ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ပြီးလျှင် စာချုပ်သစ်ချုပ်ဆိုရေး အင်္ဂလန်နည်းပြဆွေးနွေးသွားမည်

ဂါရတ်ဆောက်ဂိတ်ကကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ပြီးလျှင်စာချုပ်သစ်ချုပ်ဆိုရေးအတွက်ဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်းအတည်ပြုသွားပါတယ်။

အသက်၅၁နှစ်ရှိအင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဟာ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးအက်ဖ်အေကသူ့ကိုစာချုပ်သက်တမ်းတိုးလိုနေပါတယ်။

အက်ဖ်အေဟာဆောက်ဂိတ်ကိုကလပ်နည်းပြလောကသို့ဝင်ရောက်သွားမှာစိုးရိမ်နေမှု၊ လက်ရွေးစင်အသင်းအတွက်ကာလရှည်နည်းပြခန့်အပ်ထားရန်ရွေးချယ်ခံခက်မှုကြောင့်ဆက်ထိန်းလိုနေပါတယ်။

ယခုအခါဆောက်ဂိတ်ကိုယ်တိုင်က “ကျွန်တော်ဟာမှန်ကန်တဲ့အကြောင်းပြချက်တွေအတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်ချချင်ပါတယ်။ဆွေးနွေးမှုကတော့တံခါးဖွင့်ထားပါတယ်။မတ်ဘူလင်ဂမ်(အက်ဖ်အေအမှုဆောင်ချုပ်)ကလည်းအများကြီးထောက်ပံ့ပါတယ်။ဒါပေမယ့်အခုအချိန်မှာအရေးအကြီးဆုံးကကမ္ဘာ့ဖလားသို့ပို့ဆောင်နိုင်ရေးပါ။လာမယ့်ရက်သတ္တပတ်အနည်းငယ်ဆိုရင်အရာရာတိုင်းကိုသိရပါပြီ”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ဆောက်ဂိတ်ကယနေ့ညဟန်ဂေရီနှင့်၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်အန်ဒိုရာနှင့်ပွဲစဉ်မှလူစာရင်းအားအပြောင်းအလဲများပြုလုပ်ကာပွဲထွက်လာမှာဖြစ်ကြောင်းအတည်ပြုသွားပါတယ်။

အင်္ဂလန်ဟာယနေ့ညဟန်ဂေရီနှင့်ပွဲစဉ်တွင်အနိုင်ရရှိပါကလည်းလာမယ့်လကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲတွင်ရမှတ်၁မှတ်ရရှိမှသာလျှင်ခြေစစ်ပွဲအောင်မြင်ဖို့ရှိနေပါတယ်။

ZawGyi

ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ၿပီးလွ်င္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရး အဂၤလန္နည္းျပေဆြးေႏြးသြားမည္

ဂါရတ္ေဆာက္ဂိတ္ကကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ၿပီးလွ်င္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္ေဆြးေႏြးမႈျပဳလုပ္သြားမည္ျဖစ္ေၾကာင္းအတည္ျပဳသြားပါတယ္။

အသက္၅၁ႏွစ္ရွိအဂၤလန္လက္ေ႐ြးစင္အသင္းနည္းျပဟာ၂၀၂၂ကာတာကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးအက္ဖ္ေအကသူ႔ကိုစာခ်ဳပ္သက္တမ္းတိုးလိုေနပါတယ္။

အက္ဖ္ေအဟာေဆာက္ဂိတ္ကိုကလပ္နည္းျပေလာကသို႔ဝင္ေရာက္သြားမွာစိုးရိမ္ေနမႈ၊ လက္ေ႐ြးစင္အသင္းအတြက္ကာလရွည္နည္းျပခန႔္အပ္ထားရန္ေ႐ြးခ်ယ္ခံခက္မႈေၾကာင့္ဆက္ထိန္းလိုေနပါတယ္။

ယခုအခါေဆာက္ဂိတ္ကိုယ္တိုင္က “ကြၽန္ေတာ္ဟာမွန္ကန္တဲ့အေၾကာင္းျပခ်က္ေတြအတြက္မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ခ်ခ်င္ပါတယ္။ေဆြးေႏြးမႈကေတာ့တံခါးဖြင့္ထားပါတယ္။မတ္ဘူလင္ဂမ္(အက္ဖ္ေအအမႈေဆာင္ခ်ဳပ္)ကလည္းအမ်ားႀကီးေထာက္ပံ့ပါတယ္။ဒါေပမယ့္အခုအခ်ိန္မွာအေရးအႀကီးဆုံးကကမာၻ႔ဖလားသို႔ပို႔ေဆာင္ႏိုင္ေရးပါ။လာမယ့္ရက္သတၱပတ္အနည္းငယ္ဆိုရင္အရာရာတိုင္းကိုသိရပါၿပီ”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ေဆာက္ဂိတ္ကယေန႔ညဟန္ေဂရီႏွင့္၂၀၂၂ကမာၻ႔ဖလားေျခစစ္ပြဲတြင္အန္ဒိုရာႏွင့္ပြဲစဥ္မွလူစာရင္းအားအေျပာင္းအလဲမ်ားျပဳလုပ္ကာပြဲထြက္လာမွာျဖစ္ေၾကာင္းအတည္ျပဳသြားပါတယ္။

အဂၤလန္ဟာယေန႔ညဟန္ေဂရီႏွင့္ပြဲစဥ္တြင္အႏိုင္ရရွိပါကလည္းလာမယ့္လကမာၻ႔ဖလားေျခစစ္ပြဲႏွစ္ပြဲတြင္ရမွတ္၁မွတ္ရရွိမွသာလွ်င္ေျခစစ္ပြဲေအာင္ျမင္ဖို႔ရွိေနပါတယ္။