ကမ္ဘာ့ဖလားခြေစစ်ပွဲကစားခွင့်ပိတ်ပင်နိုင်ကြောင်း ချဲလ်ဆီးစတားများကို တူချယ်သတိပေး

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာလည်းအခြားထိပ်တန်းနည်းပြများနည်းတူယခုလနှောင်းပိုင်းတွင်ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအားကစားသမားအချို့တို့ကိုသွားရောက်ကစားခွင့်ပိတ်ပင်တားဆီးမှုပြုလုပ်လာနိုင် ကြောင်းပြောကြားလိုက်ပါတယ်။

ဗြိတိန်အစိုးရဟာကိုဗစ်ကန့်သတ်စာရင်းတွင်ပါဝင်တဲ့နိုင်ငံများမှပြန်ရောက်လာပါကဟိုတယ်ကွာရန်တင်း၁၀ရက် ဝင်ရန်စည်းမျဉ်းထုတ်ထားပါတယ်။ပရီးမီးယားလိဂ်စတားအမြောက်အမြားတို့ဟာယခုလနှောင်းပိုင်းတွင်ကစား မယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲများကစားရန်နိုင်ငံတကာသို့ထွက်ခွာကြပါမယ်။

ဗြိတိန်အစိုးရရဲ့ကိုဗစ်ကန့်သတ်စာရင်းတွင်ပေါ်တူဂီ၊တောင်အာဖရိကနှင့်တောင်အမေရိကတို့ပါဝင်နေပါတယ်။ဒါ ကြောင့်တီယာဂိုဆေးလ်ဗား၊မင်ဒီတို့မှာကမ္ဘာ့ဖလားခြေစစ်ပွဲသွားကစားပါကပြန်လည်ချိန်တွင်ကွာရန်တင်းဝင်ရပါ မယ်။

တူချယ်က “ကျွန်တော့်ရည်မှန်းချက်ကပရီးမီးယားလိဂ်ကစားဖို့ဆိုတော့အရမ်းစိုးရိမ်စရာပါ။ကစားသမားတွေ ကွာ ရန်တင်းဝင်ရမယ်ဆိုရင်အသင်းကိုကိုယ့်စိတ်ကြိုက်တည်ဆောက်နိုင်မှာမဟုတ်ပါဘူး။ဒါကအရဲစွန့်လုပ်ဆောင်မှု ဖြစ်ပါတယ်။ကလပ်တွေကလည်းဘယ်လိုကိုင်တွယ်ရမယ်ဆိုတာသိပါတယ်။ကလပ်တစ်ခုမှာလုပ်စရာရှိတာကိုဟန် ချက်ညီအောင်လုပ်ရပါမယ်။ကျွန်တော်တို့ဆုံးဖြတ်ချက်တွေချသွားပါမယ်”လို့ပြောကြားခဲ့ပါတယ်။

မကြာသေးမီတုန်းကမန်ယူနည်းပြဆိုးလ်ရှားနှင့်လီဗာပူးနည်းပြကလော့ပ်တို့ကဘရာဇီး၊ပေါ်တူဂီနှင့်အာဖရိကကစားသမားများအားကမ္ဘာ့ဖလားခြေစစ်ပွဲကစားရန်စေလွှတ်မှာမဟုတ်ကြောင်းပြောကြားထားပါတယ်။

အထူးသဖြင့်ဖီဖာကလည်းကလပ်များအနေဖြင့်လိုအပ်ပါကကစားသမားများကိုမစေလွှတ်ခွင့်ပေးထားရာကလပ်များအနေဖြင့်ကစားသမားများကိုမစေလွှတ်ခွင့်ရှိနေပါတယ်။

ZawGyi

ကမာၻ႔ဖလားေျခစစ္ပြဲကစားခြင့္ပိတ္ပင္ႏိုင္ေၾကာင္း ခ်ဲလ္ဆီးစတားမ်ားကို တူခ်ယ္သတိေပး

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ဟာလည္းအျခားထိပ္တန္းနည္းျပမ်ားနည္းတူယခုလေႏွာင္းပိုင္းတြင္ကစားမယ့္ ကမာၻ႔ဖလားေျခစစ္ပြဲအားကစားသမားအခ်ိဳ႕တို႔ကိုသြားေရာက္ကစားခြင့္ပိတ္ပင္တားဆီးမႈျပဳလုပ္လာႏိုင္ ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ၿဗိတိန္အစိုးရဟာကိုဗစ္ကန႔္သတ္စာရင္းတြင္ပါဝင္တဲ့ႏိုင္ငံမ်ားမွျပန္ေရာက္လာပါကဟိုတယ္ကြာရန္တင္း၁၀ရက္ ဝင္ရန္စည္းမ်ဥ္းထုတ္ထားပါတယ္။ပရီးမီးယားလိဂ္စတားအေျမာက္အျမားတို႔ဟာယခုလေႏွာင္းပိုင္းတြင္ကစား မယ့္ကမာၻ႔ဖလားေျခစစ္ပြဲမ်ားကစားရန္ႏိုင္ငံတကာသို႔ထြက္ခြာၾကပါမယ္။

ၿဗိတိန္အစိုးရရဲ႕ကိုဗစ္ကန႔္သတ္စာရင္းတြင္ေပၚတူဂီ၊ေတာင္အာဖရိကႏွင့္ေတာင္အေမရိကတို႔ပါဝင္ေနပါတယ္။ဒါ ေၾကာင့္တီယာဂိုေဆးလ္ဗား၊မင္ဒီတို႔မွာကမာၻ႔ဖလားေျခစစ္ပြဲသြားကစားပါကျပန္လည္ခ်ိန္တြင္ကြာရန္တင္းဝင္ရပါ မယ္။

တူခ်ယ္က “ကြၽန္ေတာ့္ရည္မွန္းခ်က္ကပရီးမီးယားလိဂ္ကစားဖို႔ဆိုေတာ့အရမ္းစိုးရိမ္စရာပါ။ကစားသမားေတြ ကြာ ရန္တင္းဝင္ရမယ္ဆိုရင္အသင္းကိုကိုယ့္စိတ္ႀကိဳက္တည္ေဆာက္ႏိုင္မွာမဟုတ္ပါဘူး။ဒါကအရဲစြန႔္လုပ္ေဆာင္မႈ ျဖစ္ပါတယ္။ကလပ္ေတြကလည္းဘယ္လိုကိုင္တြယ္ရမယ္ဆိုတာသိပါတယ္။ကလပ္တစ္ခုမွာလုပ္စရာရွိတာကိုဟန္ ခ်က္ညီေအာင္လုပ္ရပါမယ္။ကြၽန္ေတာ္တို႔ဆုံးျဖတ္ခ်က္ေတြခ်သြားပါမယ္”လို႔ေျပာၾကားခဲ့ပါတယ္။

မၾကာေသးမီတုန္းကမန္ယူနည္းျပဆိုးလ္ရွားႏွင့္လီဗာပူးနည္းျပကေလာ့ပ္တို႔ကဘရာဇီး၊ေပၚတူဂီႏွင့္အာဖရိကကစားသမားမ်ားအားကမာၻ႔ဖလားေျခစစ္ပြဲကစားရန္ေစလႊတ္မွာမဟုတ္ေၾကာင္းေျပာၾကားထားပါတယ္။

အထူးသျဖင့္ဖီဖာကလည္းကလပ္မ်ားအေနျဖင့္လိုအပ္ပါကကစားသမားမ်ားကိုမေစလႊတ္ခြင့္ေပးထားရာကလပ္မ်ားအေနျဖင့္ကစားသမားမ်ားကိုမေစလႊတ္ခြင့္ရွိေနပါတယ္။