ကမ္ဘာ့ဖလားချန်ပီယံသူငယ်ချင်းရဲ့မင်္ဂလာပွဲဖိတ်ကြားမှုကို ငြင်းပြီး ယူနိုက်တက်နှင့် ပြန်ပူးပေါင်းခဲ့တဲ့ လီဆန်ဒရိုမာတီနက်ဇ်

လီဆန်ဒရိုမာတီနက်ဇ်ဟာသူငယ်ချင်းဖြစ်သူရဲ့မင်္ဂလာပွဲသို့တက်ရောက်ရန်ဖိတ်ကြားမှုကိုငြင်းပယ်ပြီးမန်ချက်စတာယူနိုက်တက်နှင့်ပူးပေါင်းကာသူ့ရဲ့ပရော်ဖက်ရှင်နယ်ပီသတဲ့စိတ်ဓာတ်ကိုထပ်မံပြသလာခဲ့ပါတယ်။

ယူနိုက်တက်နောက်ခံလူဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အာဂျင်တီးနားနှင့်အတူကမ္ဘာ့ဖလားချန်ပီယံဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာကမ္ဘာ့ဖလားချန်ပီယံဖြစ်တဲ့ညတွင်အာဂျင်တီးနားကစားဖော်နဲ့ FIFA23 ဂိမ်းကိုမိုးလင်းပေါက်ကစားခဲ့သူလည်းဖြစ်ပါတယ်။ယင်းနောက်သူဟာအာဂျင်တီးနားနှင့်အတူဗျူနိုအေးရိစ်သို့ပြန်လာကာအောင်ပွဲခံခဲ့ပါတယ်။

မာတီနက်ဇ်ကဲ့သို့ပင်ကမ္ဘာ့ဖလားဗိုလ်လုပွဲကစားခဲ့တဲ့ဗဟိုနောက်ခံလူရာဖေးလ်ဗာရန်းမှာယူနိုက်တက်နှင့်ပူး‌ပေါင်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒါပေမဲ့မာတီနက်ဇ်ဟာလည်းကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး၁၀ရက်အကြာမှာဘဲသတ်မှတ်ထားတဲ့အတိုင်းယူနိုက်တက်လေ့ကျင့်ခန်းအစီအစဉ်နှင့်ပူးပေါင်းလာခဲ့ပါတယ်။

အသက်၂၄နှစ်ရှိမာတီနက်ဇ်ဟာအာဂျင်တီးနားကစားဖော်ဖြစ်တဲ့အပြင်အေဂျက်စ်တွင်လည်းအတူကစားခဲ့တဲ့နီကိုလပ်စ်တာဂလီယာဖီကိုရဲ့မင်္ဂလာပွဲဖိတ်ကြားမှုကိုငြင်းပယ်ပြီးယူနိုက်တက်နှင့်ပူးပေါင်းလာခဲ့တာလည်းဖြစ်ပါတယ်။

မာတီနက်ဇ်ဟာယူနိုက်တက်နှင့်ပြန်လည်ပူးပေါင်းလာမှုနဲ့အတူနှစ်သစ်ကူးနေ့တွင် Molineux တွင်ဝုဗ်ကိုရင်ဆိုင်ရမဲ့ပွဲစဉ်မှာပြန်လည်ပါဝင်ကစားလာဖို့ရှိနေပါတယ်။

ZawGyi

ကမာၻ႔ဖလားခ်န္ပီယံသူငယ္ခ်င္းရဲ႕မဂၤလာပြဲဖိတ္ၾကားမႈကို ျငင္းၿပီး ယူႏိုက္တက္ႏွင့္ ျပန္ပူးေပါင္းခဲ့တဲ့ လီဆန္ဒ႐ိုမာတီနက္ဇ္

လီဆန္ဒ႐ိုမာတီနက္ဇ္ဟာသူငယ္ခ်င္းျဖစ္သူရဲ႕မဂၤလာပြဲသို႔တက္ေရာက္ရန္ဖိတ္ၾကားမႈကိုျငင္းပယ္ၿပီးမန္ခ်က္စတာယူႏိုက္တက္ႏွင့္ပူးေပါင္းကာသူ႔ရဲ႕ပေရာ္ဖက္ရွင္နယ္ပီသတဲ့စိတ္ဓာတ္ကိုထပ္မံျပသလာခဲ့ပါတယ္။

ယူႏိုက္တက္ေနာက္ခံလူဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္အာဂ်င္တီးနားႏွင့္အတူကမာၻ႔ဖလားခ်န္ပီယံဆြတ္ခူးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာကမာၻ႔ဖလားခ်န္ပီယံျဖစ္တဲ့ညတြင္အာဂ်င္တီးနားကစားေဖာ္နဲ႔ FIFA23 ဂိမ္းကိုမိုးလင္းေပါက္ကစားခဲ့သူလည္းျဖစ္ပါတယ္။ယင္းေနာက္သူဟာအာဂ်င္တီးနားႏွင့္အတူဗ်ဴႏိုေအးရိစ္သို႔ျပန္လာကာေအာင္ပြဲခံခဲ့ပါတယ္။

မာတီနက္ဇ္ကဲ့သို႔ပင္ကမာၻ႔ဖလားဗိုလ္လုပြဲကစားခဲ့တဲ့ဗဟိုေနာက္ခံလူရာေဖးလ္ဗာရန္းမွာယူႏိုက္တက္ႏွင့္ပူး‌ေပါင္းလာႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဒါေပမဲ့မာတီနက္ဇ္ဟာလည္းကမာၻ႔ဖလားဗိုလ္လုပြဲအၿပီး၁၀ရက္အၾကာမွာဘဲသတ္မွတ္ထားတဲ့အတိုင္းယူႏိုက္တက္ေလ့က်င့္ခန္းအစီအစဥ္ႏွင့္ပူးေပါင္းလာခဲ့ပါတယ္။

အသက္၂၄ႏွစ္ရွိမာတီနက္ဇ္ဟာအာဂ်င္တီးနားကစားေဖာ္ျဖစ္တဲ့အျပင္ေအဂ်က္စ္တြင္လည္းအတူကစားခဲ့တဲ့နီကိုလပ္စ္တာဂလီယာဖီကိုရဲ႕မဂၤလာပြဲဖိတ္ၾကားမႈကိုျငင္းပယ္ၿပီးယူႏိုက္တက္ႏွင့္ပူးေပါင္းလာခဲ့တာလည္းျဖစ္ပါတယ္။

မာတီနက္ဇ္ဟာယူႏိုက္တက္ႏွင့္ျပန္လည္ပူးေပါင္းလာမႈနဲ႔အတူႏွစ္သစ္ကူးေန႔တြင္ Molineux တြင္ဝုဗ္ကိုရင္ဆိုင္ရမဲ့ပြဲစဥ္မွာျပန္လည္ပါဝင္ကစားလာဖို႔ရွိေနပါတယ္။