဖြင့်လည်းကောင်း၊၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကကွာတားတွင်ဘယ်လ်ဂျီယံကို၂-၁ဖြင့်လည်းကောင်းရှုံးနိမ့်ခဲ့ရပါတယ်။
ဘရာဇီးနည်းပြတီတီမှာလည်းကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှထွက်ခွာခဲ့ရပြီးနောက်ရာထူးမှနုတ်ထွက်တော့မယ်လို့ကြေညာသွားပါတယ်။
ZawGyi
ကမာၻ႔ဖလားကြာတားမွ ထြက္ခြာရၿပီးေနာက္ ဘရာဇီးလက္ေ႐ြးစင္မွ အနားယူလာဖို႔ ရွိေနတဲ့ ေနမာ
ဘရာဇီးတိုက္စစ္မႉးေနမာကကမာၻ႔ဖလားကြာတားဖိုင္နယ္အဆင့္မွထြက္ခြာခဲ့ရၿပီးေနာက္ဘရာဇီးအသင္းတြင္ဆက္လက္ကစားရန္မေသခ်ာေတာ့ေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။
ခ်န္ပီယံျဖစ္ရန္ေရပန္းအစားဆုံးျဖစ္ေနတဲ့ဘရာဇီးဟာမေန႔ညတုန္းကခ႐ိုေအးရွားႏွင့္တစ္ဂိုးစီသေရက်ၿပီးေနာက္ပင္နယ္တီအဆုံးအျဖတ္တြင္ရႈံးနိမ့္ကာကမာၻ႔ဖလားကြာတားဖိုင္နယ္အဆင့္မွႏွစ္ႀကိမ္ဆက္ထြက္ခြာခဲ့ရပါတယ္။
အသက္၃၀ႏွစ္ရွိေနမာဟာယင္းပြဲစဥ္တြင္ဘရာဇီးအတြက္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ပီလီႏွင့္အတူ ၇၇ဂိုးျဖင့္ဘရာဇီးသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္လာႏိုင္ခဲ့ပါတယ္။
သူဟာအသက္၁၈ႏွစ္အ႐ြယ္ကတည္းကဘရာဇီးအတြက္ကစားခြင့္ရရွိခဲ့တာျဖစ္ၿပီး၁၂၄ပြဲကစားကာ၇၇ဂိုးသြင္းယူထားႏိုင္ပါတယ္။
ေနမာက “နည္းနည္းအခ်ိန္ယူစဥ္းစားရပါမယ္။လက္ေ႐ြးစင္အသင္းအတြက္တံခါးေတာ့မပိတ္ေသးပါဘူး။ျပန္ကစားမယ္လို႔ေတာ့၁၀၀ရာခိုင္ႏႈန္းအာမမခံႏိုင္ဘူး။အခ်ိန္အနည္းငယ္ယူစဥ္းစားၿပီးကြၽန္ေတာ့္အတြက္ေရာလက္ေ႐ြးစင္အသင္းအတြက္ပါအေကာင္းဆုံးျဖစ္မယ့္ဆုံးျဖတ္ခ်က္ခ်ပါမယ္”လို႔ေျပာၾကားသြားပါတယ္။
ေနမာဟာ၂၀၁၄ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကဆီမီးဖိုင္နယ္တြင္ဂ်ာမနီကို၇-၁ျဖင့္လည္းေကာင္း၊၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကကြာတားတြင္ဘယ္လ္ဂ်ီယံကို၂-၁ျဖင့္လည္းေကာင္းရႈံးနိမ့္ခဲ့ရပါတယ္။
ဘရာဇီးနည္းျပတီတီမွာလည္းကမာၻ႔ဖလားကြာတားဖိုင္နယ္မွထြက္ခြာခဲ့ရၿပီးေနာက္ရာထူးမွႏုတ္ထြက္ေတာ့မယ္လို႔ေၾကညာသြားပါတယ္။