
မန်ချက်စတာယူနိုက်တက်ဟာပီအက်စ်ဗွီစတားကိုဒီဂက်ပိုအားခေါ်ယူရေးအတွက်ကစားသမားရဲ့အေးဂျင့်များနှင့်ဆွေးနွေးမှုများပြုလုပ်နေပြီဖြစ်ကြောင်းသိရပါတယ်။
အသက်၂၃နှစ်ရှိဂက်ပိုဟာနယ်သာလန်ကိုကမ္ဘာ့ဖလား၁၆သင်းအဆင့်သို့တက်ရောက်အောင်အဓိကနေရာမှစွမ်းဆောင်ထားသူဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင်၃ဂိုးသွင်းယူကာမားကပ်စ်ရက်ဖို့ဒ်၊ကိုင်လီယန်ဘက်ပေး၊အန်နာဗလန်စီယာတို့နှင့်အတူပူးတွဲဂိုးသွင်းဘုရင်အဖြစ်ရပ်တည်နေပါတယ်။
ဂတ်ပိုဟာကမ္ဘာ့ဖလားတွင်နယ်သာလန်အတွက်သုံးပွဲကစားထားရာတွင်သုံးဂိုးသွင်းယူထားနိုင်သူလည်းဖြစ်ပါတယ်။
ယူနိုက်တက်ဟာပြီးခဲ့တဲ့နွေရာသီကတည်းကဂက်ပိုကိုခေါ်ယူရေးစိတ်ဝင်စားလာခဲ့တာဖြစ်ပြီးကစားသမားဘက်ကလည်းယူနိုက်တက်သို့ပြောင်းလိုကြောင်းပြသနေပါတယ်။
ယခုအခါယူနိုက်တက်ဟာဂက်ပိုကိုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ခေါ်ယူရေးအတွက်ဆွေးနွေးမှုများပြုလုပ်နေပြီဖြစ်ပါတယ်။
ဒါပေမဲ့ယူနိုက်တက်ဟာဂက်ပိုရဲ့ကလပ် ပီအက်စ်ဗွီနှင့်တော့မဆက်သွယ်ရသေးပါဘူး။ပီအက်စ်ဗွီဟာလည်းနယ်သာလန်စတားအတွက်အနည်းဆုံးပေါင်၄၃သန်းတောင်းဆိုလာမယ်လို့ယုံကြည်ရပါတယ်။
ယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုစာချုပ်ဖျက်သိမ်းပြီးလမ်းခွဲထားရာဇန်နဝါရီတွင်တိုက်စစ်ကိုအားဖြည့်မှုပြုလုပ်ရန်လိုအပ်နေပါတယ်။
ZawGyi
ကမာၻ႔ဖလားဂိုးသြင္းဘုရင္ကို ေခၚယူေရး ယူႏိုက္တက္ေဆြးေႏြးေနၿပီ။ နယ္သာလန္စတားအတြက္ ေပါင္ ၄၃ သန္းေတာင္းလာမည္
မန္ခ်က္စတာယူႏိုက္တက္ဟာပီအက္စ္ဗြီစတားကိုဒီဂက္ပိုအားေခၚယူေရးအတြက္ကစားသမားရဲ႕ေအးဂ်င့္မ်ားႏွင့္ေဆြးေႏြးမႈမ်ားျပဳလုပ္ေနၿပီျဖစ္ေၾကာင္းသိရပါတယ္။
အသက္၂၃ႏွစ္ရွိဂက္ပိုဟာနယ္သာလန္ကိုကမာၻ႔ဖလား၁၆သင္းအဆင့္သို႔တက္ေရာက္ေအာင္အဓိကေနရာမွစြမ္းေဆာင္ထားသူျဖစ္ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲတြင္၃ဂိုးသြင္းယူကာမားကပ္စ္ရက္ဖို႔ဒ္၊ကိုင္လီယန္ဘက္ေပး၊အန္နာဗလန္စီယာတို႔ႏွင့္အတူပူးတြဲဂိုးသြင္းဘုရင္အျဖစ္ရပ္တည္ေနပါတယ္။
ဂတ္ပိုဟာကမာၻ႔ဖလားတြင္နယ္သာလန္အတြက္သုံးပြဲကစားထားရာတြင္သုံးဂိုးသြင္းယူထားႏိုင္သူလည္းျဖစ္ပါတယ္။
ယူႏိုက္တက္ဟာၿပီးခဲ့တဲ့ေႏြရာသီကတည္းကဂက္ပိုကိုေခၚယူေရးစိတ္ဝင္စားလာခဲ့တာျဖစ္ၿပီးကစားသမားဘက္ကလည္းယူႏိုက္တက္သို႔ေျပာင္းလိုေၾကာင္းျပသေနပါတယ္။
ယခုအခါယူႏိုက္တက္ဟာဂက္ပိုကိုဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ေခၚယူေရးအတြက္ေဆြးေႏြးမႈမ်ားျပဳလုပ္ေနၿပီျဖစ္ပါတယ္။
ဒါေပမဲ့ယူႏိုက္တက္ဟာဂက္ပိုရဲ႕ကလပ္ ပီအက္စ္ဗြီႏွင့္ေတာ့မဆက္သြယ္ရေသးပါဘူး။ပီအက္စ္ဗြီဟာလည္းနယ္သာလန္စတားအတြက္အနည္းဆုံးေပါင္၄၃သန္းေတာင္းဆိုလာမယ္လို႔ယုံၾကည္ရပါတယ္။
ယူႏိုက္တက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုစာခ်ဳပ္ဖ်က္သိမ္းၿပီးလမ္းခြဲထားရာဇန္နဝါရီတြင္တိုက္စစ္ကိုအားျဖည့္မႈျပဳလုပ္ရန္လိုအပ္ေနပါတယ္။