ကမ္ဘာ့ဖလားခြေစစ်ပွဲရှုံးပွဲအပြီးမှာ ဆားဘီးယားကစားသမားများကို ခရစ္စတီယာနိုရော်နယ်ဒို ဘာပြောခဲ့လဲ?

ခရစ္စတီယာနိုရော်နယ်ဒိုဟာဆားဘီးယားနှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်သူ့ဂိုးကို အငြင်းပွားဖွယ်ခွင့်မပြုခဲ့မှုအတွက်ညည်းတွားမှုပြုလုပ်ခဲ့ပါတယ်။ဆားဘီးယားဟာလစ္စဘွန်းတွင်ပေါ်တူဂီကိုအနိုင်ယူကာကမ္ဘာ့ဖလားခြေစစ်ပွဲတိုက်ရိုက်အောင်မြင်သွားခဲ့ပါတယ်။

ဆားဘီးယားဟာတနင်္ဂနွေနေ့တုန်းကမီထရိုဗစ်ရဲ့နောက်ကျဂိုးကြောင့်ပေါ်တူဂီကို၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ဆားဘီးယားဟာပေါ်တူဂီနိုင်ပွဲကြောင့်ကာတာကမ္ဘာ့ဖလားခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ခဲ့ပါတယ်။

ပေါ်တူဂီကတော့ပလေးအော့ဖ်အဆင့်ကိုခက်ခက်ခဲခဲကျော်ဖြတ်ပြီးခြေစစ်ပွဲအောင်မြင်ရန်ကြိုးပမ်းရတော့မှာဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာဆားဘီးယားနှင့်ပွဲအပြီးတွင်အလွန်စိတ်ပျက်နေခဲ့ပြီးနည်းပြဆန်တိုနှင့်ဆားဘီးယားကစားသမားများအား ညည်းတွားမှုများပြုလုပ်ခဲ့ပါတယ်။ရော်နယ်ဒိုဟာမတ်လတုန်းကဆားဘီးယားနှင့်သရေကျတဲ့ပွဲတွင်သူ့ဂိုးစည်းကျော်သွားခဲ့ပေမယ့်ဒိုင်လူကြီးကခွင့်မပြုခဲ့မှုအတွက်ညည်းတွားခဲ့တာဖြစ်ပါတယ်။

ယင်းနှင့်ပတ်သက်ပြီးပေါ်တူဂီနည်းပြဆန်တိုက “ပွဲပြီးသွားတဲ့အခါစိတ်ပျက်မှုကအရမ်းကြီးမားပါတယ်။ပေါ်တူဂီသာအောင်သွားရင်ကစားသမားများနဲ့နည်းပြအဖွဲ့ဝင်တွေဘယ်လိုဖြစ်နေမလဲမှန်းကြည့်လို့ရတယ်။ကစားသမားတွေကကွင်းထဲမှာရှိနေတုန်းကအားပေးနှစ်သိမ့်ဖို့သွားခဲ့ပါတယ်။သူ(ရော်နယ်ဒို)ကဆားဘီးယားကစားသမားတစ်ဦးပြောနေတာကြားလိုက်ပါတယ်။ ‘တကယ်လို့ငါသွင်းတဲ့ဂိုးသာငြင်းပယ်မခံရဘူးဆိုရင်မင်းတို့ရယ်နိုင်မှာမဟုတ်ဘူး။ငါပြောလည်းမင်းတို့အလေးအနက်ထားမှာမဟုတ်ပါဘူး’လို့ပြောနေခဲ့ပါတယ်။

မတ်လတုန်းကဆားဘီးယားတွင်ကစားတဲ့ပွဲစဉ်တွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာ၃-၂ဂိုးဖြင့်အနိုင်ရရှိမယ့်ဂိုးကိုသွင်းယူခဲ့ပါတယ်။ဒါပေမယ့်ဒိုင်လူကြီးကဘောလုံးကဂိုးစည်းကိုမကျော်ဆိုပြီးဂိုးအဖြစ်မပေးခဲ့ပါဘူး။ထိုစဉ်ကကွင်းမှာ VAR မရှိပါဘူး။တကယ်လို့ယင်းဂိုးကိုသာခွင့်ပြုခဲ့မယ်ဆိုပါကပေါ်တူဂီမှာခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ပါမယ်။

ZawGyi

ကမာၻ႔ဖလားေျခစစ္ပြဲရႈံးပြဲအၿပီးမွာ ဆားဘီးယားကစားသမားမ်ားကို ခရစၥတီယာႏိုေရာ္နယ္ဒို ဘာေျပာခဲ့လဲ?

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဆားဘီးယားႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲတြင္သူ႔ဂိုးကို အျငင္းပြားဖြယ္ခြင့္မျပဳခဲ့မႈအတြက္ညည္းတြားမႈျပဳလုပ္ခဲ့ပါတယ္။ဆားဘီးယားဟာလစၥဘြန္းတြင္ေပၚတူဂီကိုအႏိုင္ယူကာကမာၻ႔ဖလားေျခစစ္ပြဲတိုက္႐ိုက္ေအာင္ျမင္သြားခဲ့ပါတယ္။

ဆားဘီးယားဟာတနဂၤေႏြေန႔တုန္းကမီထ႐ိုဗစ္ရဲ႕ေနာက္က်ဂိုးေၾကာင့္ေပၚတူဂီကို၂-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။ဆားဘီးယားဟာေပၚတူဂီႏိုင္ပြဲေၾကာင့္ကာတာကမာၻ႔ဖလားေျခစစ္ပြဲတိုက္႐ိုက္ေအာင္ျမင္ခဲ့ပါတယ္။

ေပၚတူဂီကေတာ့ပေလးေအာ့ဖ္အဆင့္ကိုခက္ခက္ခဲခဲေက်ာ္ျဖတ္ၿပီးေျခစစ္ပြဲေအာင္ျမင္ရန္ႀကိဳးပမ္းရေတာ့မွာျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဆားဘီးယားႏွင့္ပြဲအၿပီးတြင္အလြန္စိတ္ပ်က္ေနခဲ့ၿပီးနည္းျပဆန္တိုႏွင့္ဆားဘီးယားကစားသမားမ်ားအား ညည္းတြားမႈမ်ားျပဳလုပ္ခဲ့ပါတယ္။ေရာ္နယ္ဒိုဟာမတ္လတုန္းကဆားဘီးယားႏွင့္သေရက်တဲ့ပြဲတြင္သူ႔ဂိုးစည္းေက်ာ္သြားခဲ့ေပမယ့္ဒိုင္လူႀကီးကခြင့္မျပဳခဲ့မႈအတြက္ညည္းတြားခဲ့တာျဖစ္ပါတယ္။

ယင္းႏွင့္ပတ္သက္ၿပီးေပၚတူဂီနည္းျပဆန္တိုက “ပြဲၿပီးသြားတဲ့အခါစိတ္ပ်က္မႈကအရမ္းႀကီးမားပါတယ္။ေပၚတူဂီသာေအာင္သြားရင္ကစားသမားမ်ားနဲ႔နည္းျပအဖြဲ႕ဝင္ေတြဘယ္လိုျဖစ္ေနမလဲမွန္းၾကည့္လို႔ရတယ္။ကစားသမားေတြကကြင္းထဲမွာရွိေနတုန္းကအားေပးႏွစ္သိမ့္ဖို႔သြားခဲ့ပါတယ္။သူ(ေရာ္နယ္ဒို)ကဆားဘီးယားကစားသမားတစ္ဦးေျပာေနတာၾကားလိုက္ပါတယ္။ ‘တကယ္လို႔ငါသြင္းတဲ့ဂိုးသာျငင္းပယ္မခံရဘူးဆိုရင္မင္းတို႔ရယ္ႏိုင္မွာမဟုတ္ဘူး။ငါေျပာလည္းမင္းတို႔အေလးအနက္ထားမွာမဟုတ္ပါဘူး’လို႔ေျပာေနခဲ့ပါတယ္။

မတ္လတုန္းကဆားဘီးယားတြင္ကစားတဲ့ပြဲစဥ္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၃-၂ဂိုးျဖင့္အႏိုင္ရရွိမယ့္ဂိုးကိုသြင္းယူခဲ့ပါတယ္။ဒါေပမယ့္ဒိုင္လူႀကီးကေဘာလုံးကဂိုးစည္းကိုမေက်ာ္ဆိုၿပီးဂိုးအျဖစ္မေပးခဲ့ပါဘူး။ထိုစဥ္ကကြင္းမွာ VAR မရွိပါဘူး။တကယ္လို႔ယင္းဂိုးကိုသာခြင့္ျပဳခဲ့မယ္ဆိုပါကေပၚတူဂီမွာေျခစစ္ပြဲတိုက္႐ိုက္ေအာင္ျမင္ပါမယ္။