
အင်္ဂလန်ကစားသမားများဟာမယ့်ကမ္ဘာ့ဖလားရှုံးထွက်ပွဲသုံးပွဲလုံးအနိုင်ရရှိကာကမ္ဘာ့ဖလားချန်ပီယံဖြစ်လာမည်ဆိုပါကဆုကြေးငွေအမြောက်အမြားရရှိလာမှာဖြစ်ကြောင်းသိရပါတယ်။
အင်္ဂလန်ဟာတနင်္လာနေ့ညတုန်းကဆီနီဂေါကို၃-ဝဂိုးဖြင့်အနိုင်ရရှိကာကမ္ဘာ့ဖလားကွာတားဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ပါတယ်။အင်္ဂလန်ဟာကမ္ဘာ့ဖလားကွာတားဖိုင်နယ်တွင်လက်ရှိချန်ပီယံပြင်သစ်နှင့်ရင်ဆိုင်ကစားရပါမယ်။
အင်္ဂလန်ဟာကမ္ဘာ့ဖလားကွာတားဖိုင်နယ်သို့တက်ရောက်ထားနိုင်မှုနှင့်အတူနောက်ထပ်သုံးပွဲအနိုင်ရရုံဖြင့်၅၆နှစ်ကြာဝေးကွာနေခဲ့တဲ့ကမ္ဘာ့ဖလားကိုပြန်လည်ရယူလာနိုင်တော့မှာဖြစ်ပါတယ်။
ယနေ့ထွက်ပေါ်လာတဲ့သတင်းအရအင်္ဂလန်အသင်းသာကမ္ဘာ့ဖလားချန်ပီယံဖြစ်လာလျှင်ကစားသမားတစ်ဦးချင်းစီတို့မှာပေါင်၄၀၀၀၀၀မှပေါင်၄၅၀၀၀၀အတွင်းဆုကြေးငွေရရှိလာကြပါမယ်။
အဆိုပါဆုကြေးငွေပမာဏထဲတွင်အင်္ဂလန်ကစားသမားတို့ရဲ့ပွဲကစားခွင့်ရရှိတဲ့ကြေးမပါဝင်ပါဘူး။
အင်္ဂလန်အသင်းမှကစားသမားတို့ဟာပွဲကစားကြေးတို့ကိုပရဟိတလုပ်ငန်းများအတွက်လှူဒါန်းလာခဲ့ကြတာနှစ်များစွာကြာမြင့်လာပြီဖြစ်ပါတယ်။
အင်္ဂလန်အသင်းကစားသမားတို့ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာလျှင်ရရှိလာမယ့်ဆုကြေးပမာဏမှာပြီးခဲ့တဲ့နွေတုန်းကယူရိုချန်ပီယံဖြစ်ခဲ့တဲ့အင်္ဂလန်အမျိုးသမီးအသင်းရရှိတဲ့ဆုကြေးငွေပမာဏထက်များစွာမြင့်မားလာပါမယ်။
အင်္ဂလန်အမျိုးသမီးအသင်းမှကစားသမားတို့ဟာယူရိုချန်ပီယံဖြစ်မှုအတွက်တစ်ဦးလျှင်ဆုကြေးငွေပေါင်၅၅၀၀၀စီသာရရှိခဲ့ကြပြီးနည်းပြဆာရီနာဝီမန်းမှာဆုကြေးငွေပေါင်၂၀၀၀၀၀ရရှိခဲ့ပါတယ်။
အင်္ဂလန်အမျိုးသမီးအသင်းမှာအမေရိကန်အမျိုးသမီးအသင်းသို့အမျိုးသားအသင်းရဲ့ဆုကြေးငွေပမာဏကိုခွဲဝေရရှိကြမှာမဟုတ်ပါဘူး။အမေရိကန်အမျိုးသမီးအသင်းမှကစားသမားတို့ဟာအမျိုးသားအသင်းကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်နိုင်ခဲ့မှုကြောင့်ဒေါ်လာ၆.၅သန်းခွဲဝေရရှိခဲ့ကြပါတယ်။
ZawGyi
ကမ္ဘာ့ဖလားချန်ပီယံဖြစ်လျှင် အပိုဆုကြေးငွေများစွာ ရရှိလာမဲ့ အင်္ဂလန်ကစားသမားများ