ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီး ပီအက်စ်ဂျီအတွက် ပထမဆုံးကစားတဲ့ပွဲတွင် လှပတဲ့ အသင်းလိုက်ဂိုးသွင်းယူခဲ့တဲ့ မက်ဆီ

လီယွန်နယ်မက်ဆီဟာကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက်အင်းဂါးကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာပီအက်စ်ဂျီအတွက်ပထမဆုံးကစားခဲ့ရာဆက်လက်အကောင်းဆုံးပုံစံပြသနိုင်ခဲ့ပါတယ်။

အာဂျင်တီးနားစူပါစတားဟာအာဂျင်တီးနားနှင့်ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက်ရက်သတ္တပတ်အတန်ကြာအနားယူခဲ့ပါတယ်။

သူဟာမနေ့ညကပွဲတွင်တိုက်စစ်ကိုနေမာ၊ဟူဂိုအီကီတီကီတို့နှင့်ပွဲထွက်ခဲ့ပါတယ်။အီကီတီကီဟာပွဲအစ၅မိနစ်မှာပဲပီအက်စ်ဂျီအတွက်ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ယင်းနောက်မက်ဆီဟာပွဲအစ၇၂မိနစ်မှာသူမသန်တဲ့ခြေထောက်ဖြင့်ပီအက်စ်ဂျီအတွက်အနိုင်သေချာစေမဲ့ဒုတိယဂိုးကိုသွင်းခဲ့ပါတယ်။

မက်ဆီဟာရာမို့စ်နှင့်ဝမ်းတူးရိုက်ပြီးနောက်အီကီတီကီကိုပေးပို့ခဲ့ပါတယ်။ယင်းနောက်သူဟာဧရိယာအတွင်းသို့ပါးနပ်စွာပြေးလွှားပြီးနောက်မူကီလီရဲ့ပေးပို့မှုကနေကန်သွင်းခဲ့ပါတယ်။

စည်းကြပ်ဒိုင်ကလူကျွံအလံထောင်မှုကြောင့်မက်ဆီရဲ့အောင်ပွဲခံမှုပျက်ခဲ့ရပါသေးတယ်။VAR ကဂိုးကိုစစ်ဆေးပြီးနောက်ခွင့်ပြုခဲ့ပါတယ်။

မနေ့ညကဒုတိယနေရာမှလန်းစ်မှာစထရာဘော့နှင့်နှစ်ဂိုးစီသရေကျမှုနဲ့အတူ ပီအက်စ်ဂျီဟာရမှတ်၆မှတ်ဖြင့်အမှတ်ပေးဇယားကိုဦးဆောင်ထားနိုင်ပြီဖြစ်ပါတယ်။

မက်ဆီဟာယခုရာသီတွင်ပီအက်စ်ဂျီအတွက်လိဂ်ပွဲ၁၄ပွဲကစားထားရာမှာ၈ဂိုးသွင်းထားနိုင်ပြီဖြစ်ပါတယ်။

ZawGyi

ကမာၻ႔ဖလားခ်န္ပီယံျဖစ္ၿပီး ပီအက္စ္ဂ်ီအတြက္ ပထမဆုံးကစားတဲ့ပြဲတြင္ လွပတဲ့ အသင္းလိုက္ဂိုးသြင္းယူခဲ့တဲ့ မက္ဆီ

လီယြန္နယ္မက္ဆီဟာကမာၻ႔ဖလားခ်န္ပီယံျဖစ္ၿပီးေနာက္အင္းဂါးကို၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာပီအက္စ္ဂ်ီအတြက္ပထမဆုံးကစားခဲ့ရာဆက္လက္အေကာင္းဆုံးပုံစံျပသႏိုင္ခဲ့ပါတယ္။

အာဂ်င္တီးနားစူပါစတားဟာအာဂ်င္တီးနားႏွင့္ကမာၻ႔ဖလားခ်န္ပီယံျဖစ္ၿပီးေနာက္ရက္သတၱပတ္အတန္ၾကာအနားယူခဲ့ပါတယ္။

သူဟာမေန႔ညကပြဲတြင္တိုက္စစ္ကိုေနမာ၊ဟူဂိုအီကီတီကီတို႔ႏွင့္ပြဲထြက္ခဲ့ပါတယ္။အီကီတီကီဟာပြဲအစ၅မိနစ္မွာပဲပီအက္စ္ဂ်ီအတြက္ဦးေဆာင္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ယင္းေနာက္မက္ဆီဟာပြဲအစ၇၂မိနစ္မွာသူမသန္တဲ့ေျခေထာက္ျဖင့္ပီအက္စ္ဂ်ီအတြက္အႏိုင္ေသခ်ာေစမဲ့ဒုတိယဂိုးကိုသြင္းခဲ့ပါတယ္။

မက္ဆီဟာရာမို႔စ္ႏွင့္ဝမ္းတူး႐ိုက္ၿပီးေနာက္အီကီတီကီကိုေပးပို႔ခဲ့ပါတယ္။ယင္းေနာက္သူဟာဧရိယာအတြင္းသို႔ပါးနပ္စြာေျပးလႊားၿပီးေနာက္မူကီလီရဲ႕ေပးပို႔မႈကေနကန္သြင္းခဲ့ပါတယ္။

စည္းၾကပ္ဒိုင္ကလူကြၽံအလံေထာင္မႈေၾကာင့္မက္ဆီရဲ႕ေအာင္ပြဲခံမႈပ်က္ခဲ့ရပါေသးတယ္။VAR ကဂိုးကိုစစ္ေဆးၿပီးေနာက္ခြင့္ျပဳခဲ့ပါတယ္။

မေန႔ညကဒုတိယေနရာမွလန္းစ္မွာစထရာေဘာ့ႏွင့္ႏွစ္ဂိုးစီသေရက်မႈနဲ႔အတူ ပီအက္စ္ဂ်ီဟာရမွတ္၆မွတ္ျဖင့္အမွတ္ေပးဇယားကိုဦးေဆာင္ထားႏိုင္ၿပီျဖစ္ပါတယ္။

မက္ဆီဟာယခုရာသီတြင္ပီအက္စ္ဂ်ီအတြက္လိဂ္ပြဲ၁၄ပြဲကစားထားရာမွာ၈ဂိုးသြင္းထားႏိုင္ၿပီျဖစ္ပါတယ္။