ကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားတဲ့ အာဂျင်တီးနားတို့ ဆုကြေးဘယ်လောက်ရရှိသလဲ?

အာဂျင်တီးနားဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာမှုနဲ့အတူဆုကြေးငွေပေါင်၃၄.၅သန်းရရှိလာပါမယ်။

တနင်္ဂနွေနေ့ညတုန်းကလီယွန်နယ်မက်ဆီဟာအာဂျင်တီးနားကိုတတိယမြောက်ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာအောင်ဦးဆောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာမှုနဲ့အတူအာဂျင်တီးနားအသင်းဟာဆုကြေးငွေပေါင်၃၅သန်းဝန်းကျင်ရရှိလာပါမယ်။

ယင်းဆုကြေးငွေပမာဏဟာလွန်ခဲ့တဲ့လေးနှစ်တုန်းကရုရှားကမ္ဘာ့ဖလားချန်ပီယံပြင်သစ်တို့ရရှိတဲ့ပမာဏထက်ပေါင်၃သန်းပိုမိုများပြားတဲ့ပမာဏဖြစ်ပါတယ်။

ဗိုလ်လုပွဲတွင်ရှုံးနိမ့်ကာဒုတိယဆုဖြင့်ကျေနပ်ခဲ့ရတဲ့ပြင်သစ်မှာချန်ပီယံအာဂျင်တီးနားထက်ပေါင်၁၀သန်းလျှော့နည်းပြီးရရှိလာပါမယ်။

အာဂျင်တီးနားနှင့်ဒုတိယရရှိတဲ့ပြင်သစ်အကြားဆုကြေးများစွာကွာဟပေမဲ့ ပြင်သစ်နဲ့တတိယရရှိတဲ့ခရိုအေးရှားအကြားဆုကြေးကွာဟမှုကကျဉ်းမြောင်းပါတယ်။

ဒုတိယရရှိတဲ့ပြင်သစ်ကဆုကြေးငွေပေါင်၂၄သန်းရရှိပြီးတတိယရရှိတဲ့ခရိုအေးရှားကပေါင်၂၂သန်းရရှိပါမယ်။စတုတ္ထရရှိတဲ့မော်ရိုကိုကလည်းပေါင်၂၁သန်းရရှိပါမယ်။

ကွာတားဖိုင်နယ်ရောက်ပေါ်တူဂီ၊ဘရာဇီး၊အင်္ဂလန်နှင့်နယ်သာလန်တို့မှာလည်းဆုကြေးငွေပေါင်၁၄သန်းရရှိပါမယ်။

၁၆သင်းအဆင့်တွင်ကျန်ခဲ့တဲ့အသင်းများမှာလည်းပေါင်၁၁သန်းရရှိပါမယ်။အုပ်စုအဆင့်မှထွက်ခွာခဲ့ရတဲ့အသင်းများမှာလည်းပေါင်၇သန်းအထိရရှိပါမယ်။

ZawGyi

ကမာၻ႔ဖလားခ်န္ပီယံျဖစ္သြားတဲ့ အာဂ်င္တီးနားတို႔ ဆုေၾကးဘယ္ေလာက္ရရွိသလဲ?

အာဂ်င္တီးနားဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ကမာၻ႔ဖလားခ်န္ပီယံျဖစ္လာမႈနဲ႔အတူဆုေၾကးေငြေပါင္၃၄.၅သန္းရရွိလာပါမယ္။

တနဂၤေႏြေန႔ညတုန္းကလီယြန္နယ္မက္ဆီဟာအာဂ်င္တီးနားကိုတတိယေျမာက္ကမာၻ႔ဖလားခ်န္ပီယံျဖစ္လာေအာင္ဦးေဆာင္စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။

ကမာၻ႔ဖလားခ်န္ပီယံျဖစ္လာမႈနဲ႔အတူအာဂ်င္တီးနားအသင္းဟာဆုေၾကးေငြေပါင္၃၅သန္းဝန္းက်င္ရရွိလာပါမယ္။

ယင္းဆုေၾကးေငြပမာဏဟာလြန္ခဲ့တဲ့ေလးႏွစ္တုန္းက႐ုရွားကမာၻ႔ဖလားခ်န္ပီယံျပင္သစ္တို႔ရရွိတဲ့ပမာဏထက္ေပါင္၃သန္းပိုမိုမ်ားျပားတဲ့ပမာဏျဖစ္ပါတယ္။

ဗိုလ္လုပြဲတြင္ရႈံးနိမ့္ကာဒုတိယဆုျဖင့္ေက်နပ္ခဲ့ရတဲ့ျပင္သစ္မွာခ်န္ပီယံအာဂ်င္တီးနားထက္ေပါင္၁၀သန္းေလွ်ာ့နည္းၿပီးရရွိလာပါမယ္။

အာဂ်င္တီးနားႏွင့္ဒုတိယရရွိတဲ့ျပင္သစ္အၾကားဆုေၾကးမ်ားစြာကြာဟေပမဲ့ ျပင္သစ္နဲ႔တတိယရရွိတဲ့ခ႐ိုေအးရွားအၾကားဆုေၾကးကြာဟမႈကက်ဥ္းေျမာင္းပါတယ္။

ဒုတိယရရွိတဲ့ျပင္သစ္ကဆုေၾကးေငြေပါင္၂၄သန္းရရွိၿပီးတတိယရရွိတဲ့ခ႐ိုေအးရွားကေပါင္၂၂သန္းရရွိပါမယ္။စတုတၳရရွိတဲ့ေမာ္႐ိုကိုကလည္းေပါင္၂၁သန္းရရွိပါမယ္။

ကြာတားဖိုင္နယ္ေရာက္ေပၚတူဂီ၊ဘရာဇီး၊အဂၤလန္ႏွင့္နယ္သာလန္တို႔မွာလည္းဆုေၾကးေငြေပါင္၁၄သန္းရရွိပါမယ္။

၁၆သင္းအဆင့္တြင္က်န္ခဲ့တဲ့အသင္းမ်ားမွာလည္းေပါင္၁၁သန္းရရွိပါမယ္။အုပ္စုအဆင့္မွထြက္ခြာခဲ့ရတဲ့အသင္းမ်ားမွာလည္းေပါင္၇သန္းအထိရရွိပါမယ္။