ကမ္ဘာ့ဖလားခြေစစ်ပွဲများသို့ ကစားသမားများကို ပရီးမီးယားလိဂ်ကလပ်များစေလွှတ်မည်မဟုတ်

ပရီးမီးယားလိဂ်ကလာမယ့်လတွင်ကျင်းပမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် အနီရောင်အဆင့်စာရင်းပါနိုင်ငံများမှကစားသမားများကိုစေလွှတ်မည်မဟုတ်ကြောင်းကြေညာလာပါတယ်။

ဗြိတိန်အစိုးရဟာကိုဗစ်ရောဂါကူးစက်မှုမြင့်မားတဲ့နိုင်ငံများမှဗြိတိန်သို့ဝင်ရောက်လာတဲ့မည်သူ့ကိုမဆိုဟိုတယ်ကွာရန်တင်း၁၀ရက်ဝင်ရန်ညွှန်ကြားထားပါတယ်။

ဖီဖာကလည်းကွာရန်တင်းရမယ့်အခြေအနေကြောင့်ကလပ်များအနေဖြင့်ကစားသမားများကိုမစေလွှတ်ရန်ခွင့်ပြုပေးခဲ့ပါတယ်။ဒါကြောင့်လည်းယခုအခါပရီးမီးယားလိဂ်က အနီရောင်အဆင့်စာရင်းပါနိုင်ငံများမှကစားသမားများအား လာမယ့်လကမ္ဘာ့ဖလားခြေစစ်ပွဲကစားရန်စေလွှတ်မည်မဟုတ်ကြောင်းကြေညာလာပါတယ်။

ဗြိတိန်ရဲ့ကိုဗစ်ကန့်သတ်ချက်အနီရောင်စာရင်းနိုင်ငံအများစုမှာအာရှ၊အာဖရိကနှင့်တောင်အမေရိကတို့ဖြစ်ပါတယ်။

ယင်းနိုင်ငံများမှာအာဖကန်နစ္စတန်၊အန်ဂိုလာ၊အာဂျင်တီးနား၊ဘင်္ဂလာဒေ့ရှ်၊ဘိုလီဗီးယား၊ဘော့ဝါနာ၊ဘရာဇီး၊ဘူရန်ဒီ၊ကိတ်ဗာဒီ၊ချီလီ၊ကိုလံဘီယာ၊ကွန်ဂို၊ကော့စတာရီကာ၊ကျူးဘား၊ဒိုမီနီကန်၊အီကွေဒေါ၊အီဂျစ်၊အီရီထရီယာ၊အီဆွာတီနီ၊အီသီယိုပီးယား၊ပြင်သစ်ဂီနီ၊ဂျော်ဂျီယာ၊ဂူယာနာ၊ဟေတီ၊အင်ဒိုနီးရှား၊ကန်ညာ၊လီဆိုသို၊မာလဝီ၊မော်ဒိုက်စ်၊မာယော့တီ၊မက္ကဆီကို၊မွန်ဂိုလီယား၊မိုဇမ်ဘစ်၊မြန်မာ၊နမီးဘီးယား၊နီပေါလ်၊အိုမန်၊ပါကစ္စတန်၊ပနားမား၊ပါရာဂွေး၊ပီရူး၊ဖီလစ်ပိုင်၊ရဝန်ဒါ၊ဆေရှဲလ်လက်စ်၊စီယာရာလီယွန်၊ဆိုမာလီ၊တောင်အာဖရိက၊သီရိလင်္ကာ၊ဆူဒန်၊ဆူရီနိန်း၊တွန်ဇာနီယား၊ထရီနီဒတ်နှင့်တိုဘာဂို၊တူနီးရှာ၊တူရကီ၊ယုဂန္ဓာ၊ဥရုဂွေး၊ဗီနီဇွဲလား၊ဇမ်ဘီယာ၊ဇမ်ဘာဘွေတို့ဖြစ်ပါတယ်။

ဒါကြောင့်လီဗာပူးဟာဖာဘင်ဟို၊ဖာမီနို၊အလီဆင်၊ဆာလက်တို့ကိုကမ္ဘာ့ဖလားအတွက်စေလွှတ်ရမှာမဟုတ်သလိုမန်ယူမှာလည်းအဲလက်စ်တဲလ်လက်စ်၊ဖရက်၊ကာဗာနီတို့ကိုစေလွှတ်မှာပါဘူး။မန်စီးတီးမှာလည်းဂျီးဆပ်စ်၊အီဒါဆင်တို့ကိုစေလွှတ်ရမှာမဟုတ်ပါဘူး။

ZawGyi

ကမာၻ႔ဖလားေျခစစ္ပြဲမ်ားသို႔ ကစားသမားမ်ားကို ပရီးမီးယားလိဂ္ကလပ္မ်ားေစလႊတ္မည္မဟုတ္

ပရီးမီးယားလိဂ္ကလာမယ့္လတြင္က်င္းပမယ့္ကမာၻ႔ဖလားေျခစစ္ပြဲမ်ားအတြက္ အနီေရာင္အဆင့္စာရင္းပါႏိုင္ငံမ်ားမွကစားသမားမ်ားကိုေစလႊတ္မည္မဟုတ္ေၾကာင္းေၾကညာလာပါတယ္။

ၿဗိတိန္အစိုးရဟာကိုဗစ္ေရာဂါကူးစက္မႈျမင့္မားတဲ့ႏိုင္ငံမ်ားမွၿဗိတိန္သို႔ဝင္ေရာက္လာတဲ့မည္သူ႔ကိုမဆိုဟိုတယ္ကြာရန္တင္း၁၀ရက္ဝင္ရန္ၫႊန္ၾကားထားပါတယ္။

ဖီဖာကလည္းကြာရန္တင္းရမယ့္အေျခအေနေၾကာင့္ကလပ္မ်ားအေနျဖင့္ကစားသမားမ်ားကိုမေစလႊတ္ရန္ခြင့္ျပဳေပးခဲ့ပါတယ္။ဒါေၾကာင့္လည္းယခုအခါပရီးမီးယားလိဂ္က အနီေရာင္အဆင့္စာရင္းပါႏိုင္ငံမ်ားမွကစားသမားမ်ားအား လာမယ့္လကမာၻ႔ဖလားေျခစစ္ပြဲကစားရန္ေစလႊတ္မည္မဟုတ္ေၾကာင္းေၾကညာလာပါတယ္။

ၿဗိတိန္ရဲ႕ကိုဗစ္ကန႔္သတ္ခ်က္အနီေရာင္စာရင္းႏိုင္ငံအမ်ားစုမွာအာရွ၊အာဖရိကႏွင့္ေတာင္အေမရိကတို႔ျဖစ္ပါတယ္။

ယင္းႏိုင္ငံမ်ားမွာအာဖကန္နစၥတန္၊အန္ဂိုလာ၊အာဂ်င္တီးနား၊ဘဂၤလာေဒ့ရွ္၊ဘိုလီဗီးယား၊ေဘာ့ဝါနာ၊ဘရာဇီး၊ဘူရန္ဒီ၊ကိတ္ဗာဒီ၊ခ်ီလီ၊ကိုလံဘီယာ၊ကြန္ဂို၊ေကာ့စတာရီကာ၊က်ဴးဘား၊ဒိုမီနီကန္၊အီေကြေဒါ၊အီဂ်စ္၊အီရီထရီယာ၊အီဆြာတီနီ၊အီသီယိုပီးယား၊ျပင္သစ္ဂီနီ၊ေဂ်ာ္ဂ်ီယာ၊ဂူယာနာ၊ေဟတီ၊အင္ဒိုနီးရွား၊ကန္ညာ၊လီဆိုသို၊မာလဝီ၊ေမာ္ဒိုက္စ္၊မာေယာ့တီ၊မကၠဆီကို၊မြန္ဂိုလီယား၊မိုဇမ္ဘစ္၊ျမန္မာ၊နမီးဘီးယား၊နီေပါလ္၊အိုမန္၊ပါကစၥတန္၊ပနားမား၊ပါရာေဂြး၊ပီ႐ူး၊ဖီလစ္ပိုင္၊ရဝန္ဒါ၊ေဆရွဲလ္လက္စ္၊စီယာရာလီယြန္၊ဆိုမာလီ၊ေတာင္အာဖရိက၊သီရိလကၤာ၊ဆူဒန္၊ဆူရီနိန္း၊တြန္ဇာနီယား၊ထရီနီဒတ္ႏွင့္တိုဘာဂို၊တူနီးရွာ၊တူရကီ၊ယုဂႏၶာ၊ဥ႐ုေဂြး၊ဗီနီဇြဲလား၊ဇမ္ဘီယာ၊ဇမ္ဘာေဘြတို႔ျဖစ္ပါတယ္။

ဒါေၾကာင့္လီဗာပူးဟာဖာဘင္ဟို၊ဖာမီႏို၊အလီဆင္၊ဆာလက္တို႔ကိုကမာၻ႔ဖလားအတြက္ေစလႊတ္ရမွာမဟုတ္သလိုမန္ယူမွာလည္းအဲလက္စ္တဲလ္လက္စ္၊ဖရက္၊ကာဗာနီတို႔ကိုေစလႊတ္မွာပါဘူး။မန္စီးတီးမွာလည္းဂ်ီးဆပ္စ္၊အီဒါဆင္တို႔ကိုေစလႊတ္ရမွာမဟုတ္ပါဘူး။