ကမ္ဘာ့ဖလားခြေစစ်ပွဲမှ ထုတ်ပယ်မှုအတွက် ရုရှား အယူခံဝင်သွားမည်၊ ဖီဖာနှင့်ယူအီးအက်ဖ်အေကို တရားစွဲရန် ခြိမ်းခြောက်

ရုရှားဘောလုံးအဖွဲ့ချုပ်ဟာဖီဖာကရုရှားလက်ရွေးစင်အသင်းများအားနိုင်ငံတကာပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပင်လိုက်မှုအပေါ် အယူခံဝင်သွားပါမယ်။

ဖီဖာနှင့်ယူအီးအက်ဖ်အေတို့ဟာရုရှားကယူကရိန်းကိုကျူးကျော်စစ်ဆင်နွဲလာပြီးနောက်ရုရှားလက်ရွေးစင်အသင်းများနှင့်ကလပ်များအား၎င်းတို့ကြီးမှူးကျင်းပတဲ့ပြိုင်ပွဲများတွင်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပိတ်လိုက်တာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ယခုအခါရုရှားဟာဖီဖာနှင့်ယူအီးအက်ဖ်အေတို့ရဲ့ဆုံးဖြတ်ချက်ကို အားကစားသမာဓိခုံရုံးတွင်အယူခံဝင်လာပြီဖြစ်ပါတယ်။

ရုရှားဘောလုံးအဖွဲ့ချုပ်ဟာအမျိုးသားလက်ရွေးစင်အသင်းနှင့်အမျိုးသမီးလက်ရွေးစင်အသင်းတို့ နိုင်ငံတကာပြိုင်ပွဲကြီးတွင်ပါဝင်လာနိုင်ရန်မျှော်လင့်နေပါတယ်။

ရုရှားဟာဖီဖာရဲ့ပိတ်ပင်မှုကြောင့်ယခုလနှောင်းပိုင်းတွင်ကစားရမယ့် ပိုလန်နှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲပလေးအော့ဖ်ဆီမီးဖိုင်နယ်ကစားနိုင်မှာမဟုတ်ဘဲ ခြေစစ်ပွဲမှအထုတ်ခံထားရပါတယ်။အလားတူအမျိုးသမီးလက်ရွေးစင်အသင်းမှာလည်းလာမယ့်နွေရာသီတွင်ကျင်းပမယ့်ယူရိုပြိုင်ပွဲတွင်ပါဝင်ခွင့်မရထားပါဘူး။

ဖီဖာဟာအစောပိုင်းတုန်းကရုရှားလက်ရွေးစင်အသင်းကိုကမ္ဘာ့ဖလားခြေစစ်ပွဲအား Football Union Of Russia အမည်ဖြင့် နိုင်ငံတော်သီချင်း၊လိုဂို၊ပရိသတ်မပါဘဲကစားစေခဲ့ပါတယ်။

ဒါပေမဲ့ရုရှားရဲ့ပြိုင်ဘက်ပိုလန်နှင့်ပလေးအော့ဖ်ဗိုလ်လုပွဲတွင်တွေ့ဆုံနိုင်တဲ့ ဆွီဒင်နှင့်ချက်တို့က ရုရှားနှင့်ခြေစစ်ပွဲလုံးဝကစားမည်မဟုတ်ကြောင်းကြေညာလာခဲ့ပါတယ်။

ဒါကြောင့်လည်းဖီဖာဟာဆုံးဖြတ်ချက်ကိုပြင်ပြီးရုရှားကိုပြိုင်ပွဲမှထုတ်ပယ်ခဲ့ပါတယ်။

စပါးတပ်မော်စကိုမှာလည်းယူရိုပါလိဂ်၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်မှ ထုတ်ပယ်ခြင်းခံထားရပါတယ်။

ZawGyi

ကမာၻ႔ဖလားေျခစစ္ပြဲမွ ထုတ္ပယ္မႈအတြက္ ႐ုရွား အယူခံဝင္သြားမည္၊ ဖီဖာႏွင့္ယူအီးအက္ဖ္ေအကို တရားစြဲရန္ ၿခိမ္းေျခာက္

႐ုရွားေဘာလုံးအဖြဲ႕ခ်ဳပ္ဟာဖီဖာက႐ုရွားလက္ေ႐ြးစင္အသင္းမ်ားအားႏိုင္ငံတကာၿပိဳင္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ပိတ္ပင္လိုက္မႈအေပၚ အယူခံဝင္သြားပါမယ္။

ဖီဖာႏွင့္ယူအီးအက္ဖ္ေအတို႔ဟာ႐ုရွားကယူကရိန္းကိုက်ဴးေက်ာ္စစ္ဆင္ႏြဲလာၿပီးေနာက္႐ုရွားလက္ေ႐ြးစင္အသင္းမ်ားႏွင့္ကလပ္မ်ားအား၎တို႔ႀကီးမႉးက်င္းပတဲ့ၿပိဳင္ပြဲမ်ားတြင္ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ပိတ္လိုက္တာလည္းျဖစ္ပါတယ္။

ဒါေပမဲ့ယခုအခါ႐ုရွားဟာဖီဖာႏွင့္ယူအီးအက္ဖ္ေအတို႔ရဲ႕ဆုံးျဖတ္ခ်က္ကို အားကစားသမာဓိခုံ႐ုံးတြင္အယူခံဝင္လာၿပီျဖစ္ပါတယ္။

႐ုရွားေဘာလုံးအဖြဲ႕ခ်ဳပ္ဟာအမ်ိဳးသားလက္ေ႐ြးစင္အသင္းႏွင့္အမ်ိဳးသမီးလက္ေ႐ြးစင္အသင္းတို႔ ႏိုင္ငံတကာၿပိဳင္ပြဲႀကီးတြင္ပါဝင္လာႏိုင္ရန္ေမွ်ာ္လင့္ေနပါတယ္။

႐ုရွားဟာဖီဖာရဲ႕ပိတ္ပင္မႈေၾကာင့္ယခုလေႏွာင္းပိုင္းတြင္ကစားရမယ့္ ပိုလန္ႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲပေလးေအာ့ဖ္ဆီမီးဖိုင္နယ္ကစားႏိုင္မွာမဟုတ္ဘဲ ေျခစစ္ပြဲမွအထုတ္ခံထားရပါတယ္။အလားတူအမ်ိဳးသမီးလက္ေ႐ြးစင္အသင္းမွာလည္းလာမယ့္ေႏြရာသီတြင္က်င္းပမယ့္ယူ႐ိုၿပိဳင္ပြဲတြင္ပါဝင္ခြင့္မရထားပါဘူး။

ဖီဖာဟာအေစာပိုင္းတုန္းက႐ုရွားလက္ေ႐ြးစင္အသင္းကိုကမာၻ႔ဖလားေျခစစ္ပြဲအား Football Union Of Russia အမည္ျဖင့္ ႏိုင္ငံေတာ္သီခ်င္း၊လိုဂို၊ပရိသတ္မပါဘဲကစားေစခဲ့ပါတယ္။

ဒါေပမဲ့႐ုရွားရဲ႕ၿပိဳင္ဘက္ပိုလန္ႏွင့္ပေလးေအာ့ဖ္ဗိုလ္လုပြဲတြင္ေတြ႕ဆုံႏိုင္တဲ့ ဆြီဒင္ႏွင့္ခ်က္တို႔က ႐ုရွားႏွင့္ေျခစစ္ပြဲလုံးဝကစားမည္မဟုတ္ေၾကာင္းေၾကညာလာခဲ့ပါတယ္။

ဒါေၾကာင့္လည္းဖီဖာဟာဆုံးျဖတ္ခ်က္ကိုျပင္ၿပီး႐ုရွားကိုၿပိဳင္ပြဲမွထုတ္ပယ္ခဲ့ပါတယ္။

စပါးတပ္ေမာ္စကိုမွာလည္းယူ႐ိုပါလိဂ္၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္မွ ထုတ္ပယ္ျခင္းခံထားရပါတယ္။