
လီယွန်နယ်မက်ဆီဟာမနေ့ညတုန်းကမက္ကဆီကိုအားအာဂျင်တီးနားက၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ကိုယ်တိုင်ဂိုးသွင်းနိုင်ခဲ့တဲ့အပြင်ကစားဖော်ဖာနန်ဒက်ဇ်ဂိုးသွင်းနိုင်အောင်ဖန်တီးနိုင်ပြီးနောက်ကမ္ဘာ့ဖလားငါးကြိမ်ဆက်ဖန်တီးမှုပြုလုပ်နိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာပါတယ်။
လီယွန်နယ်မက်ဆီဟာလွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက GOAT ပြိုင်ဘက်ခရစ္စတီယာနိုရော်နယ်ဒိုကကမ္ဘာ့ဖလားငါးကြိမ်ဆက်ဂိုးသွင်းနိုင်တဲ့ကစားသမားအဖြစ်သမိုင်းမှတ်တမ်းရေးထိုးလာပြီးနောက် ကမ္ဘာ့ဖလားငါးကြိမ်ဆက်ဖန်တီးမှုပြုလုပ်နိုင်တဲ့ကစားသမားအဖြစ်မှတ်တမ်းရေးထိုးလာတာလည်းဖြစ်ပါတယ်။
မနေ့ညတုန်းကမက္ကဆီကိုနှင့်ပွဲတွင်ပွဲချိန်၆၄မိနစ်မှာမက်ဆီဟာဒီမာရီယာရဲ့ဖန်တီးမှုကနေ၂၅ကိုက်အကွာမှလှပတဲ့ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ယင်းနောက်မက်ဆီဟာပွဲချိန်၈၇မိနစ်တွင်ဖာနန်ဒက်ဇ်ဂိုးသွင်းနိုင်အောင်လည်းဖန်တီးပေးနိုင်ခဲ့ပါတယ်။
မက်ဆီဟာ၂၀၀၆ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဖန်တီးမှု၁ကြိမ်၊၂၀၁၀ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဖန်တီးမှု၁ကြိမ်၊၂၀၁၄ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဖန်တီးမှု၁ကြိမ်၊၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဖန်တီးမှု၂ကြိမ်နှင့်၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဖန်တီးမှု၁ကြိမ်ပြုလုပ်ထားနိုင်ပါတယ်။
အာဂျင်တီးနားဟာကမ္ဘာ့ဖလားအဖွင့်ပွဲတွင်ဆော်ဒီကို၂-၁ဂိုးဖြင့်မထင်မှတ်ဘဲရှုံးနိမ့်ပြီးနောက်မက္ကဆီကိုအားအနိုင်ရရှိခဲ့မှုနှင့်အတူနောက်တစ်ဆင့်သို့တက်ရောက်ရေးအတွက်မျှော်လင့်ချက်လင်းလက်လာခဲ့ပြီဖြစ်ပါတယ်။
အာဂျင်တီးနားဟာကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲအဖြစ်အုပ်စုကိုဦးဆောင်နေတဲ့ပိုလန်နှင့်ရင်ဆိုင်ကစားရပါမယ်။
ZawGyi
ကမာၻ႔ဖလားငါးႀကိမ္ဆက္ ဖန္တီးမႈျပဳလုပ္ႏိုင္တဲ့ ပထမဆုံးကစားသမားျဖစ္လာတဲ့ လီယြန္နယ္မက္ဆီ
လီယြန္နယ္မက္ဆီဟာမေန႔ညတုန္းကမကၠဆီကိုအားအာဂ်င္တီးနားက၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ကိုယ္တိုင္ဂိုးသြင္းႏိုင္ခဲ့တဲ့အျပင္ကစားေဖာ္ဖာနန္ဒက္ဇ္ဂိုးသြင္းႏိုင္ေအာင္ဖန္တီးႏိုင္ၿပီးေနာက္ကမာၻ႔ဖလားငါးႀကိမ္ဆက္ဖန္တီးမႈျပဳလုပ္ႏိုင္တဲ့ပထမဆုံးကစားသမားျဖစ္လာပါတယ္။
လီယြန္နယ္မက္ဆီဟာလြန္ခဲ့တဲ့ရက္အနည္းငယ္တုန္းက GOAT ၿပိဳင္ဘက္ခရစၥတီယာႏိုေရာ္နယ္ဒိုကကမာၻ႔ဖလားငါးႀကိမ္ဆက္ဂိုးသြင္းႏိုင္တဲ့ကစားသမားအျဖစ္သမိုင္းမွတ္တမ္းေရးထိုးလာၿပီးေနာက္ ကမာၻ႔ဖလားငါးႀကိမ္ဆက္ဖန္တီးမႈျပဳလုပ္ႏိုင္တဲ့ကစားသမားအျဖစ္မွတ္တမ္းေရးထိုးလာတာလည္းျဖစ္ပါတယ္။
မေန႔ညတုန္းကမကၠဆီကိုႏွင့္ပြဲတြင္ပြဲခ်ိန္၆၄မိနစ္မွာမက္ဆီဟာဒီမာရီယာရဲ႕ဖန္တီးမႈကေန၂၅ကိုက္အကြာမွလွပတဲ့ဦးေဆာင္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။
ယင္းေနာက္မက္ဆီဟာပြဲခ်ိန္၈၇မိနစ္တြင္ဖာနန္ဒက္ဇ္ဂိုးသြင္းႏိုင္ေအာင္လည္းဖန္တီးေပးႏိုင္ခဲ့ပါတယ္။
မက္ဆီဟာ၂၀၀၆ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ဖန္တီးမႈ၁ႀကိမ္၊၂၀၁၀ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဖန္တီးမႈ၁ႀကိမ္၊၂၀၁၄ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဖန္တီးမႈ၁ႀကိမ္၊၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဖန္တီးမႈ၂ႀကိမ္ႏွင့္၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဖန္တီးမႈ၁ႀကိမ္ျပဳလုပ္ထားႏိုင္ပါတယ္။
အာဂ်င္တီးနားဟာကမာၻ႔ဖလားအဖြင့္ပြဲတြင္ေဆာ္ဒီကို၂-၁ဂိုးျဖင့္မထင္မွတ္ဘဲရႈံးနိမ့္ၿပီးေနာက္မကၠဆီကိုအားအႏိုင္ရရွိခဲ့မႈႏွင့္အတူေနာက္တစ္ဆင့္သို႔တက္ေရာက္ေရးအတြက္ေမွ်ာ္လင့္ခ်က္လင္းလက္လာခဲ့ၿပီျဖစ္ပါတယ္။
အာဂ်င္တီးနားဟာကမာၻ႔ဖလားအုပ္စုေနာက္ဆုံးပြဲအျဖစ္အုပ္စုကိုဦးေဆာင္ေနတဲ့ပိုလန္ႏွင့္ရင္ဆိုင္ကစားရပါမယ္။