
လီယွန်နယ်မက်ဆီကကမ္ဘာ့ဖလားဗိုလ်လုပွဲမှာသူ့အတွက်နောက်ဆုံးနိုင်ငံတကာပွဲလို့ သတင်းထွက်နေမှုကိုတုံ့ပြန်မှုပြုလုပ်လာပါတယ်။
အသက်၃၅နှစ်ရှိမက်ဆီဟာသူ့ကစားသမားဘဝပြည့်စုံမှုဖြစ်လာမှုအဖြစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အာဂျင်တီးနားနှင့်အတူချန်ပီယံဖြစ်ခဲ့ပါတယ်။
သူဟာကမ္ဘာ့ဖလားငါးကြိမ်မြောက်ကစားလာချိန်တွင်မှနိုင်ငံအသင်းနှင့်အတူကမ္ဘာ့ဖလားကိုင်မြှောက်လာနိုင်ခြင်းလည်းဖြစ်ပါတယ်။ယခုအခါသူ့အမည်မှာဘောလုံးသမိုင်းတွင်ထာဝရတည်ရှိနေတော့မှာဖြစ်ပါတယ်။
မက်ဆီဟာအစောပိုင်းတုန်းကပြင်သစ်နှင့်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာသူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားပွဲဖြစ်လာမယ်လို့ဆိုထားသူလည်းဖြစ်ပါတယ်။
ဒါပေမဲ့သူဟာအာဂျင်တီးနားလက်ရွေးစင်ကစားသမားဘဝမှအနားယူရန်ဆန္ဒမရှိသေးဘဲ ကမ္ဘာ့ဖလားချန်ပီယံအဖြစ်ပွဲများထပ်မံကစားလိုနေပါသေးတယ်။
မက်ဆီက “မယူသေးပါဘူး။လက်ရွေးစင်အသင်းကနေအနားမယူသေးပါဘူး။အာဂျင်တီးနားအင်္ကျီဝတ်ဆင်ပြီးကမ္ဘာ့ဖလားချန်ပီယံအဖြစ်ဆက်ကစားချင်သေးတယ်”လို့ပြောကြားသွားပါတယ်။
မက်ဆီဟာလာမယ့်အမေရိကန်၊ကနေဒါနှင့်မက္ကဆီကိုတို့ပူးတွဲကျင်းပမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ကစားဦးမည်ဆိုပါကသူ့အသက်မှာအသက်၃၉နှစ်ရှိနေပါမယ်။
ZawGyi
ကမာၻ႔ဖလားခ်န္ပီယံအျဖစ္ ဆက္ကစားလိုမႈနဲ႔အတူ လက္ေ႐ြးစင္အသင္းမွ မက္ဆီအနားယူဦးမည္မဟုတ္
လီယြန္နယ္မက္ဆီကကမာၻ႔ဖလားဗိုလ္လုပြဲမွာသူ႔အတြက္ေနာက္ဆုံးႏိုင္ငံတကာပြဲလို႔ သတင္းထြက္ေနမႈကိုတုံ႔ျပန္မႈျပဳလုပ္လာပါတယ္။
အသက္၃၅ႏွစ္ရွိမက္ဆီဟာသူ႔ကစားသမားဘဝျပည့္စုံမႈျဖစ္လာမႈအျဖစ္ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္အာဂ်င္တီးနားႏွင့္အတူခ်န္ပီယံျဖစ္ခဲ့ပါတယ္။
သူဟာကမာၻ႔ဖလားငါးႀကိမ္ေျမာက္ကစားလာခ်ိန္တြင္မွႏိုင္ငံအသင္းႏွင့္အတူကမာၻ႔ဖလားကိုင္ေျမႇာက္လာႏိုင္ျခင္းလည္းျဖစ္ပါတယ္။ယခုအခါသူ႔အမည္မွာေဘာလုံးသမိုင္းတြင္ထာဝရတည္ရွိေနေတာ့မွာျဖစ္ပါတယ္။
မက္ဆီဟာအေစာပိုင္းတုန္းကျပင္သစ္ႏွင့္ကမာၻ႔ဖလားဗိုလ္လုပြဲမွာသူ႔ရဲ႕ေနာက္ဆုံးကမာၻ႔ဖလားပြဲျဖစ္လာမယ္လို႔ဆိုထားသူလည္းျဖစ္ပါတယ္။
ဒါေပမဲ့သူဟာအာဂ်င္တီးနားလက္ေ႐ြးစင္ကစားသမားဘဝမွအနားယူရန္ဆႏၵမရွိေသးဘဲ ကမာၻ႔ဖလားခ်န္ပီယံအျဖစ္ပြဲမ်ားထပ္မံကစားလိုေနပါေသးတယ္။
မက္ဆီက “မယူေသးပါဘူး။လက္ေ႐ြးစင္အသင္းကေနအနားမယူေသးပါဘူး။အာဂ်င္တီးနားအက်ႌဝတ္ဆင္ၿပီးကမာၻ႔ဖလားခ်န္ပီယံအျဖစ္ဆက္ကစားခ်င္ေသးတယ္”လို႔ေျပာၾကားသြားပါတယ္။
မက္ဆီဟာလာမယ့္အေမရိကန္၊ကေနဒါႏွင့္မကၠဆီကိုတို႔ပူးတြဲက်င္းပမဲ့ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ကစားဦးမည္ဆိုပါကသူ႔အသက္မွာအသက္၃၉ႏွစ္ရွိေနပါမယ္။