ကမ္ဘာ့ဖလားချန်ပီယံဓာတ်ပုံဖြင့် ရော်နယ်ဒိုရဲ့အင်စတာဂရမ် Like အများဆုံး စံချိန်ကို ရိုက်ချိုးလိုက်တဲ့ လီယွန်နယ်မက်ဆီ

လီယွန်နယ်မက်ဆီဟာခရစ္စတီယာနိုရော်နယ်ဒိုကိုနောက်ထပ်တစ်ကြိမ်အလဲထိုးလာပြန်ပါပြီ။

လီယွန်နယ်မက်ဆီဟာကမ္ဘာ့ဖလားကိုင်မြှောက်ထားတဲ့ဓာတ်ပုံဖြင့်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အင်စတာဂရမ်သမိုင်းတွင် Like အများဆုံးရရှိတဲ့ အားကစားသမားတစ်ဦးရဲ့ဓာတ်ပုံစံချိန်ကိုရိုက်ချိုးလိုက်ပါတယ်။

အသက်၃၅နှစ်ရှိလီယွန်နယ်မက်ဆီဟာအာဂျင်တီးနားကိုတတိယမြောက်ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်ဦးဆောင်ကာဘောလုံးသမိုင်းတွင်သူ့အမည်ထာဝရရှင်သန်နေနိုင်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီလီယွန်နယ်မက်ဆီနှင့်တွဲကာ Louis Vuitton ကစပွန်ဆာပြုလုပ်တဲ့ဓာတ်ပုံဖြင့်အင်စတာဂရမ်သမိုင်းတွင်Like အများဆုံးရရှိတဲ့စံချိန်ကိုရေးထိုးခဲ့ပါတယ်။ယင်းဓာတ်ပုံတွင်ခရစ္စတီယာနိုရော်နယ်ဒိုနှင့်မက်ဆီတို့ဟာ Louis Vuitton သေတ္တာပေါ်တွင်စတုရင်ကစားနေကြတာဖြစ်ပါတယ်။ ယင်းဓာတ်ပုံဟာ Like ၄၁.၉သန်းအထိရရှိခဲ့ပါတယ်။

ဒါပေမဲ့မက်ဆီဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့စံချိန်ကိုတနင်္လာနေ့မှာဘဲရိုက်ချိုးလိုက်နိုင်ခဲ့ပါတယ်။မက်ဆီရဲ့ကမ္ဘာ့ဖလားကိုင်မြှောက်ထားတဲ့ဓာတ်ပုံဟာ ပုံတင်ပြီး၁၇နာရီအကြာမှာဘဲ Like ၄၃.၄သန်းရရှိခဲ့ပါတယ်။

မက်ဆီရဲ့ယင်းပို့စ်ဟာအင်စတာဂရမ်သမိုင်းတွင် Like အများဆုံးရရှိတဲ့ ပုံအဖြစ်ရပ်တည်နေတဲ့ ကြက်ဥပုံစံချိန်ကိုရိုက်ချိုးလာနိုင်ပါသေးတယ်။ကြက်ဥပုံက Like ၅၆.၁သန်းဖြင့်ရပ်တည်နေတာပါ။

ZawGyi

ကမာၻ႔ဖလားခ်န္ပီယံဓာတ္ပုံျဖင့္ ေရာ္နယ္ဒိုရဲ႕အင္စတာဂရမ္ Like အမ်ားဆုံး စံခ်ိန္ကို ႐ိုက္ခ်ိဳးလိုက္တဲ့ လီယြန္နယ္မက္ဆီ

လီယြန္နယ္မက္ဆီဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုေနာက္ထပ္တစ္ႀကိမ္အလဲထိုးလာျပန္ပါၿပီ။

လီယြန္နယ္မက္ဆီဟာကမာၻ႔ဖလားကိုင္ေျမႇာက္ထားတဲ့ဓာတ္ပုံျဖင့္ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အင္စတာဂရမ္သမိုင္းတြင္ Like အမ်ားဆုံးရရွိတဲ့ အားကစားသမားတစ္ဦးရဲ႕ဓာတ္ပုံစံခ်ိန္ကို႐ိုက္ခ်ိဳးလိုက္ပါတယ္။

အသက္၃၅ႏွစ္ရွိလီယြန္နယ္မက္ဆီဟာအာဂ်င္တီးနားကိုတတိယေျမာက္ကမာၻ႔ဖလားခ်န္ပီယံျဖစ္ေအာင္ဦးေဆာင္ကာေဘာလုံးသမိုင္းတြင္သူ႔အမည္ထာဝရရွင္သန္ေနႏိုင္ေအာင္လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီလီယြန္နယ္မက္ဆီႏွင့္တြဲကာ Louis Vuitton ကစပြန္ဆာျပဳလုပ္တဲ့ဓာတ္ပုံျဖင့္အင္စတာဂရမ္သမိုင္းတြင္Like အမ်ားဆုံးရရွိတဲ့စံခ်ိန္ကိုေရးထိုးခဲ့ပါတယ္။ယင္းဓာတ္ပုံတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္မက္ဆီတို႔ဟာ Louis Vuitton ေသတၱာေပၚတြင္စတုရင္ကစားေနၾကတာျဖစ္ပါတယ္။ ယင္းဓာတ္ပုံဟာ Like ၄၁.၉သန္းအထိရရွိခဲ့ပါတယ္။

ဒါေပမဲ့မက္ဆီဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕စံခ်ိန္ကိုတနလၤာေန႔မွာဘဲ႐ိုက္ခ်ိဳးလိုက္ႏိုင္ခဲ့ပါတယ္။မက္ဆီရဲ႕ကမာၻ႔ဖလားကိုင္ေျမႇာက္ထားတဲ့ဓာတ္ပုံဟာ ပုံတင္ၿပီး၁၇နာရီအၾကာမွာဘဲ Like ၄၃.၄သန္းရရွိခဲ့ပါတယ္။

မက္ဆီရဲ႕ယင္းပို႔စ္ဟာအင္စတာဂရမ္သမိုင္းတြင္ Like အမ်ားဆုံးရရွိတဲ့ ပုံအျဖစ္ရပ္တည္ေနတဲ့ ၾကက္ဥပုံစံခ်ိန္ကို႐ိုက္ခ်ိဳးလာႏိုင္ပါေသးတယ္။ၾကက္ဥပုံက Like ၅၆.၁သန္းျဖင့္ရပ္တည္ေနတာပါ။