ကမ္ဘာ့ဖလားခြေစစ်ပွဲတိုက်ရိုက်မအောင်ဘဲပလေးအော့ဖ်ကစားရတော့မယ့် ယူရိုချန်ပီယံ အီတလီ

ယူရိုချန်ပီယံအီတလီအသင်းဟာ၂၀၂၂ကာတာကမ္ဘာ့ဖလားခြေစစ်ပွဲတိုက်ရိုက်မအောင်မြင်ဘဲပလေးအော့ဖ်မှတဆင့်ခြေစစ်ပွဲအောင်မြင်ရေးကြိုးစားရတော့မှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့လေးနှစ်တုန်းကလည်းအမှောင်မိုက်ဆုံးကာလကြုံခဲ့ရဖူးတဲ့အီတလီလက်ရွေးစင်အသင်းဟာယခုတစ်ကြိမ်လည်းအဆိုးရွားဆုံးအနေအထားနှင့်ကြုံရနိုင်တဲ့အခြေအနေမျိုးမှာရှိနေပြီဖြစ်ပါတယ်။

အီတလီဟာမနေ့ညတုန်းက‌မြောက်အိုင်ယာလန်နှင့်နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲတွင်ဂိုးမရှိသရေကျခဲ့ပါတယ်။အုပ်စုတွင်းပြိုင်ဘက်ဆွစ်ဇာလန်ကဘူလ်ဂေးရီးယားကို၄-၀ဂိုးဖြင့်အနိုင်ယူကာအုပ်စု(ဂ)ရဲ့ထိပ်ဆုံးနေရာကိုရယူပြီးကမ္ဘာ့ဖလားခြေစစ်ပွဲတိုက်ရိုက်အောင်မြင်သွားခဲ့ပါတယ်။

ဒါကြောင့်လည်းအီတလီဟာအုပ်စုဒုတိယနေရာသာရရှိပြီးပလေးအော့ဖ်ကစားရပါဦးမယ်။၎င်းတို့ဟာလွန်ခဲ့တဲ့လေးနှစ်တုန်းကလည်းပလေးအော့ဖ်တွင်ဆွီဒင်ကိုရှုံးနိမ့်ကာ၂၀၁၈ကမ္ဘာ့ဖလားခြေစစ်ပွဲကျခဲ့ပါတယ်။

ဖီဖာဟာနိုဝင်ဘာလ၂၆ရက်နေ့မှာဇူးရစ်တွင်ပလေးအော့ဖ်မဲခွဲမှုပြုလုပ်ပါမယ်။အသင်းများအနေဖြင့်ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ပြိုင်ဘက်အသင်းနှစ်သင်းကိုကျော်ဖြတ်ရပါမယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲပလေးအော့ဖ်အဆင့်ကစားရမယ့်အသင်းများအဖြစ်ပေါ်တူဂီ၊ဆွီဒင်၊အီတလီ၊စကော့တလန်၊ရုရှား၊ပိုလန်၊မြောက်မက်စီဒိုးနီးယားတို့ထွက်ပေါ်ထားပြီးဖြစ်ပါတယ်။

ZawGyi

ကမာၻ႔ဖလားေျခစစ္ပြဲတိုက္႐ိုက္မေအာင္ဘဲပေလးေအာ့ဖ္ကစားရေတာ့မယ့္ ယူ႐ိုခ်န္ပီယံ အီတလီ

ယူ႐ိုခ်န္ပီယံအီတလီအသင္းဟာ၂၀၂၂ကာတာကမာၻ႔ဖလားေျခစစ္ပြဲတိုက္႐ိုက္မေအာင္ျမင္ဘဲပေလးေအာ့ဖ္မွတဆင့္ေျခစစ္ပြဲေအာင္ျမင္ေရးႀကိဳးစားရေတာ့မွာျဖစ္ပါတယ္။

လြန္ခဲ့တဲ့ေလးႏွစ္တုန္းကလည္းအေမွာင္မိုက္ဆုံးကာလႀကဳံခဲ့ရဖူးတဲ့အီတလီလက္ေ႐ြးစင္အသင္းဟာယခုတစ္ႀကိမ္လည္းအဆိုး႐ြားဆုံးအေနအထားႏွင့္ႀကဳံရႏိုင္တဲ့အေျခအေနမ်ိဳးမွာရွိေနၿပီျဖစ္ပါတယ္။

အီတလီဟာမေန႔ညတုန္းက‌ေျမာက္အိုင္ယာလန္ႏွင့္ေနာက္ဆုံးကမာၻ႔ဖလားေျခစစ္ပြဲတြင္ဂိုးမရွိသေရက်ခဲ့ပါတယ္။အုပ္စုတြင္းၿပိဳင္ဘက္ဆြစ္ဇာလန္ကဘူလ္ေဂးရီးယားကို၄-၀ဂိုးျဖင့္အႏိုင္ယူကာအုပ္စု(ဂ)ရဲ႕ထိပ္ဆုံးေနရာကိုရယူၿပီးကမာၻ႔ဖလားေျခစစ္ပြဲတိုက္႐ိုက္ေအာင္ျမင္သြားခဲ့ပါတယ္။

ဒါေၾကာင့္လည္းအီတလီဟာအုပ္စုဒုတိယေနရာသာရရွိၿပီးပေလးေအာ့ဖ္ကစားရပါဦးမယ္။၎တို႔ဟာလြန္ခဲ့တဲ့ေလးႏွစ္တုန္းကလည္းပေလးေအာ့ဖ္တြင္ဆြီဒင္ကိုရႈံးနိမ့္ကာ၂၀၁၈ကမာၻ႔ဖလားေျခစစ္ပြဲက်ခဲ့ပါတယ္။

ဖီဖာဟာႏိုဝင္ဘာလ၂၆ရက္ေန႔မွာဇူးရစ္တြင္ပေလးေအာ့ဖ္မဲခြဲမႈျပဳလုပ္ပါမယ္။အသင္းမ်ားအေနျဖင့္ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ဖို႔ၿပိဳင္ဘက္အသင္းႏွစ္သင္းကိုေက်ာ္ျဖတ္ရပါမယ္။

ကမာၻ႔ဖလားေျခစစ္ပြဲပေလးေအာ့ဖ္အဆင့္ကစားရမယ့္အသင္းမ်ားအျဖစ္ေပၚတူဂီ၊ဆြီဒင္၊အီတလီ၊စေကာ့တလန္၊႐ုရွား၊ပိုလန္၊ေျမာက္မက္စီဒိုးနီးယားတို႔ထြက္ေပၚထားၿပီးျဖစ္ပါတယ္။