ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မှုအထိမ်းအမှတ်ဖြင့် ထုတ်လုပ်လာမယ့် ဂါရတ်ဘေးလ်ဘီယာ ဈေးကွက်သို့ရောက်လာတော့မည်

ဂါရတ်ဘေးလ်ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်ဘီယာကိုလာမယ့်အပတ်တွင်ဝေးလ်စူပါမတ်ကက်ဈေးကွက်အတွင်းသို့ဖြန့်ချိရောင်းချလာတော့မှာဖြစ်ပါတယ်။

အသက်၃၃နှစ်ရှိရီးရဲလ်မက်ဒရစ်စူပါစတားဟောင်းဟာ၆၄နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်မှုအထိမ်းအမှတ်အဖြစ်ကိုယ်ပိုင်အမှတ်တံဆိပ်ဘီယာထုတ်လုပ်ရောင်းချလာမှာလည်းဖြစ်ပါတယ်။

ဝေးလ်ဟာ၁၉၅၈ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားပြီးကမ္ဘာ့ဖလားအုပ်စုတွင်းတွင်အင်္ဂလန်၊အမေရိကန်၊အီရန်တို့နှင့်တစ်အုပ်စုတည်းကျရောက်နေပါတယ်။

ဝေးလ်ပရိသတ်များဟာလာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂါရတ်ဘေးလ်ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ် Bale Ale သို့မဟုတ် Bale Larger ဘီယာကိုသောက်ဆုံးပျော်ပါးလာနိုင်ပါမယ်။

ဘီယာပုလင်းများကို ပေါင်၁.၇၀သတ်မှတ်ထားပြီးအောက်တိုဘာလ၃ရက်နေ့မှစတင်ရောင်းချသွားပါမယ်။

ဂါရတ်ဘေးလ်ဟာဘီယာရောင်းချမှုမှရရှိတဲ့အမြတ်ရာခိုင်နှုန်းအချို့ကို ဝေးလ် Grassroots Football တိုးတက်ရေးအတွက်အသုံးပြုသွားပါမယ်။

ZawGyi






