
ဟန်ဂေရီဟာပြီးခဲ့တဲ့လတုန်းကဝင်ဘာလေကွင်းတွင်အင်္ဂလန်နှင့်ကစားတဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်လုံခြုံရေးရဲများနှင့်ပရိသတ်များ ခိုက်ရန်ဖြစ်ပွားတဲ့အဖြစ်အပျက်ကြောင့်ကမ္ဘာ့ဖလားခြေစစ်ပွဲအဝေးကွင်းပွဲစဉ်ကိုလည်းပရိသတ်များမပါဘဲကစားရတော့မှာဖြစ်ပါတယ်။
ဟန်ဂေရီပရိသတ်များဟာပြီးခဲ့တဲ့လတုန်းကဝင်ဘာလေကွင်းပွဲစဉ်တွင်ရဲတပ်ဖွဲ့များနှင့်အချင်းများခဲ့တဲ့အပြင်လူမျိုးရေးခွဲခြားမှုများလည်းပြုလုပ်ခဲ့ကြပါတယ်။
ယခုအခါဖီဖာဟာဟန်ဂေရီပရိသတ်များရဲ့လက်မခံနိုင်စရာအပြုအမူနှင့်စည်းမျဉ်းလိုက်မှုအားနည်းတဲ့လုပ်ရပ်ကြောင့်အဝေးကွင်းတစ်ပွဲ လိုက်ပါကြည့်ရှုဖို့ပိတ်ပင်လိုက်တဲ့အပြင်ပေါင်၆၀၀၀၀လည်းဒဏ်ရိုက်ခံခဲ့ရပါတယ်။
ဟန်ဂေရီဟာစက်တင်ဘာလတုန်းကအင်္ဂလန်ကိုရှုံးနိမ့်တဲ့ဘူဒါပတ်စ်ပွဲစဉ်တွင်ပရိသတ်များရဲ့လူမျိုးရေးခွဲခြားမှုအပြုအမူကြောင့်အိမ်ကွင်းနှစ်ပွဲအားပရိသတ်မပါဘဲကစားရန်အရေးယူခြင်းခံခဲ့ရတဲ့အပြင်ဒဏ်ငွေပေါင်၁၆၁၀၀၀ဒဏ်ရိုက်ခံခဲ့ရပြီးလည်းဖြစ်ပါတယ်။ဟန်ဂေရီဟာယင်းနှစ်ပွဲပယ်မှတစ်ပွဲကိုဆိုင်းငံ့ပြစ်ဒဏ်အဖြစ်ကျခံရမှာလည်းဖြစ်ပါတယ်။
ဒါကြောင့်လည်းဟန်ဂေရီအသင်းဟာယခုလတွင်ကစားရမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲလုံးကိုသူတို့ရဲ့ပရိသတ်မပါဝင်ဘဲကစားရတော့မှာဖြစ်ပါတယ်။ဟန်ဂေရီဟာဆန်မာရီနို၊ပိုလန်တို့နှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရန်ကျန်ပါသေးတယ်။
ZawGyi
ကမာၻ႔ဖလားေျခစစ္ပြဲအားလုံးကို ကြင္းထဲဝင္ၾကည့္ခြင့္ပိတ္ခံလိုက္ရတဲ့ ဟန္ေဂရီပရိသတ္မ်ား
ဟန္ေဂရီဟာၿပီးခဲ့တဲ့လတုန္းကဝင္ဘာေလကြင္းတြင္အဂၤလန္ႏွင့္ကစားတဲ့ကမာၻ႔ဖလားေျခစစ္ပြဲတြင္လုံၿခဳံေရးရဲမ်ားႏွင့္ပရိသတ္မ်ား ခိုက္ရန္ျဖစ္ပြားတဲ့အျဖစ္အပ်က္ေၾကာင့္ကမာၻ႔ဖလားေျခစစ္ပြဲအေဝးကြင္းပြဲစဥ္ကိုလည္းပရိသတ္မ်ားမပါဘဲကစားရေတာ့မွာျဖစ္ပါတယ္။
ဟန္ေဂရီပရိသတ္မ်ားဟာၿပီးခဲ့တဲ့လတုန္းကဝင္ဘာေလကြင္းပြဲစဥ္တြင္ရဲတပ္ဖြဲ႕မ်ားႏွင့္အခ်င္းမ်ားခဲ့တဲ့အျပင္လူမ်ိဳးေရးခြဲျခားမႈမ်ားလည္းျပဳလုပ္ခဲ့ၾကပါတယ္။
ယခုအခါဖီဖာဟာဟန္ေဂရီပရိသတ္မ်ားရဲ႕လက္မခံႏိုင္စရာအျပဳအမူႏွင့္စည္းမ်ဥ္းလိုက္မႈအားနည္းတဲ့လုပ္ရပ္ေၾကာင့္အေဝးကြင္းတစ္ပြဲ လိုက္ပါၾကည့္ရႈဖို႔ပိတ္ပင္လိုက္တဲ့အျပင္ေပါင္၆၀၀၀၀လည္းဒဏ္႐ိုက္ခံခဲ့ရပါတယ္။
ဟန္ေဂရီဟာစက္တင္ဘာလတုန္းကအဂၤလန္ကိုရႈံးနိမ့္တဲ့ဘူဒါပတ္စ္ပြဲစဥ္တြင္ပရိသတ္မ်ားရဲ႕လူမ်ိဳးေရးခြဲျခားမႈအျပဳအမူေၾကာင့္အိမ္ကြင္းႏွစ္ပြဲအားပရိသတ္မပါဘဲကစားရန္အေရးယူျခင္းခံခဲ့ရတဲ့အျပင္ဒဏ္ေငြေပါင္၁၆၁၀၀၀ဒဏ္႐ိုက္ခံခဲ့ရၿပီးလည္းျဖစ္ပါတယ္။ဟန္ေဂရီဟာယင္းႏွစ္ပြဲပယ္မွတစ္ပြဲကိုဆိုင္းငံ့ျပစ္ဒဏ္အျဖစ္က်ခံရမွာလည္းျဖစ္ပါတယ္။
ဒါေၾကာင့္လည္းဟန္ေဂရီအသင္းဟာယခုလတြင္ကစားရမယ့္ကမာၻ႔ဖလားေျခစစ္ပြဲႏွစ္ပြဲလုံးကိုသူတို႔ရဲ႕ပရိသတ္မပါဝင္ဘဲကစားရေတာ့မွာျဖစ္ပါတယ္။ဟန္ေဂရီဟာဆန္မာရီႏို၊ပိုလန္တို႔ႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲကစားရန္က်န္ပါေသးတယ္။