
ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဟာယခုအပတ်ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက်စတားကစားသမားကိုးဦးကိုစေလွှတ်ပေးရန်ပရီးမီးယားလိဂ်ကလပ်ခြောက်ခုထံတောင်းဆိုထားပါတယ်။
ပရီးမီးယားလိဂ်ကလပ်များဟာပြီးခဲ့တဲ့အပတ်တုန်းကဗြိတိန်ရဲ့ကိုဗစ်ကန့်သတ်ချက်အနီရောင်စာရင်းတွင်ပါဝင်တဲ့နိုင်ငံများသို့ကစားသမားများမစေလွှတ်ရန်သဘောတူညီမှုပြုလုပ်ခဲ့ကြပါတယ်။
ဘရာဇီးဟာကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များအဖြစ်ချီလီ၊အာဂျင်တီးနား၊ပီရူးတို့နှင့်ရင်ဆိုင်ကစားရပါမယ်။ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဟာမန်ယူ၊မန်စီးတီး၊လီဗာပူး၊လိဒ်နှင့်အဲဗာတန်တို့အား၎င်းတို့ရဲ့ကစားသမားများကိုစေလွှတ်ရန်အကြောင်းကြားထားပါတယ်။
ဘရာဇီးဟာ၎င်းတို့ရဲ့ကစားသမားများကိုမစေလွှတ်ပါကဖီဖာထံသို့တိုင်ကြားမှုပြုလုပ်လာမှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ်များဟာဗြိတိန်ကိုဗစ်ကန့်သတ်ချက်အနီရောင်စာရင်းမှနိုင်ငံများသို့ကစားသမားများအားမစေလွှတ်ရန်သဘောတူညီထားပေမယ့်ဗီလာကတော့ဂိုးသမားမာတီနက်ဇ်နှင့်အလယ်တန်းကစားသမားဘူအန်ဒီအာတို့ကိုမူအာဂျင်တီးနားသို့စေလွှတ်ထားပါတယ်။
ယင်းကစားသမားနှစ်ဦးတို့ဟာအာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲတည်းသာကစားပြီးတစ်ပွဲမကစားဘဲပြန်လာကာဟိုတယ်ကွာရန်တင်းဝင်ပါမယ်။၎င်းတို့ဟာနှစ်ပွဲတည်းသာကစားမှုကြောင့်ကလပ်ပွဲတစ်ပွဲတည်းသာလွဲမှာဖြစ်ပါတယ်။
အကယ်၍ကစားသမားများအနေဖြင့်ကမ္ဘာ့ဖလားခြေစစ်ပွဲသုံးပွဲအထိကစားပါကဟိုတယ်ကွာရန်တင်း၁၀ရက်ဝင်ရမှုနဲ့အတူကလပ်ပွဲသုံးပွဲအထိလွဲပါမယ်။
ZawGyi
ကမာၻ႔ဖလားေျခစစ္ပြဲအတြက္ ကစားသမားကိုးဦးေစလႊတ္ေရး ပရီးမီးယားလိဂ္ကလပ္မ်ားႏွင့္ဘရာဇီးတိုက္ပြဲျဖစ္ေန
ဘရာဇီးေဘာလုံးအဖြဲ႕ခ်ဳပ္ဟာယခုအပတ္ကမာၻ႔ဖလားေျခစစ္ပြဲမ်ားအတြက္စတားကစားသမားကိုးဦးကိုေစလႊတ္ေပးရန္ပရီးမီးယားလိဂ္ကလပ္ေျခာက္ခုထံေတာင္းဆိုထားပါတယ္။
ပရီးမီးယားလိဂ္ကလပ္မ်ားဟာၿပီးခဲ့တဲ့အပတ္တုန္းကၿဗိတိန္ရဲ႕ကိုဗစ္ကန႔္သတ္ခ်က္အနီေရာင္စာရင္းတြင္ပါဝင္တဲ့ႏိုင္ငံမ်ားသို႔ကစားသမားမ်ားမေစလႊတ္ရန္သေဘာတူညီမႈျပဳလုပ္ခဲ့ၾကပါတယ္။
ဘရာဇီးဟာကမာၻ႔ဖလားေျခစစ္ပြဲစဥ္မ်ားအျဖစ္ခ်ီလီ၊အာဂ်င္တီးနား၊ပီ႐ူးတို႔ႏွင့္ရင္ဆိုင္ကစားရပါမယ္။ဘရာဇီးေဘာလုံးအဖြဲ႕ခ်ဳပ္ဟာမန္ယူ၊မန္စီးတီး၊လီဗာပူး၊လိဒ္ႏွင့္အဲဗာတန္တို႔အား၎တို႔ရဲ႕ကစားသမားမ်ားကိုေစလႊတ္ရန္အေၾကာင္းၾကားထားပါတယ္။
ဘရာဇီးဟာ၎တို႔ရဲ႕ကစားသမားမ်ားကိုမေစလႊတ္ပါကဖီဖာထံသို႔တိုင္ၾကားမႈျပဳလုပ္လာမွာျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ကလပ္မ်ားဟာၿဗိတိန္ကိုဗစ္ကန႔္သတ္ခ်က္အနီေရာင္စာရင္းမွႏိုင္ငံမ်ားသို႔ကစားသမားမ်ားအားမေစလႊတ္ရန္သေဘာတူညီထားေပမယ့္ဗီလာကေတာ့ဂိုးသမားမာတီနက္ဇ္ႏွင့္အလယ္တန္းကစားသမားဘူအန္ဒီအာတို႔ကိုမူအာဂ်င္တီးနားသို႔ေစလႊတ္ထားပါတယ္။
ယင္းကစားသမားႏွစ္ဦးတို႔ဟာအာဂ်င္တီးနားရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲႏွစ္ပြဲတည္းသာကစားၿပီးတစ္ပြဲမကစားဘဲျပန္လာကာဟိုတယ္ကြာရန္တင္းဝင္ပါမယ္။၎တို႔ဟာႏွစ္ပြဲတည္းသာကစားမႈေၾကာင့္ကလပ္ပြဲတစ္ပြဲတည္းသာလြဲမွာျဖစ္ပါတယ္။
အကယ္၍ကစားသမားမ်ားအေနျဖင့္ကမာၻ႔ဖလားေျခစစ္ပြဲသုံးပြဲအထိကစားပါကဟိုတယ္ကြာရန္တင္း၁၀ရက္ဝင္ရမႈနဲ႔အတူကလပ္ပြဲသုံးပြဲအထိလြဲပါမယ္။