ကမ္ဘာ့ဖလားခြေစစ်ပွဲတိုက်ရိုက်မအောင်မြင်မှုကြောင့် ပေါ်တူဂီနှင့်ခရစ္စတီယာနိုရော်နယ်ဒို အပြင်းအထန်ဝေဖန်ခံနေရ

ပေါ်တူဂီအသင်းဟာမနေ့ညတုန်းကလစ္စဘွန်းတွင်ဆားဘီးယားကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ကမ္ဘာ့ဖလားခြေစစ်ပွဲတိုက်ရိုက်အောင်မြင်မယ့်အခွင့်အရေးလွဲချော်သွားခဲ့ပြီဖြစ်ပါတယ်။ဆားဘီးယားဟာပေါ်တူဂီကိုအဝေးကွင်းမှာအနိုင်ရရှိမှုနဲ့အတူကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။

ပေါ်တူဂီဟာမနေ့ညတုန်းကဆားဘီးယားနှင့်ပွဲတွင်သရေကျရုံဖြင့်တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မယ့်အခွင့်အရေးရှိနေပါတယ်။ပေါ်တူဂီဟာရီနာတိုဆန်းချက်စ်ရဲ့ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပေမယ့်ဒူဆန်တာဒစ်ကဆားဘီးယားအတွက်ချေပခဲ့ပါတယ်။ယင်းနောက်လူစားဝင်လာတဲ့မီထရိုဗစ်ကဆားဘီးယားအတွက်နောက်ကျအနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

ပေါ်တူဂီဟာတိုက်ရိုက်ခြေစစ်ပွဲမအောင်မြင်ပေမယ့်ပလေးအော့ဖ်မှတဆင့်ခြေစစ်ပွဲအောင်မြင်မယ့်အခွင့်အရေးရှိနေပါသေးတယ်။ဒါပေမယ့်ဆားဘီးယားနှင့်ပွဲတွင်ဖာနန်ဒိုဆန်းတို့စ်ရဲ့အသင်းမှာခြေစွမ်းညံ့ဖျင်းခဲ့တဲ့အပြင်အသင်းခေါင်းဆောင်ခရစ္စတီယာနိုရော်နယ်ဒိုမှာလည်းခြေစွမ်းပြရန်ရုန်းကန်ခဲ့ရပါတယ်။

ဒါကြောင့်လည်းပေါ်တူဂီအသင်းနှင့်ခရစ္စတီယာနိုရော်နယ်ဒိုတို့ဟာအွန်လိုင်းတွင်အပြင်းအထန်ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပါတယ်။

ပရိသတ်တစ်ဦးက “ဆားဘီးယား၊အိုင်ယာလန်၊လူဇင်ဘတ်၊အဇာဘိုင်ဂျန်တို့လိုအသင်းတွေနဲ့တစ်အုပ်စုကျတာတောင်ခြေစစ်ပွဲတိုက်ရိုက်မအောင်တတ်ဘူး”လို့ဆိုသွားပါတယ်။

ပေါ်တူဂီဂျာနယ်လစ်ဟိုဆေးမော်ဂါဒိုကပေါ်တူဂီအသင်းရဲ့ခြေစွမ်းမှာစုတ်ချာလွန်းလှကြောင်းဝေဖန်သွားခဲ့ပါတယ်။

အခြားတစ်ဦးကလည်း “ဟားဟားဟားဟားဟား။တကယ်တမ်းလိုအပ်နေတဲ့အချိန်မှာခရစ္စတီယာနိုရော်နယ်ဒို ဘယ်ရောက်နေလဲ”လို့ရေးသားသွားပါတယ်။

ဒါ့အပြင်နည်းပြဆန်းတို့စ်မှာလည်းဝေဖန်မှုများနှင့်ရင်ဆိုင်နေရပါတယ်။ဆန်းတို့စ်ဟာပေါ်တူဂီကိုယူရို၂၀၁၆နှင့်၂၀၁၉နေးရှင်းလိဂ်ဖလားတို့ရရှိအောင်ဦးဆောင်ပေးခဲ့ပေမယ့်၂၀၁၈ကမ္ဘာ့ဖလားနှင့်ယူရို၂၀၂၀တို့တွင်၁၆သင်းအဆင့်သို့သာတက်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ZawGyi

ကမာၻ႔ဖလားေျခစစ္ပြဲတိုက္႐ိုက္မေအာင္ျမင္မႈေၾကာင့္ ေပၚတူဂီႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒို အျပင္းအထန္ေဝဖန္ခံေနရ

ေပၚတူဂီအသင္းဟာမေန႔ညတုန္းကလစၥဘြန္းတြင္ဆားဘီးယားကို၂-၁ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ကမာၻ႔ဖလားေျခစစ္ပြဲတိုက္႐ိုက္ေအာင္ျမင္မယ့္အခြင့္အေရးလြဲေခ်ာ္သြားခဲ့ၿပီျဖစ္ပါတယ္။ဆားဘီးယားဟာေပၚတူဂီကိုအေဝးကြင္းမွာအႏိုင္ရရွိမႈနဲ႔အတူကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္သြားခဲ့ၿပီျဖစ္ပါတယ္။

ေပၚတူဂီဟာမေန႔ညတုန္းကဆားဘီးယားႏွင့္ပြဲတြင္သေရက်႐ုံျဖင့္တိုက္႐ိုက္ေျခစစ္ပြဲေအာင္ျမင္မယ့္အခြင့္အေရးရွိေနပါတယ္။ေပၚတူဂီဟာရီနာတိုဆန္းခ်က္စ္ရဲ႕ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ဒူဆန္တာဒစ္ကဆားဘီးယားအတြက္ေခ်ပခဲ့ပါတယ္။ယင္းေနာက္လူစားဝင္လာတဲ့မီထ႐ိုဗစ္ကဆားဘီးယားအတြက္ေနာက္က်အႏိုင္ဂိုးသြင္းယူခဲ့ပါတယ္။

ေပၚတူဂီဟာတိုက္႐ိုက္ေျခစစ္ပြဲမေအာင္ျမင္ေပမယ့္ပေလးေအာ့ဖ္မွတဆင့္ေျခစစ္ပြဲေအာင္ျမင္မယ့္အခြင့္အေရးရွိေနပါေသးတယ္။ဒါေပမယ့္ဆားဘီးယားႏွင့္ပြဲတြင္ဖာနန္ဒိုဆန္းတို႔စ္ရဲ႕အသင္းမွာေျခစြမ္းညံ့ဖ်င္းခဲ့တဲ့အျပင္အသင္းေခါင္းေဆာင္ခရစၥတီယာႏိုေရာ္နယ္ဒိုမွာလည္းေျခစြမ္းျပရန္႐ုန္းကန္ခဲ့ရပါတယ္။

ဒါေၾကာင့္လည္းေပၚတူဂီအသင္းႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ဟာအြန္လိုင္းတြင္အျပင္းအထန္ေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။

ပရိသတ္တစ္ဦးက “ဆားဘီးယား၊အိုင္ယာလန္၊လူဇင္ဘတ္၊အဇာဘိုင္ဂ်န္တို႔လိုအသင္းေတြနဲ႔တစ္အုပ္စုက်တာေတာင္ေျခစစ္ပြဲတိုက္႐ိုက္မေအာင္တတ္ဘူး”လို႔ဆိုသြားပါတယ္။

ေပၚတူဂီဂ်ာနယ္လစ္ဟိုေဆးေမာ္ဂါဒိုကေပၚတူဂီအသင္းရဲ႕ေျခစြမ္းမွာစုတ္ခ်ာလြန္းလွေၾကာင္းေဝဖန္သြားခဲ့ပါတယ္။

အျခားတစ္ဦးကလည္း “ဟားဟားဟားဟားဟား။တကယ္တမ္းလိုအပ္ေနတဲ့အခ်ိန္မွာခရစၥတီယာႏိုေရာ္နယ္ဒို ဘယ္ေရာက္ေနလဲ”လို႔ေရးသားသြားပါတယ္။

ဒါ့အျပင္နည္းျပဆန္းတို႔စ္မွာလည္းေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။ဆန္းတို႔စ္ဟာေပၚတူဂီကိုယူ႐ို၂၀၁၆ႏွင့္၂၀၁၉ေနးရွင္းလိဂ္ဖလားတို႔ရရွိေအာင္ဦးေဆာင္ေပးခဲ့ေပမယ့္၂၀၁၈ကမာၻ႔ဖလားႏွင့္ယူ႐ို၂၀၂၀တို႔တြင္၁၆သင္းအဆင့္သို႔သာတက္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။