ကမ္ဘာ့ဖလားချန်ပီယံဖြစ်ကာ ကာလရှည်အိပ်မက်ဖြစ်မြောက်လာပြီးနောက် မာရာဒိုနာရဲ့ဂန္ထဝင်အောင်ပွဲခံမှုကဲ့သို့ အောင်ပွဲခံခဲ့တဲ့ မက်ဆီ

လီယွန်နယ်မက်ဆီဟာကမ္ဘာ့ဖလားချန်ပီယံဖြစ်ကာကာလရှည်ကြာမက်လာခဲ့တဲ့အိပ်မက်အကောင်အထည်ဖော်နိုင်ခဲ့ပြီးနောက်ဒီယေဂိုမာရာဒိုနာရဲ့၁၉၈၆ ကမ္ဘာ့ဖလားချန်ပီယံဖြစ်စဉ်က ဂန္ထဝင်အောင်ပွဲခံမှုကဲ့သို့အောင်ပွဲခံခဲ့ပါတယ်။

အာဂျင်တီးနားဟာမနေ့ညတုန်းကပြင်သစ်ကိုပွဲချိန်အတွင်း၃ဂိုးစီသရေကျပြီးနောက်ပင်နယ်တီအဆုံးအဖြတ်တွင်၄-၂ဖြင့်အနိုင်ရရှိကာကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက်မက်ဆီဟာကစားဖော်ဟောင်းဆာဂျီယိုအဂွဲရိုးရဲ့ဂုတ်ပေါ်ခွကာမာရာဒိုနာကဲ့သို့ပင် ကမ္ဘာ့ဖလားကိုလေထဲမြှောက်ချီပြီးအောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက်မက်ဆီက “ကျွန်တော်ဟာကံကောင်းထောက်မစွာဆုအားလုံးနီးပါးဆွတ်ခူးခဲ့တယ်။ကျွန်တော့်မှာလိုအပ်နေတာဒါတစ်ခုပဲရှိတော့တယ်။ဒီဖလားကကျွန်တော့်တစ်ဘဝလုံးလိုချင်နေခဲ့တဲ့ဆုပါ။ဒါကကျွန်တော်ကလေးဘဝကတည်းကမက်လာခဲ့တဲ့အိပ်မက်ပါ။တကယ့်ကိုရူးချင်စရာကောင်းတယ်။အလှပဆုံးအချိန်ပဲ။သူ့ကို(ကမ္ဘာ့ဖလား)ကြည့်လိုက်။ဘယ်လောက်တောင်လှလိုက်သလဲ။အရမ်းလိုချင်ခဲ့တယ်။အခုတကယ်ဖြစ်လာပြီ။ဘုရားသခင်ကဒါကိုကျွန်တော့်ကိုပေးလာမယ်ဆိုတာသိထားပြီးသားပါ။တကယ့်ကိုရိုးရှင်းလှတဲ့မယုံကြည်နိုင်စရာတစ်ခုပါ။ကျွန်တော့်အတွက်တကယ့်ကိုပျော်စရာကြီးပါ”လို့ပြောကြားသွားပါတယ်။

Ballon d’Or ခုနှစ်ကြိမ်ရမက်ဆီဟာချန်ပီယံလိဂ်ဖလား၄ကြိမ်ဆွတ်ခူးထားတဲ့အပြင် ၂၀၂၁ကိုပါအမေရိကဖလားလည်းဆွတ်ခူးထားနိုင်ပါတယ်။မက်ဆီဟာကမ္ဘာ့ဖလားရွှေဖိနပ်ဆုနဲ့လွဲခဲ့ရပေမဲ့ အကောင်းဆုံးကစားသမားဆု Golden Ballကိုရယူနိုင်ခဲ့ပါတယ်။

အာဂျင်တီးနားဟာကမ္ဘာ့ဖလားချန်ပီယံဖြစ်မှုနဲ့အတူ အင်္ကျီတွင်ကြယ်သုံးပွင့်တပ်ဆင်ခွင့်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။အာဂျင်တီးနားအသင်းဟာကာတာတွင်သာမကမွေးရပ်မြေအာဂျင်တီးနားတွင်လည်းအောင်ပွဲခံသွားပါဦးမယ်။

ZawGyi

ကမာၻ႔ဖလားခ်န္ပီယံျဖစ္ကာ ကာလရွည္အိပ္မက္ျဖစ္ေျမာက္လာၿပီးေနာက္ မာရာဒိုနာရဲ႕ဂႏၴဝင္ေအာင္ပြဲခံမႈကဲ့သို႔ ေအာင္ပြဲခံခဲ့တဲ့ မက္ဆီ

လီယြန္နယ္မက္ဆီဟာကမာၻ႔ဖလားခ်န္ပီယံျဖစ္ကာကာလရွည္ၾကာမက္လာခဲ့တဲ့အိပ္မက္အေကာင္အထည္ေဖာ္ႏိုင္ခဲ့ၿပီးေနာက္ဒီေယဂိုမာရာဒိုနာရဲ႕၁၉၈၆ ကမာၻ႔ဖလားခ်န္ပီယံျဖစ္စဥ္က ဂႏၴဝင္ေအာင္ပြဲခံမႈကဲ့သို႔ေအာင္ပြဲခံခဲ့ပါတယ္။

အာဂ်င္တီးနားဟာမေန႔ညတုန္းကျပင္သစ္ကိုပြဲခ်ိန္အတြင္း၃ဂိုးစီသေရက်ၿပီးေနာက္ပင္နယ္တီအဆုံးအျဖတ္တြင္၄-၂ျဖင့္အႏိုင္ရရွိကာကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့ပါတယ္။

ကမာၻ႔ဖလားခ်န္ပီယံျဖစ္ၿပီးေနာက္မက္ဆီဟာကစားေဖာ္ေဟာင္းဆာဂ်ီယိုအဂြဲ႐ိုးရဲ႕ဂုတ္ေပၚခြကာမာရာဒိုနာကဲ့သို႔ပင္ ကမာၻ႔ဖလားကိုေလထဲေျမႇာက္ခ်ီၿပီးေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။

ကမာၻ႔ဖလားခ်န္ပီယံျဖစ္ၿပီးေနာက္မက္ဆီက “ကြၽန္ေတာ္ဟာကံေကာင္းေထာက္မစြာဆုအားလုံးနီးပါးဆြတ္ခူးခဲ့တယ္။ကြၽန္ေတာ့္မွာလိုအပ္ေနတာဒါတစ္ခုပဲရွိေတာ့တယ္။ဒီဖလားကကြၽန္ေတာ့္တစ္ဘဝလုံးလိုခ်င္ေနခဲ့တဲ့ဆုပါ။ဒါကကြၽန္ေတာ္ကေလးဘဝကတည္းကမက္လာခဲ့တဲ့အိပ္မက္ပါ။တကယ့္ကို႐ူးခ်င္စရာေကာင္းတယ္။အလွပဆုံးအခ်ိန္ပဲ။သူ႔ကို(ကမာၻ႔ဖလား)ၾကည့္လိုက္။ဘယ္ေလာက္ေတာင္လွလိုက္သလဲ။အရမ္းလိုခ်င္ခဲ့တယ္။အခုတကယ္ျဖစ္လာၿပီ။ဘုရားသခင္ကဒါကိုကြၽန္ေတာ့္ကိုေပးလာမယ္ဆိုတာသိထားၿပီးသားပါ။တကယ့္ကို႐ိုးရွင္းလွတဲ့မယုံၾကည္ႏိုင္စရာတစ္ခုပါ။ကြၽန္ေတာ့္အတြက္တကယ့္ကိုေပ်ာ္စရာႀကီးပါ”လို႔ေျပာၾကားသြားပါတယ္။

Ballon d’Or ခုႏွစ္ႀကိမ္ရမက္ဆီဟာခ်န္ပီယံလိဂ္ဖလား၄ႀကိမ္ဆြတ္ခူးထားတဲ့အျပင္ ၂၀၂၁ကိုပါအေမရိကဖလားလည္းဆြတ္ခူးထားႏိုင္ပါတယ္။မက္ဆီဟာကမာၻ႔ဖလားေ႐ႊဖိနပ္ဆုနဲ႔လြဲခဲ့ရေပမဲ့ အေကာင္းဆုံးကစားသမားဆု Golden Ballကိုရယူႏိုင္ခဲ့ပါတယ္။

အာဂ်င္တီးနားဟာကမာၻ႔ဖလားခ်န္ပီယံျဖစ္မႈနဲ႔အတူ အက်ႌတြင္ၾကယ္သုံးပြင့္တပ္ဆင္ခြင့္ရရွိသြားခဲ့ၿပီျဖစ္ပါတယ္။အာဂ်င္တီးနားအသင္းဟာကာတာတြင္သာမကေမြးရပ္ေျမအာဂ်င္တီးနားတြင္လည္းေအာင္ပြဲခံသြားပါဦးမယ္။